Home သတင်း NCA စာချုပ် လက်မှတ်ထိုးမည့် ကရင်လက်နက်ကိုင် (၃)ဖွဲ့အား ‌ဒေါနအ‌ရှေ့ခြမ်းပြည်သူ ‌ထောက်ခံကြိုဆို

NCA စာချုပ် လက်မှတ်ထိုးမည့် ကရင်လက်နက်ကိုင် (၃)ဖွဲ့အား ‌ဒေါနအ‌ရှေ့ခြမ်းပြည်သူ ‌ထောက်ခံကြိုဆို

1892

‌အောက်တိုဘာ ၄ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် (NCA)ကို လက်မှတ်‌ရေးထိုးရန် ဆုံးဖြတ်ခဲ့ကြသည့် ကရင်အမျိုးသားအစည်းရုံး (KNU)၊ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်‌တော် (DKBA)၊ KNU/ KNLA-ငြိမ်းချမ်း‌ရေး‌ကောင်စီတို့အား ‌ဒေါနအ‌ရှေ့ခြမ်းရှိ ‌ဒေသ ခံပြည်သူများက ‌ထောက်ခံကြိုဆိုပွဲတစ်ရပ်ကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထီးမယ်ဝါးခီး‌ကျေးရွာ၌ ယ‌နေ့ ပြုလုပ်ခဲ့သည်။

မြဝတီမြို့နယ်၊ ‌ဒေါနအ‌ရှေ့ခြမ်းရှိ ထီးမယ်ဝါးခီး၊ ‌ကျောက်ခက်၊ ‌လေး‌ကေ‌ကော်၊ ဖလူးကြီး၊ ဖလူး‌လေး၊ ရ‌သေ့ဂူ၊ မင်းလက်ပံ၊ မဲ့‌ထော်တ‌လေး၊ ပဟီ့ထူ့နှင့် အင်ကျင်းမြိုင် စသည့်စစ်‌ဘေးဒဏ်ခံခဲ့ရ‌သော ‌ကျေးရွာ (၁၀)ရွာမှ ‌ဒေသခံ ပြည်သူများက NCA စာချုပ် လက်မှတ်‌ရေးထိုးရန် ဆုံးဖြတ်ခဲ့မှုအ‌ပေါ် ‌ထောက်ခံကြိုဆို‌သောအားဖြင့် စု‌ပေါင်းသ‌ဘောထားထုတ်‌ဖော်ပွဲ ပြုလုပ်ကျင်းပ ခဲ့ခြင်းဖြစ်သည်ဟု ဦး‌ဆောင်ကျင်းပသူက ‌ပြောသည်။

“ကျ‌နော်တို့‌ခေါင်း‌ဆောင်‌တွေလည်း တညီတ ညွတ်တည်းဆုံးဖြတ်တဲ့အ‌ပေါ်မှာ ကျ‌နော်တို့အားရတယ်။ ‌ခေါင်း‌ဆောင်‌တွေရဲ့ ဆုံးဖြတ်ချက်ကို လူထု‌တွေက ‌နောက်က‌နေပြီး‌တော့ ‌ဒေသအလိုက် ‌ထောက်ခံမှုဆိုတာကိုလည်း မ‌တွေ့ရလို့ ကျ‌နော်တို့လုပ်တာ ဖြစ်တယ်။”ဟု ဦး‌ဆောင်ကျင်းပသူ ထီးမယ်ဝါးခီး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စော‌ဋ္ဌေးမြင့်‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တစ်ပြည်လုံးအပစ်ရပ်စာချုပ်ကို လက်မှတ်‌ရေးထိုးဖြစ်ပါက စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် တည်ငြိမ်‌အေးချမ်းမှုကို ပိုပြီး‌ဆောင်ကြဉ်း‌ပေးနိုင်လိမ့်မည်ဟု ယုံကြည်သဖြင့် ယခုကဲ့သို့ ‌ထောက်ခံကြိုဆိုပွဲ ပြုလုပ်ရခြင်းလည်းဖြစ်သည်ဟု ၎င်းက ဆက် ‌ပြောသည်။
DSC02828
ယ‌နေ့နံနက် ၈နာရီမှ ၁ဝနာရီအထိ ပြုလုပ်သည့် ယင်းအခမ်းအနားတွင် စစ်‌ဘေးဒဏ်‌ကြောင့် အသက်ဆုံးရှုံးခဲ့ရ‌သော ပြည်သူ များအား ‌အောက်‌မေ့အမှတ်ရ‌သောအားဖြင့် ၁မိနစ်ကြာ ငြိမ်သက်အ‌လေးပြုခြင်း၊ တက်‌ရောက်လာသည့် ‌ကျေးရွာကိုယ်စား လှယ်များက NCA ကို ‌ထောက်ခံ‌ဆွေး‌နွေးခဲ့ကြခြင်းနှင့် ‌ကျောင်းသူ‌ကျောင်းသားများက ငြိမ်းချမ်း‌ရေး‌တေးသီချင်းများဖြင့် ‌ထောက်ခံသီဆိုခြင်း အပါအဝင် အစီအစဉ် ၁၁ခုဖြင့် ပြုလုပ်ကျင်းပခဲ့သည်။

ဖလူး‌ကျေးရွာမှ ‌ကျောင်းဆရာမ ‌နော်ဒါး‌ဖောကလည်း “ကျမတို့က ဒီမှာပဲ ‌မွေးတယ်။ ငယ်ငယ်တုန်းက တိုက်ပွဲ‌ကြောင့် တစ်ချိန် လုံး ‌ပြေးလွှား‌နေရတယ်။ အခု ကျမတို့ ‌ခေါင်း‌ဆောင်‌တွေ လက်မှတ်‌ရေးထိုးမယ်လို့ သိရ‌တော့ အရမ်းဝမ်းသာတယ်။ ငြိမ်းချမ်း ‌ရေးဆိုတာ ကျမတို့ ကရင်လူမျိုးအတွက် အ‌ရေးကြီးဆုံးပါပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စက်တင်ဘာ ၂၈ရက်မှ ၃ဝရက်‌နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့ အစည်းများ၏ ထိပ်သီးအစည်းအ‌ဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်ကို တက်‌ရောက်ခဲ့သူ ၁၇ဖွဲ့အနက် ၁ဝဖွဲ့က လက်မှတ်မထိုး‌သေး‌သော်လည်း KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့က လက်မှတ်‌ရေးထိုးရန် သ‌ဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ယ‌နေ့အခမ်းအနားသို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်အချို့နှင့် ‌ဒေါနအ‌ရှေ့ခြမ်းရှိ‌ကျေးရွာ ၁ဝရွာမှ ‌ကျေးရွာတာ ဝန်ရှိသူများနှင့် ‌ဒေသခံရွာသူရွာသားများ အပါအဝင် လူဦး‌ရေ ၁၀၀၀‌ကျော် တက်‌ရောက်ကာ ‌ထောက်ခံကြိုဆိုခဲ့ကြသည်။