Home သတင်း မဲရုံတွင် တိုးကြိတ်‌နေရမှု‌ကြောင့် မဲ‌ပေးခွင့် ဆုံးရှုံးနိုင်

မဲရုံတွင် တိုးကြိတ်‌နေရမှု‌ကြောင့် မဲ‌ပေးခွင့် ဆုံးရှုံးနိုင်

1649

နိုဝင်ဘာ ၈ရက်၊ ၂၀၁၅ခုနှစ်။ မနက် ၁ဝနာရီ (‌စောမြဦးသာ)

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်‌ကျေးရွာ၌ မဲရုံတစ်ခုတည်းတွင် ရပ်ကွက်‌ပေါင်းများစွာမှ မဲဆန္ဒရှင်များ လာ‌ရောက်မဲ‌ပေးရသည့် အတွက် တိုးကြိတ်‌နေရသည့်သူများနှင့် သက်ကြီးရွယ်အို မဲဆန္ဒရှင်များမှာ ‌နေအိမ်ပြန်သွားကြသည်ဟု သိရသည်။

မဲထည့်ပြီးသူ ခလယ်ရွာသား ‌စောကိုးတုက “မဲထည့်တာ ‌တော်‌တော် ကြပ်တည်းတယ်။ တိုး‌နေရတာ‌ပေါ့။ ရပ်ကွက်က ‌လေး ငါးရပ်ကွက် ရှိတယ်ဆို‌တော့ ရပ်ကွက်အလိုက်‌နေရာမခွဲထားဘဲ တစ်စုတည်းဆို‌တော့ ‌တော်‌တော်တိုးရတာ‌ပေါ့။ တချို့ကျ‌တော့ လည်း မနက်ပိုင်းလာပြီး‌တော့ ‌စောင့်မနိုင်ဘဲ ပြန်သွားတဲ့သူလည်း ရှိတယ်။ ည‌နေပိုင်း လာချင်မှလာမယ်။ ဘယ်အချိန်ပြီးမလဲ မသိဘူး။”ဟု ဆိုသည်။

၎င်းအပြင် မဲပြား‌ပေါ်၌ မိမိမဲထည့်လိုသည့် အကွက်တွင် စည်းတံဆိပ်ထုရန် လူအမည် မပါ၍ ‌ရွေးချယ်မဲထည့်မတတ်သူများ လည်း ရှိ‌ကြောင်း သူက ဆက်‌ပြောသည်။

ရန်ကုန်မြို့သို့ အလုပ်သွားလုပ်ရာမှ ဇာတိ ခလယ်ရွာတွင် မဲပြန်လာ‌ပေးသူ ‌စောလာယှူ့‌ဖေါင်က “ရွာကသူငယ်ချင်းက မဲစာရင်း ကြည့်‌ပေးထားတယ်။ ပါ‌တော့ ပြန်လာမဲထည့်တယ်။ ဒီမှာ‌နေပူ‌တော့ တချို့‌တွေက အဖွားကြီး‌တွေ‌လေ မ‌စောင့်နိုင်‌တော့ ပြန်သွား တယ်။ လာချင်မှလည်းလာ‌တော့မယ်‌လေ။ ‌နောက်ပြီး က‌လေးမိခင်ကလည်း ရှိ‌သေးတယ်။ ကျ‌နော့်အထင်‌တော့ မဲ‌ပေးတာ‌တွေ အများကြီး ဆုံးရှုံးသွားမှာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။