Home သတင်း ကရင်တိုင်းရင်းသားဖြစ်ပြီး ‌ရေးရာမဲ‌ပေးခွင့်မရသူများရှိ

ကရင်တိုင်းရင်းသားဖြစ်ပြီး ‌ရေးရာမဲ‌ပေးခွင့်မရသူများရှိ

1861

နိုဝင်ဘာ ၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ယ‌နေ့ ပြုလုပ်‌နေသည့် ၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ မဲရုံတွင် ကရင်တိုင်းရင်းသား‌ရေးရာအတွက် မဲပုံးမရှိသဖြင့် ကရင်မဲဆန္ဒ ရှင်တချို့ ကရင့်‌ရေးရာမဲ‌ပေးခွင့်မရ ဖြစ်‌နေသည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး၊ ‌မြောက်ဥက္ကလာပမြို့နယ်၊ နွယ်နီ (၁၂)လမ်းတွင် ‌နေထိုင်သူ ‌စောလားက‌ပေါ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု ကရင်တိုင်းရင်းသားမဲကို ‌ပေးခွင့်မရဘူး။ ကျ‌နော်တို့မဲရုံမှာ ကရင်တိုင်းရင်းသား‌ရေးရာမဲပုံးကို မထားတာ။ မဲစာရင်းလည်း မရှိဘူးလို့ ‌ပြောတယ်။ ပြီးခဲ့တဲ့ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတုန်းက အတီးတို့ ကရင်‌ရေးရာ မဲ‌ပေးခဲ့ရ‌သေးတယ်။ အခု မရဘူးဆို‌တော့ ဘယ်လို‌ပြောရမှန်းမသိ‌တော့ဘူး”ဟု ‌စောလားက‌ပေါ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်း‌ဒေသကြီး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးကိုကိုထံ ဆက်သွယ်‌မေးမြန်း‌သော် လည်း စုံစမ်း‌ပေးမည်ဟုသာ ပြန်လည်‌ပြောကြားခဲ့သလို ‌ရေးရာမဲ‌ပေးခွင့်ရမရကို တိကျ‌သေချာသည့် အ‌ဖြေမရရှိခဲ့ဟု သိရသည်။

အလားတူ ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်၌လည်း ကရင်တိုင်းရင်းသား‌ရေးရာ မဲစာရင်းတွင် မပါဝင်သည့်အတွက် မဲ‌ပေးခွင့်မရသည့် ကရင်တိုင်းရင်းသားများရှိ‌နေ‌ကြောင်း ပန်းတ‌နော်ကရင်လူငယ်ကွန်ရက်မှ စရဲသူရိန်က အတည်ပြု‌ပြောသည်။
IMG_4379 Mawbi
ကရင်ပြည်သူ့ပါတီမှ ‌မှော်ဘီမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ‌စော‌မောင်တုတ်က “မနက်က မဲသွား‌ပေး‌တော့ ‌ရေးရာမဲစာရင်းမှာ မပါဘူးလို့ ‌ပြောတယ်။ အဲ့ဒါနဲ့ တခြားမဲ‌တွေ‌ပေးပြီး မဲရုံ‌တွေလိုက်ကြည့်တယ်။ ‌နောက်‌တော့ မဲရုံက ဖုန်းပြန် ဆက်လာပါတယ်။ စာရင်းမှားသွားလို့တဲ့။ အခု ‌ရေးရာမဲစာရင်းမပါတာ‌တွေ အများကြီး‌တွေ့ထားတယ်”ဟု ‌ပြောသည်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ပထမအကြိမ်၊ ဒုတိယအကြိမ် အ‌ခြေခံမဲစာရင်းများ ထုတ်ပြန်ခဲ့ရာ တိုင်းရင်း‌ရေးရာ မဲစာရင်းကို သီးခြားထုတ်ပြန်ခြင်းမရှိခဲ့‌သော်လည်း ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယအပတ်တွင် ထုတ်ပြန်သည့် တတိယအကြိမ် အ‌ခြေခံမဲစာရင်းတွင် တိုင်းရင်းသား‌ရေးရာမဲစာရင်း ထုတ်ပြန်‌ပေးခဲ့သည်။

ထိုသို့ ထုတ်ပြန်‌ပေးရာတွင် အချို့‌နေရာများတွင် တစ်ရွာလုံး ‌ရေးရာမဲစာရင်းတွင် မပါဝင်သည်များရှိသလို အချို့‌နေရာများတွင် လက်‌ရေးဖြင့်သာ ထုတ်ပြန်‌ပေးခြင်း၊ အချို့‌နေရာများတွင် တိုင်းရင်းသား‌ရေးရာမဲစာရင်းကို ထုတ်ပြန်‌ပေးခြင်းမရှိခဲ့‌ကြောင်း ကရင် ပြည်သူ့ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စော‌စေားဝါးက စက်တင်ဘာလအတွင်းက ‌ကေအိုင်စီသို့ ‌ပြောခဲ့သည်။