Home သတင်း ကရင်နိုင်ငံ‌ရေးပါတီများ ပြန်‌ပေါင်းရန် မူအရ သ‌ဘောတူညီမှုရရှိ

ကရင်နိုင်ငံ‌ရေးပါတီများ ပြန်‌ပေါင်းရန် မူအရ သ‌ဘောတူညီမှုရရှိ

1448
နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောညွှန် ့‌သောင်း

ကရင်နိုင်ငံ‌ရေးပါတီများ ပြန်‌ပေါင်းပြီး တစ်ခုတည်း‌သော ကရင်ပါတီအဖြစ် ရပ်တည်ရန် မူအရ သ‌ဘောတူညီမှု ရရှိထားသည်ဟု နိုဝင်ဘာ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ ‌ဒေါက်တာ စိုင်မွန်သာ‌နေအိမ်၌ ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC) စီစဉ်သည့် ကရင်ပါတီ များ‌တွေ့ဆုံပွဲတက်‌ရောက်ခဲ့သူ ကရင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ‌စောရဲဝင်းနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကရင်ပြည်သူ‌တွေရဲ့ဆန္ဒအရ ကရင့်နိုင်ငံ‌ရေးတစ်ပါတီပဲ ရှိ‌စေချင်တယ်၊ အရင်က ကျ‌နော်တို့ မ‌ဖော်‌ဆောင်နိုင်ခဲ့ဘူး။ ကရင်ပြည်သူ ဆန္ဒအရ၊ တစ်ပါတီချင်းအလိုက် ဆန္ဒအရပါ ပြန်လည်‌ပေါင်းစည်းခြင်း ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ နိုဝင်ဘာ ၂၃ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ ကရင်နိုင်ငံ‌ရေးပါတီများ‌တွေ့ဆုံပွဲသို ့ ရန်ကုန်မြို့ အ‌ခြေစိုက် ကရင်အမျိုးသားပါတီ(KNP)၊ ကရင် ပြည်သူ့ပါတီ(KPP)၊ ကရင်ပြည်နယ် အ‌ခြေစိုက် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီ နှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)နှင့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)တို့မှ တစ်ပါတီလျှင် ကိုယ်စားလှယ် ၅ ဦးစီ တက်‌ရောက်‌ဆွေး‌နွေးခဲ့ပြီး ပြန်‌ပေါင်းရန် မူအရ သ‌ဘောတူညီမှုရခဲ့သည်ဟု ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ ပါတီကိုယ်စားလှယ်များက ‌ပြောသည်။

ထိုသို့ ကရင်ပါတီများ ပြန်‌ပေါင်းနိုင်‌ရေးအတွက် တစ်ပါတီချင်း ဆိုင်ရာပါတီဝင်များကို ကနဦး ပြန်လည်ချပြ သွားမည်ဖြစ်ပြီး ရရှိလာသည့် တစ်ပါတီချင်းအလိုက် ဆန္ဒသ‌ဘောထားများကို စာတမ်းပြုစုကာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီတတိယ အပတ်တွင် ကရင်ပါတီများ ပြန်လည်‌တွေ့ဆုံသည့်အခါ တင်ပြရန် သ‌ဘောတူခဲ့ကြသည်။

ထိုမှတစ်ဆင့် အားလုံးသ‌ဘောတူနိုင်သည့် ပါတီ မူဝါဒလမ်းစဉ်၊ ပါတီ အမှတ်အသားတံဆိပ်ကို ပြန်လည် စု‌ပေါင်း‌ရေးဆွဲမည်ဖြစ်ကာ ‌နောက်ဆုံးအ‌နေဖြင့် မိမိပါတီအလိုက် ဖျက်သိမ်းပြီး တစ်ခုတည်း‌သော ကရင့် နိုင်ငံ‌ရေးပါတီကို ပြန်လည်တည်‌ဆောက်မည်ဟု KSDDP ဥက္ကဌ ‌စောသာထူး‌ကျော်က ‌ပြောသည်။

ကရင်ပါတီများ ပြန်‌ပေါင်းရန် ဖလုံး-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီအ‌နေဖြင့် မူဝါဒ ရှိထားပြီးဖြစ်ကာ မိမိတို့ ပါတီ ဗဟို‌ကော်မတီ အဖွဲ့ဝင်များနှင့်ပါတီဝင်များအား ၎င်းတို့၏ ဆန္ဒသ‌ဘောရရှိရန်အတွက် ပြန်လည်‌ဆွေး‌နွေးချပြ ရဦးမည်ဟု ပါတီဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက ဆိုသည်။

“ကျ‌နော်တို့ပါတီက‌တော့ ပါတီဝင်‌တွေရဲ့သ‌ဘောထား‌တွေ ပြန်ရယူဖို့ လို‌သေးတယ်။ ရရှိလာတဲ့ပါ တီဝင်များ သ‌ဘောထား‌တွေကို ပြန်လည်တင်ပြမယ်။ PSDP ဒုတိယဥက္ကဌ တစ်ဦးရဲ့ သ‌ဘောအရ ပြန်လည်‌ပေါင်းစည်းဖို့ သ‌ဘောတူပါတယ်”ဟု ၎င်းက ‌ပြောသည်။

ကရင်နိုင်ငံ‌ရေးပါတီများ ၂၀၁၅ ‌ရွေး‌ကောက်ပွဲအပြီး ပြန်‌ပေါင်းရန် ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်‌နေ့တွင် ကရင်ပြည်နယ်၊ ဖားအံမြို့၊ ခွယ်က‌ပေါင်း ခန်းမ၌ ကရင်နိုင်ငံ‌ရေးပါတီများဖြစ်သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ် ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ ့ဖြိုးတိုးတတ်‌ရေးပါတီ တို့မှ တစ်ပါတီလျှင် ကိုယ်စားလှယ် ၇ ဦးစီ တတ်‌ရောက်သည့် ကရင်ပါတီများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ဆုံးဖြတ်ထားခြင်းဖြစ်သည်။