Home ထိပ်တန်းသတင်း ကရင်လူထု ယုံကြည်မှုရ‌အောင် ပြန်လုပ်မည်ဟု ရန်ကုန်အ‌ခြေစိုက် ကရင်ပါတီများ‌ပြောဆို

ကရင်လူထု ယုံကြည်မှုရ‌အောင် ပြန်လုပ်မည်ဟု ရန်ကုန်အ‌ခြေစိုက် ကရင်ပါတီများ‌ပြောဆို

1788
နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ပြီးခဲ့သည့် နိုဝင်ဘာ ၈ရက်‌နေ ့‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများ ရှုံးသွားသည့်အ‌ပေါ် ပြန်လည် ဆန်းစစ်ကာ ကရင်အမျိုးသား များ ယုံကြည်မှုရ‌အောင် ပြန်လည် လုပ်‌ဆောင်သွားမည်ဟု ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP) နှင့် ကရင်အမျိုး သားပါတီ (KNP) ထိပ်ပိုင်း‌ခေါင်း‌ဆောင်များက ‌ကေအိုင်စီသို့ ယမန်‌နေ့က အသီးသီး ‌ပြောဆိုလိုက်သည်။

KPP ဥက္ကဌ ‌စောထွန်း‌အောင်မြင့်က “အနီလှိုင်း‌ကြောင့်လို့ လွယ်လွယ်နဲ ့လွှဲချလို ့မရပါဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ တခြားတိုင်း ရင်းသားပါတီ‌တွေနိုင်တာ ရှိပါတယ်။ သင်ခန်းစာယူစရာ ဘာဖြစ်မလဲဆိုတာ စဉ်းစားစရာဖြစ်တယ်။ မိမိပါတီကို အလုပ်ဖြစ်တဲ့ပုံစံ အသစ်ပြန်တည်‌ဆောက်ဖို့ လိုတယ်။ ပါတီဗဟိုပြု ပုံစံက‌နေပြီးတာ့ လူထုဗဟိုပြုပုံစံကို ‌ပြောင်းရမယ်။ လူထုကို ကိုယ်စားပြုနိုင်တဲ့ လူထုကြားမှာရှိတဲ့ ပါတီဖြစ်ဖို့ လူထုရဲ့ဘဝကို နားလည်ပြီး အတူရပ်တည်နိုင်ဖို့ လိုပါတယ်။ ကရင်လူထုအတွက် ကရင်ပါတီ‌တွေ ဖြစ်‌စေရမယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ‌ရွေး‌ကောက်ပွဲတွင် KPP နှင့် KNP ပါတီတို ့ အဓိကထား ဝင်ပြိုင်ခဲ့သည့် ကရင်တိုင်းရင်းသား‌ရေးရာ ၅‌နေရာစလုံးကို အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ် (NLD)က အနိုင်ရရှိသွားသည့်အ‌ပေါ်မ‌ပြောလို‌သော်လည်း ကရင်ပါတီများ ကြံ့ခိုင်‌ရေးပါတီထက် မဲရရှိမှုနည်းပါး‌နေသည်မှာ ‌ကောင်းမွန်သည့် ကိစ္စမဟုတ်သလို ကရင်ပြည်သူများအ‌နေဖြင့် ကရင်အမျိုးသားနိုင်ငံ‌ရေးကို မသိရှိပါ က ဆုံးဖြတ်ချက် လွဲမှားသွားနိုင်သည်ကို သတိပြုရန်လို‌ကြောင်း ရန်ကုန်တိုင်း၊ ကရင်တိုင်းရင်းသား‌ရေးရာ၌ ဝင်‌ရောက်ယှဉ်ပြိုင် ခဲ့သူ ကရင်ပြည်သူ့ပါတီမှ ‌စော‌စေးဝါးက ၎င်း၏အမြင်ကို ‌ပြောသည်။

KNP အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက “ကျ‌နော်တို ့ကရင်ပါတီ‌တွေကို ကရင်လူထု‌တွေ ယုံကြည်မှုရ‌အောင် လုပ်ဖို့ လို‌နေပြီး။ အခု ပြည်သူ‌တွေအပြစ်‌တော့ မဟုတ်ဘူး။ ကရင်ပါတီ‌တွေ ကရင်အမျိုးသားနိုင်ငံ‌ရေးစနစ်ကို ကျကျနန မရှင်းပြနိုင် တဲ့အခါကျ‌တော့ ကရင်လူထု အားကိုးယုံကြည်မှု ‌တော်‌တော် ‌လျော့နည်းတဲ့သ‌ဘော‌ပေါ့‌နော်။ အမျိုးသား‌ရေးနိုင်ငံ‌ရေးအမြင် ဖွင့်‌ပေးဖို့ ကရင်ပါတီ လိုအပ်‌နေတယ်လို ့မြင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် ကရင်‌ရေးရာ‌နေရာများကို ကရင်ပါတီများသာရသင့်သည်ဟု ရန်ကုန်ကရင်နိုင်ငံ‌ရေး အသိုင်းအဝိုင်းက ‌ပြောဆို‌နေ ကြသလို ကရင်ပါတီများအ‌နေဖြင့် ကရင်‌ရေးရာမဲသည် ကရင်တိုင်းရင်းသားများအတွက် မည်သို့အ‌ရေးပါသည် မည်သို့ ‌ရွေးချယ် ‌ပေးသင့်သည်ကို လိုက်လံရှင်းလင်း‌ပြောဆိုမှုအားနည်းကာ ယုံကြည်မှုလွန်ကဲ‌နေခြင်းကလည်း ရှုံးနိမ့်ရန် အ‌ကြောင်းရင်းတစ် ချက်ဖြစ်‌ကြောင်း ကရင်ပါတီများနှင့် နီးစပ်သည့် အမည်မ‌ဖော်လိုသူ ကရင်အမျိုးသားတဦးက ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီအ‌နေဖြင့် ရန်ကုန်နှင့် ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာ ‌နေရာများ၌ မဲအနိုင်ရရှိခဲ့‌သော်လည်း ယခု‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများအားလုံး ကရင့်တိုင်းရင်းသား‌ရေးရာအတွက် မည် သည့်မဲဆန္ဒနယ်များတွင်မှ အနိုင်မရရှိခဲ့‌ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။