Home သတင်း ကရင်ပြည်နယ်လျှပ်စစ်ဝန်ကြီး ဂျာမနီနိုင်ငံသို့ သဘာဝစွမ်းအင်အ‌ကြောင်း သွား‌ရောက်‌လေ့လာ

ကရင်ပြည်နယ်လျှပ်စစ်ဝန်ကြီး ဂျာမနီနိုင်ငံသို့ သဘာဝစွမ်းအင်အ‌ကြောင်း သွား‌ရောက်‌လေ့လာ

1815

နိုဝင်ဘာ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်အရ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိ‌စေ‌ရေးနှင့် လိုအပ်‌နေသည့် စွမ်းအင်များကို လုံ‌လောက်စွာ သုံးစွဲနိုင်‌ရေးအတွက် ကရင်ပြည်နယ်၊ စွမ်းအင်နှင့်လျှပ်စစ် စက်မှုလက်မှုဝန်ကြီး ‌စောကြည်လင်းနှင့် မြန်မာအစိုးရ အဖွဲ့ဝင်များသည် နိုဝင်ဘာ (၃၀)ရက်မှ ဒီဇင်ဘာ(၁၀)ရက်‌နေ့အထိ ဂျာမနီနိုင်ငံသို့ ‌လေ့လာ‌ရေးခရီး ယ‌နေ့ စတင်ထွက်ခွာပြီးဖြစ် သည်။

ပြည်နယ် စွမ်းအင်နှင့်လျှပ်စစ် စက်မှုလက်မှုဝန်ကြီး ‌စောကြည်လင်း “လျှပ်စစ်အားရဖို့ အများအားဖြင့် ‌ရေကာတာတည်‌ဆောက် လျှပ်စစ်စွမ်းအင်‌တွေကို ထုတ်ယူကြပါတဲ့နည်း‌တွေက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု‌တွေရှိပါတယ်။ ဂျာမနီနိုင်ငံက ကမ္ဘာ‌ပေါ် မှာ သန့်ရှင်းတဲ့ စွမ်းအင်‌တွေကို အများဆုံး အသုံးပြု‌နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ‌လေစွမ်းအင်၊ ‌နေစွမ်းအင်‌တွေနဲ့ လျှပ်စစ်ကို ထုတ်ယူသုံးစွဲတယ်။ အဲဒါ‌တွေကို ကျ‌နော်တို့က သွား‌ရောက်‌လေ့လာမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့‌နောက် မြန်မာနိုင်ငံနှင့် ကိုက်ညီကာ သဘာဝပတ်ဝန်းကျင် မထိခိုက်‌စေနိုင်သည့် နည်းလမ်းများကို ‌ရွေးချယ်၍ လျှပ်စစ်စွမ်း အားများကို ထုတ်ယူသွားမည်ဖြစ်‌ကြောင်း ၎င်းက ဖြည့်စွက် ‌ပြောဆိုသည်။

မြန်မာအစိုးရအ‌နေဖြင့် လျှပ်စစ်စွမ်းအင်များကို မည်သို့ ထုတ်ယူသုံးစွဲ‌နေ‌ကြောင်း ယခုကဲ့သို့‌သော ဂျာမနီနိုင်ငံ ‌လေ့လာ‌ရေးခရီး စဉ်မှ နည်းပညာများ သိရှိလာမည်ဖြစ်သည့်အပြင် ယင်းသို့ ‌လေ့လာ‌တွေ့ရှိချက်များကိုလည်း ပြည်သူလူထု သိရှိရန် ပြန်လည် ရှင်းပြကာ ပညာ‌ပေးသင့်သည်ဟု ကရင်မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့(Karen Rivers’ Watch-KRW) မှ ‌စောသာဘိုးက ‌ပြော သည်။

၎င်းက “အစိုးရက သန့်ရှင်းတဲ့ စွမ်းအင်လျှပ်စစ် ထုတ်ယူ‌နေကြတဲ့ နည်းပညာရပ်များ သွား‌ရောက်‌လေ့လာတာ ‌ကောင်းတယ်။ ဒီထက်မက လျှပ်စစ်ထုတ်ယူဖို့ လုပ်‌ဆောင်မှု‌တွေကိုလည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြည်သူများကို ချပြ၊ ရှင်းပြနိုင်ရင် ပိုပြီး ‌ကောင်းလိမ့်မယ်”ဟု ‌ပြောသည်။

မြန်မာနိုင်ငံရှိ သံလွင်မြစ်‌ပေါ်တွင် တည်‌ဆောက်မည့် ‌ရေကာတာများမှာ မဂ္ဂဝပ်(၁၄၀၀)ရှိ ကွမ်းလုံစီမံကိန်း၊ မဂ္ဂဝပ် (၁၂၀၀)ရှိ ‌နောင်ဖ စီမံကိန်း၊ မဂ္ဂဝပ် (၇၀၀၀)ရှိ မိုင်းတုံ စီမံကိန်း၊ မဂ္ဂဝပ် (၄၀၀၀)ရှိ ရွာသစ် ‌ရေကာတာနှင့် မဂ္ဂဝပ် (၁၄၀၀)ရှိ ဟတ်ကြီး ‌ရေကာတာစီမံကိန်း (၅)ခု တည်‌ဆောက်ရန်ရှိ‌ကြောင်း ကရင်မြစ်‌ချောင်းများ‌စောင့်ကြည့်‌ရေးအဖွဲ့(KRW)၏ သု‌တေသနမှတ်တမ်း များအရ သိရသည်။

သို့‌သော် အဆိုပါသံလွင်မြစ်‌ပေါ်တွင် ကရင်ပြည်နယ်အတွင်းရှိ ဟတ်ကြီး‌ရေကာတာ စီမံကိန်းအား ဆက်လက် လုပ်‌ဆောင်ရန် အလားအလာ ‌လျော့နည်း‌နေပြီးဟု ဝန်ကြီး‌စောကြည်လင်းက ‌ပြောသည်။