Home သတင်း နိုင်ငံ‌ရေးစနစ်‌ပြောင်း‌ရေး ပြည်သူသာ အဓိကဟု ၈၈အဖွဲ့မှ ကိုကိုကြီး ‌ပြောဆို

နိုင်ငံ‌ရေးစနစ်‌ပြောင်း‌ရေး ပြည်သူသာ အဓိကဟု ၈၈အဖွဲ့မှ ကိုကိုကြီး ‌ပြောဆို

1771

စက်တင်ဘာ ၁၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

နိုင်ငံ‌ရေးစနစ် တခုမှတစ်ခုသို့ ‌ပြောင်းလဲရာတွင် ပြည်သူများသာ အဓိက ‌ပြောင်းလဲနိုင်မည်ဖြစ်‌ကြောင်း ကရင်ပြည်နယ်၊ ဖားအံ မြို့ရှိ ကန်သာဦးခန်းမ၌ စက်တင်ဘာလ ၁၃ရက်‌နေ့က ပြုလုပ်ကျင်းပသည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ အသိပညာ‌ပေး ‌ဟော‌ပြောပွဲ တွင် ၈၈‌ကျောင်းသားများ ပွင့်လင်းလူမှုအဖွဲ့အစည်းမှ ‌ကျောင်းသား‌ခေါင်း‌ဆောင် ဦးကိုကိုကြီးက ‌ဒေသခံများအား ‌ဟော‌ပြောခဲ့ သည်။

ထို့အပြင် ‌ရွေး‌ကောက်ပွဲ၌ မိမိတို့‌ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်‌လောင်းမှာ ‌ဒေသခံဖြစ်ပါက မိမိတို့‌ဒေသအတွက် အလုပ် လုပ်‌ပေးနိုင်မည်ဟုလည်း ကိုကိုကြီးက ယခုလို ဆက်‌ပြောသည်။

၎င်းက “ကိုယ်‌ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်ဟာ ကိုယ့်ကို အုပ်ချုပ်စီမံမယ့်သူကို ‌ရွေးချယ်တာ မဟုတ်ဘူး။ ကိုယ်လုပ်ရမယ့် နိုင်ငံ့အ‌ရေးကို ကိုယ့်ရဲ့ကိုယ်စားအတွက် မိမိရဲ့‌ကျေးကျွန်ကို ‌ရွေးချယ်‌ပေးခြင်းသာ ဖြစ်တယ်”ဟု ‌ပြောသည်။

‌ဟော‌ပြောပွဲ၌ပါဝင်သူ စာ‌ရေးဆရာ ကို‌ရွှေ‌အောင်သင်းလည်း စနစ်တစ်ခု‌ကြောင့် မြန်မာနိုင်ငံရှိ သဘာဝ သယံဇာတများ၊ မိမိတို့ နိုင်ငံရှိ လူ့အရင်းအမြစ်များ ဆုံးရှုံးရ‌ကြောင်း၊ အိမ်နီးချင်းနိုင်ငံများသို့ ကျွန်ဘဝအဖြစ် သွား‌ရောက်အလုပ်လုပ်ကိုင်‌နေကြရ ‌ကြောင်း၊ ထိုသို့‌နောက်ထပ် မဖြစ်လာ‌ရေးအတွက် စနစ်တစ်ခုသို့ ‌ပြောင်းလဲ‌ဖော်‌ဆောင်ရာတွင် နိုင်ငံအတွက် အမှန်တကယ် လုပ်‌ဆောင်နိုင်မည့်သူအား ‌ရွေးချယ်တင်‌မြှောက်နိုင်ရန် အ‌ရေးကြီးသည်ဟု ‌ပြောဆိုခဲ့သည်။

အဆိုပါ အသိပညာ‌ပေး ‌ဟော‌ပြောပွဲတွင် တက်‌ရောက်လာကြသည့် ပြည်သူများအား မည်သို့မည်ပုံ မဲ‌ပေးရမည်၊ ပယ်မဲမဖြစ်ရန် မည်သည့်အချက်များအား သတိထားရမည်တို့ကို ရုပ်ပုံများနှင့်တကွ ရှင်းပြခဲ့ကြသည်။

‌ရွေး‌ကောက်ပွဲ အသိပညာ‌ပေး‌ဟော‌ပြောပွဲ တက်‌ရောက်လာသူ မြို့ခံလူငယ် ‌စော‌အောင်မျိုးဆက်က “ဒီပွဲလုပ်တာ ‌ကောင်းတယ်။ အသိပညာလည်း ရပါတယ်။ ဒါ‌ပေမယ့် ဒီလိုပွဲကို မြို့မှာ လုပ်တာထက် ‌တောနယ်‌ကျေးရွာ‌တွေမှာ လုပ်နိုင်ရင် ပို‌ကောင်းလိမ့် မယ်။ ဘာ‌ကြောင့်လည်းဆိုရင် ‌တော‌နေပြည်သူ‌တွေက မဲ‌ပေးပုံ‌ပေးနည်းတို့လည်း မသိကြဘူး။ ဒီလို ‌ဟော‌ပြောပွဲလည်း မရှိကြ ဘူး‌လေ။ ‌တောမှာလုပ်နိုင်ရင် ပိုအကျိုးရှိလိမ့်မယ်လို့‌တော့ မြင်ပါတယ်။”ဟု ‌ပြောသည်။

ယင်းပွဲကို ဖားအံမြို့ ရပ်မိရပ်ဖများက ဦး‌ဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်မည့် လွှတ်‌တော် ကိုယ်စားလှယ်‌လောင်းများ၊ ကရင်ပြည်နယ်မှ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့ခံလူငယ်များနှင့် သတင်း မီဒီယာသမားများ စုစု‌ပေါင်း တစ်ရာဝန်းကျင် တက်‌ရောက်ခဲ့ကြသည်။