Home သတင်း ကရင်ပါတီများ ပူး‌ပေါင်းနိုင်‌ရေး KUPC က ‌တွေ့ဆုံ‌ပေးရန် စီစဉ်

ကရင်ပါတီများ ပူး‌ပေါင်းနိုင်‌ရေး KUPC က ‌တွေ့ဆုံ‌ပေးရန် စီစဉ်

1837
နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

၂၀၁၅ ‌ရွေး‌ကောက်ပွဲ ပြီးဆုံးသွားပြီး‌နောက် ကရင်နိုင်ငံ‌ရေးပါတီများ ‌တွေ့ဆုံ‌ဆွေး‌နွေးကာ တစ်ခုတည်း‌သော ကရင်နိုင်ငံ‌ရေး တစ်ပါတီတည်း ဖြစ်‌ပေါ်လာ‌ရေးအတွက် ကရင်စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးအဖွဲ့(KUPC)က စီစဉ်သွားမည်ဖြစ်‌ကြောင်း ကရင်နိုင်ငံ‌ရေးသမားများက ‌ပြောသည်။

ထို‌တွေ့ဆုံမှုကို လုပ်‌ဆောင်နိုင်ရန်အတွက် လာမည့် နိုဝင်ဘာ (၂၂)ရက်‌နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်၍ မြန်မာနိုင်ငံအ တွင်းရှိ ကရင်နိုင်ငံ‌ရေးပါတီများမှ တစ်ပါတီလျှင် ၅ဦး ပါဝင်တက်‌ရောက်ကြမည်ဟု ကရင်ဒီမိုကရက်တစ်ပါတီ(KDP) ဥက္ကဋ္ဌ ‌စောရဲဝင်းနိုင်က ယခုလို ‌ပြောသည်။

“၂၀၁၅ ‌ရွေး‌ကောက်ပွဲအပြီးမှာ ပထမဆုံးအကြိမ်အ‌နေနဲ့ ကရင်ပါတီ‌တွေ စု‌ပေါင်း‌တွေ့ဆုံနိုင်ဖို့နဲ့ ‌နောက် ကရင်ပါတီကြီးတစ်ခု တည်းအ‌နေနဲ့ ဖြစ်‌ပေါ်လာဖို့အတွက် ဖြစ်ပါတယ်လို့ပဲ အခု‌လော‌လောဆယ်မှာ သိရတယ်။ ကျ‌နော်တို့ပါတီက‌တော့ ပူး‌ပေါင်းတဲ့မူကိုပဲ ၂၀၁၅ မတိုင်ခင်တုန်းက သ‌ဘောထားရှိခဲ့ပါတယ်”ဟု ‌ပြောသည်။

ယင်းသို့‌တွေ့ဆုံ‌ဆွေး‌နွေးရသည့် အဓိကရည်ရွယ်ချက်မှာ ၂၀၁၅ ‌ရွေး‌ကောက်ပွဲလွန်ကာလတွင် ကုန်လွန်ခဲ့သည့် အချိန်များက ကရင်အမျိုးသားများ၏ နိုင်ငံ‌ရေးလှုပ်ရှားမှု အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ကြမည်ဖြစ်သလို ထိုမှတဆင့် လိုအပ်ပါက ကရင်နိုင်ငံ‌ရေးပါတီများ စု‌ပေါင်းပြီး ကရင်နိုင်ငံ‌ရေးပါတီကြီးတစ်ခုအဖြစ် ပြန်လည်ရပ်တည်ရန်အတွက်လည်း ပါဝင် မည်ဟု KUPC အဖွဲ့ဝင်လည်းဖြစ်၊ ဖလုံ-စ‌ဝေါ်ဒီမိုရက်တစ်ပါတီ (PSDP) ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ မန်း‌အောင်ပြည်စိုးက ‌ပြော သည်။

၎င်းက “‌တွေ့ဆုံ‌ဆွေး‌နွေးမယ့် အဓိက အ‌ကြောင်းက‌တော့ လွန်ခဲ့တဲ့ ၂၀၁ဝမှ ၂၀၁၅အထိ ကရင်အမျိုးသားတို့ရဲ့ နိုင်ငံ‌ရေးအ‌ခြေ အ‌နေနဲ့ အမျိုးသားအ‌ရေး လုပ်‌ဆောင်ချက်‌တွေကို ပြန်သုံးသပ်ကြမယ်။ ကရင်နိုင်ငံ‌ရေးပါတီ‌တွေလည်း စု‌ပေါင်း‌တွေ့ဆုံပြီး ရရှိ လာတဲ့အချက်‌တွေကို ‌ရှေ့လုပ်ငန်းစဉ်‌တွေမှာ ဆက်ပြီး လုပ်‌ဆောင်သွားဖို့အတွက်ဖြစ်တယ်”ဟု ဆိုသည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီအ‌နေဖြင့် ၂၀၁၅ ခုနှစ်အလွန်တွင် အခြား‌သော ကရင်နိုင်ငံ‌ရေးပါတီများနှင့် ပူး‌ပေါင်း‌ရေး မူဝါဒရှိ ထားပြီးဖြစ်၍ ယခုလို တစ်ခုတည်း‌သော ကရင်နိုင်ငံ‌ရေးတစ်ပါတီ ဖြစ်‌ပေါ်လာ‌ရေးအတွက် ပူး‌ပေါင်းပါဝင်မည်ဟု မန်း‌အောင်ပြည် စိုးက ထပ်‌လောင်း ‌ပြောဆိုသည်။

အလားတူ ကရင်အမျိုးသားပါတီ၏ မူဝါဒများထဲတွင်လည်း ကရင်နိုင်ငံ‌ရေးပါတီ တစ်ခုတည်း ဖြစ်‌ပေါ်လာ‌စေ‌ရေးဟူ‌သော အချက်တစ်ချက် ပါဝင်‌ကြောင်း သိရသည်။

နိုဝင်ဘာ ၈ရက်‌နေ့က ကျင်းပပြီးစီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြ‌သော မြန်မာနိုင်ငံရှိ ကရင်နိုင်ငံ‌ရေး ပါတီများမှာ ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)၊ ဧရာဝတီတိုင်း‌ဒေသကြီး အ‌ခြေစိုက်သည့် ကရင်အမျိုးသားပါတီ (KNP)၊ ကရင်ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ်ဒီမို က‌ရေစီနှင့်ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP) တို့ဖြစ်ကြပြီး အဆိုပါ ပါတီများအားလုံး ‌ရွေး‌ကောက်ပွဲ၌ ဝင်‌ရောက်အ‌ရွေးခံရာတွင် အားလုံး ရှုံးနိမ့်ခဲ့ကြသည်။