Home သတင်း ရိုးရာယဉ်‌ကျေးမှုကို အ‌လေးထား‌ဖော်ထုတ်ပြီး ကရင်လက်နက်ကိုင်အဖွဲ့များ ကရင်နှစ်သစ်ကူး ပူး‌ပေါင်းကျင်းပမည်

ရိုးရာယဉ်‌ကျေးမှုကို အ‌လေးထား‌ဖော်ထုတ်ပြီး ကရင်လက်နက်ကိုင်အဖွဲ့များ ကရင်နှစ်သစ်ကူး ပူး‌ပေါင်းကျင်းပမည်

1846

‌အောက်တိုဘာ ၂၆ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ကရင်လက်နက်ကိုင်အဖွဲ့များက ဦး‌ဆောင်ကာ ယခုနှစ်တွင် ရိုးရာ ယဉ်‌ကျေးမှု‌ဖော်ထုတ်မှုများကို အ‌လေးထားပြီး ‌ငွေကျပ်သိန်း‌ပေါင်း ၂၅၀ဝ ခန့်အနည်းဆုံး ခန့်မှန်းကာ ကရင်ပြည်နယ် မြဝတီမြို့နယ် ‌ရွှေကုက္ကိုလ်မြိုင်‌ကျေးရွာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁ဝ ရက်‌နေ့တွင် ကျ‌ရောက်မည့် ၂၇၅၅ခုနှစ်‌မြောက် ကရင်သစ်ကူး‌နေ့ ကျင်းပနိုင်‌ရေး အတွက် ‌ရွှေကုက္ကိုမြိုင်‌ကျေးရွာတွင် ၂၀၁၅ခု ‌အောက်တိုဘာ၂၅ရက်‌နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် ညှိနှိုင်းအစည်းအ‌ဝေအပြီးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီမှ နာယကတစ်ဦးဖြစ်သူ KNU မှ ပဒို‌စောအားတိုးက “ဒီနှစ်မှာ‌တော့ ကရင်ရိုးရာ ယဉ်‌ကျေးမှု ဓ‌လေ့ထုံးတမ်း‌တွေကို ‌ဖော်ထုတ်ဖို့ အဓိကထားတယ်။ အဲဒါ‌ကြောင့်မို့လို့ အခုနှစ်က ကျပ်‌ငွေ သိန်း ၂၅၀ဝ က‌နေ ၅၀၀ဝ အထိသုံးစွဲဖို့ ဆုံးဖြတ်ထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို KNU၊ BGF၊ KNU/KNLA PC၊ DKBA၊ KPF စသည့် လက်နက်ကိုင် အဖွဲ့များနှင့်အတူ နိုင်ငံ‌ရေးပါတီ၊ လူမှုအဖွဲ့အစည်း၊ ဘာသာ‌ရေးအဖွဲ့အစည်းများနှင့် အလွှာအသီးသီးမှ ပါဝင်ကူညီမည်ဖြစ်ပြီး လိုအပ်သည့် ‌ငွေ‌ကြေးစိုက်ထုတ်မှုများကို BGFမှ ဗိုလ်မှူးကြီး‌စောချစ်သူက တာဝန်ယူသွားမည်ဖြစ်‌ကြောင်း သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ဇန်နဝါရီ ၄ ရက်‌နေ့မှ ၁၁ ရက်‌နေ့အထိ (၈)ရက်တိုင်တိုင်ကျင်း ပသွားမည်ဖြစ်ပြီး ‌ဟော‌ပြောပွဲ၊ ရိုးရာဒုံးအကပြိုင်ပွဲ၊ ရိုးရာ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်၊ ‌ဘောလုံးပြိုင်ပွဲ၊ ရိုးရာ လက်‌ဝှေ့စိန်‌ခေါ်ပွဲ၊ ဇာတ်‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များပါဝင်မည်ဖြစ်ကာ ယခုနှစ်တွင် စစ်‌ရေးပြ ချီတက်ခြင်း အခမ်းအနားမဟုတ်ပဲ လူထုချီတက်အ‌လေးပြုခြင်းအ‌နေဖြင့်သာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ကရင်အနုပညာအစည်းအရုံး ဥက္ကဌနှင့် ပွဲ‌တော်ကျင်းပ‌ရေးအကြံ‌ပေးဖြစ်သူ ‌စောသ‌မော့အဲ‌ဖောင်က “အခုလို ကရင်လက်နက်ကိုင်အဖွဲ့‌တွေအားလုံးက လွတ်လွတ်လပ်လပ်နဲ့ စည်းစည်းလုံးလုံးဖြစ်တာမြင်ရ‌တော့ ဝမ်းသာတယ်။ ‌နောက်ပြီး ဒီနှစ်က ကရင်ယဉ်‌ကျေးမှုဓ‌လေ့‌တွေကို အများဆုံး ‌ဖော်ထုတ်မယ့်ပွဲလည်း ဖြစ်တဲ့အတွက် အရင်နှစ်‌တွေထက် ဒီနှစ်က ပိုထူးခြားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ပြုလုပ်သွားမည့် ပွဲ‌တော်တွင် ဧရာဝတီတိုင်း‌ဒေသကြီးမှ ဒုံးအဖွဲ့(၂)အဖွဲ့အပါအဝင် ဒုံးအဖွဲ့စုစု‌ပေါင်း (၅၀)ခန့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုအ‌နေဖြင့် အဆင့်မြင့် ပြည်နယ်ဒုံးအဆင့် ပထမ ၁၀ဝ သိန်း၊ ဒုတိယ ၆ဝ သိန်း၊ တတိယ ၄ဝ သိန်း၊ အကြီးတန်းအဆင့် ပထမ ၆ဝ သိန်း၊ ဒုတိယ ၄ဝ သိန်း၊ တတိယ ၃ဝ သိန်း၊ အငယ်တန်းအဆင့် ပထမ ၃ဝ သိန်း၊ ဒုတိယ ၂ဝ သိန်း၊ တတိယ ၁ဝ သိန်းနှင့် နှစ်သိမ့်ဆုများကိုလည်း ချီးမြှင့်သွားမည် ဖြစ်သည်။

ထို့အပြင် ကရင်-မြန်မာစတိတ်ရှိုးစင်တင်‌တေးကဏ္ဍ၊ ဂုဏ်ထူး‌ဆောင်ဆုရပုဂ္ဂိုလ်များ ချီးမြှင့်ခြင်း၊ ထူးချွန်ဆုရ လူငယ်များ ချီးမြှင့်ခြင်း၊ ကရင်‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးအပြင် ကရင်လူငယ်များ နှီး‌နှောဖလှယ်ပွဲကို တဆက်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့များ ပူး‌ပေါင်း၍ ကရင်နှစ်သစ်ကူး‌နေ့ကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်လည်း မြဝတီမြို့နယ် ‌ရွှေကုက္ကိုလ်မြိုင်‌ကျေးရွာတွင် ပူး‌ပေါင်းကျင်းပခဲ့ဖူးသည်။