Home သတင်း NCA လက်မှတ်ထိုးပွဲ ‌အောက်တိုဘာအတွင်း အခမ်းအနားဖြင့်ပြုလုပ်မည်ဟု ‌ကေအဲန်ယူ‌ပြော

NCA လက်မှတ်ထိုးပွဲ ‌အောက်တိုဘာအတွင်း အခမ်းအနားဖြင့်ပြုလုပ်မည်ဟု ‌ကေအဲန်ယူ‌ပြော

1484

‌အောက်တိုဘာ ၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ (၇)ဖွဲ့နှင့် အစိုးရတို့ကြား ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA)ကို ယခု ‌အောက်တိုဘာလအတွင်း အခမ်းအနားဖြင့် လက်မှတ်‌ရေးထိုးမည်ဟု ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြော သည်။

ပဒို‌စောကွယ်ထူးဝင်းက “ကျ‌နော်တို့က သ‌ဘောတူ၊ ဆုံးဖြတ်ချက်ချသလိုပဲ တစ်ခြားလက်မှတ်‌ရေးထိုးမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အဖွဲ့အစည်းနဲ့ အတူတကွ အစိုးရနဲ့ ညှိနှိုင်းပြီး‌တော့ လာမယ့် ရက်အနည်းငယ်အတွင်းမှာ လက်မှတ်‌ရေး ထိုးမယ့်ရက်ကို သတ်မှတ်မယ်။ ဒီလ အ‌တောအတွင်းမှာပဲ မူလက သ‌ဘောထားရှိတာ‌ပေါ့။ ဒါ‌ပေမယ့် ရက်သတ် မှတ်မှု‌တော့ မရှိဘူး‌ပေါ့။ အခမ်းအနား‌တွေနဲ့လုပ်မယ်။ နိုင်ငံတကာ အသိသက်‌သေ‌တွေနဲ့ ‌ခေါ်မယ်။”ဟု ‌ပြောသည်။

ယခု လက်မှတ်‌ရေးထိုးမှုတွင် မပါဝင်‌သေးသည့် ကျန်တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ(EAO)ကို လည်း လက်မှတ်‌ရေးထိုးမှုတွင် ပါဝင်လာနိုင်‌ရေးအတွက် ၎င်းတို့အ‌နေဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဟု ပဒို‌စော ကွယ်ထူးဝင်းက ဖြည့်စွက်‌ပြောဆိုသည်။

‌ကေအဲန်ယူ အပါအဝင် ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော်(DKBA)၊ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ ချင်းအ မျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF) တို့သည် စက်တင်ဘာလ ၂၈ရက်မှ ၃ဝရက်‌နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် EAOs ထိပ်သီးအစည်းအ‌ဝေးတွင် (NCA)ကို လက်မှတ်‌ရေးထိုးရန် သ‌ဘောတူညီခဲ့ကြပြီး ကျန်တိုင်းရင်းသားလက် နက်အဖွဲ့ ၁ဝဖွဲ့မှာ အားလုံးပါဝင်မှ လက်မှတ်‌ရေးထိုးမည်ဟု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်(NCA)ကို လက်မှတ်‌ရေးထိုးရန် အစိုးရနှင့် ညှိနှိုင်း‌ဆွေး‌နွေး‌ရေးအတွက် ယခုနှစ် ဇူလိုင်လ ၉ရက်‌နေ့က ‌လော်ဟီးလာစခန်း၌ ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားအဆင့်မြင့် ညှိနှိုင်း‌ရေးကိုယ် စားလှယ်အဖွဲ့ (EAOs SD)ကိုလည်း ၎င်းအစည်းအ‌ဝေးတွင် ဖျက်သိမ်းခဲ့ကြသည်။
29-9-2015 CM-1
နိုင်ငံ‌ရေးမူ‌ဘောင်‌ရေးဆွဲ‌ရေး (Political Framework)၊ နှစ်ဘက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်း ကမ်း(Code of Conduct)၊ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ ဖွဲ့စည်း‌ရေးနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပ‌ရေးတို့ကို တစ်နို်င်လုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)က ဆက်လက် တာဝန်ယူသွားမည်ဟု သိရသည်။

ယင်းကိစ္စအ‌ပေါ် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ၏ မြဝတီမြို့နယ်၊ ပြည်နယ်လွှတ်‌တော်ကိုယ် စားလှယ်‌လောင်း ဦးစိုး‌နောင်က “ကရင်လူမျိုးအတွက်‌ကော၊ ကရင်ပြည်နယ်အတွင်းမှာ ‌နေထိုင်ကြတဲ့ တိုင်းရင်းသား အတွက်‌ကော မရှိမဖြစ် နံပါတ်တစ်၊ နှစ်၊ သုံး လိုအပ်ချက်က ငြိမ်းချမ်း‌ရေးပါပဲ။ ‌ကေအဲန်ယူက ဥက္ကဋ္ဌက ငြိမ်းချမ်း‌ရေး ကို မဖြစ်ဖြစ်‌အောင် လက်မှတ်ထိုး‌တော့မယ်ဆိုတဲ့ စကား‌လေးတစ်ခွန်း ကြားလိုက်ရကတည်းက ကျ‌နော်တို့ တအား ဝမ်းလည်းဝမ်းသာတယ်။ ‌မေတ္တာလည်းပို့ပါတယ်”ဟု ဆိုသည်။

ထို့အပြင် ‌ကေအဲန်ယူ အလုပ်အမှု‌ဆောင်‌ကော်မတီဝင်များအတွင်း NCA လက်မှတ်‌ရေးထိုး‌ရေးကိစ္စနှင့် ပတ်သက်၍ ‌ရှေ့ဆက်လုပ်‌ဆောင်သွားရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ယ‌နေ့ အစည်းအ‌ဝေး ပြုလုပ်ခဲ့ကြသကဲ့သို့ ‌ကေအဲန် ယူ၏ ဗဟို‌ကော်မတီဝင်များ၊ တပ်ဘက်ဆိုင်ရာများနှင့်လည်း မကြာခင် ရှင်းလင်းညှိနှိုင်း‌ဆွေး‌နွေးသွားရန်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်မှ ၂၅ရက်‌နေ့အထိလည်း ‌ကေအဲန်ယူအ‌နေဖြင့် တပ်မဟာ၊ တပ်ရင်းအားလုံးမှ တာဝန်ရှိသူများနှင့် ဗဟို‌ကော်မတီဝင် အပါအဝင် စုစု‌ပေါင်း ၁၅ဝနီးပါးကို ‌လေးဝါးစခန်း၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်ကိစ္စ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့ကြပြီး ထိုမှတဆင့် တက်‌ရောက်သူ တပ်ဘက် အရာရှိများက မိမိတို့တပ်ရင်းအသီးသီးတွင် ပြန်လည်ရှင်းလင်းချပြမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။