Home သတင်း နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ‌တွေ့ဆုံပွဲ ‌ရွေး‌ကောက်ပွဲအပြီး ကျင်းပမည်

နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ‌တွေ့ဆုံပွဲ ‌ရွေး‌ကောက်ပွဲအပြီး ကျင်းပမည်

2041

‌အောက်တိုဘာ ၇ ရက်၊ ၂၀၁၅ ခုနှစ်။ စအိုင်စူး

နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ‌တွေ့ဆုံပွဲကို ‌ရွေး‌ကောက်ပွဲအပြီး နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်‌နေ ့ထိ ကရင် ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မဲဆမိတ်‌ကျေးရွာ၌ ပြုလုပ်သွားမည်ဟု ‌တွေ့ဆုံပွဲဖြစ်‌မြောက်‌ရေး ဦး‌ဆောင်စီစဉ် ‌နေသူ ကရင်လူငယ်ကွန်ရက်(KYN)မှ ‌စောဖိုးခွားကြီးက ‌ကေအိုင်စီသို ့‌ပြောသည်။

အဆိုပါ လူငယ်‌တွေ့ဆုံပွဲ ပြုလုပ်ရန်အတွက် အကြိုညှိနှိုင်း‌ဆွေး‌နွေးပွဲကို လှိုင်ဘွဲ့မြို့နယ်၊ မဲဆမိတ်‌ကျေးရွာ၌ ကရင်လူငယ်ကွန်ရက်အဖွဲ့ဝင် ၃ဝ ‌ကျော်တို ့မှ ‌ဒေသခံများနှင့်အတူ ‌အောက်တိုဘာ ၆ ရက်‌နေ ့တွင် ‌တွေ့ဆုံ ညှိနှိုင်းမှုပြုလုပ်ခဲ့ပြီး ‌တွေ့ဆုံပွဲဖြစ်‌မြောက်‌ရေးအတွက် ‌ကော်မတီအသီးသီးကို ဖွဲ့စည်းခဲ့‌ကြောင်း ညှိနှိုင်းအစည်း အ‌ဝေး တက်‌ရောက်ခဲ့သူများက ‌ပြောသည်။

“ အခုလုပ်မဲ့ ‌တွေ့ဆုံပွဲက ကရင်အမျိုးသားညီလာခံနဲ့ ကရင့်အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်‌တွေကို ကျ‌နော်တို့ ကရင်လူငယ်‌တွေ သိရှိ ဖို့ရယ်၊ ပါဝင်ရမဲ့ အခန်းကဏ္ဍအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ ဖြစ်တယ်။ ‌နောက်ပြီး ကရင်လူငယ်ကွန်ရက်ရဲ့မူ‌တွေ၊ လုပ်‌ဆောင်ချက်‌တွေကို ပြည်တွင်းပြည်ပက ကရင်လူငယ် ‌တွေသိလာဖို့နဲ့ ကရင်လူငယ်ထုတစ်ရပ်လုံးကို ကိုယ်စားပြုနိုင်မဲ့ နည်းလမ်း‌တွေကို ‌ဖော်ထုတ်နိုင်ဖို့ ဖြစ်တယ်״ ဟု ‌တွေ့ဆုံပွဲ ရည်ရွယ်ချက်နှင့် ပတ်သက်၍ KYN တာဝန်ခံ တစ်ဦးဖြစ်သူ ‌စောဖိုးခွာကြီးက ‌ကေအိုင်စီသို ့‌ပြောသည်။

နိုင်ဝင်ဘာလ ၁၆ရက်မှ ၁၈ရက်‌နေ့ အထိ ၃ရက်ကြာပြုလုပ်မည့် ‌တွေ့ဆုံပွဲသို ့ မြန်မာနိုင်ငံအတွင်းရှိ ကရင် လူမျိုးအများဆုံး ‌နေထိုင်ရာ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနှင့် တနသင်္ာရီ တိုင်း‌ဒေသကြီး ၊ မွန်၊ ကရင်နှင့် ကရင်နီ (ကယား) ပြည်နယ်၊ အထက်မြန်မာပြည်၊ နယ်စပ်‌ဒေသနှင့် ပြည်ပ‌ရောက် ကရင်လူငယ်များ စုစု‌ပေါင်း ၃၀ဝ ဦး‌ကျော် တက်‌ရောက်ရန် လျာထားသည်ဟု ပွဲစီစဉ်သူများထံမှ သိရသည်။

‌တွေ့ဆုံပွဲပြုလုပ်မည့် မဲဆမိတ်‌ကျေးရွာ ‌ကျောင်းတိုင်ဆရာ‌တော် ဦးစန္ဒရက“ ဦးဇင်းတို့ ကရင်လူငယ်‌တွေ ‌မျှော်မှန်းထားတဲ့ ကရင်လူငယ် အနာဂါတ်အတွက်ပဲဖြစ်ဖြစ် ကရင်ပြည်နယ်ရဲ့ငြိမ်းချမ်း‌ရေးအတွက်ပဲဖြစ်ဖြစ် အ‌မျှော်မှန်ခံတဲ့ အ‌နေအထားမှာ ‌တွေ့ဆုံမှုက အ‌ရေးကြီးတယ်။ ‌တွေ့ဆုံမှုရှိမှ အ‌ဖြေရလဒ်တစ်ခုကို ရရှိမှာပါ။ အခုလိုဦးဇင်းတို့ရွာ မှာလာလုပ်တဲ့အတွက်လည်း ဦးဇင်းတို့ဂုဏ်ယူပါတယ်။ အစွမ်းကုန် ကူညီ‌ပေးသွားမယ်״ ဟု ‌ကေအိုင်စီ သို့ိ မိန် ့ကြားသည်။

KYN အ‌နေဖြင့် ၂၀၁၃ ခုနှစ်မှစတင်ကာ တနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်‌တွေ့ဆုံပွဲကို ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီး မြို့နယ်တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သလို ကရင်ပြည်နယ်၊ ‌ကော့ရိတ်ခရိုင်၊ ‌ကော့ကရိတ် မြို့နယ်၊ ‌ကောင်းမှု‌ကျေးရွာတွင် ၂၀၁၄ ခုနှစ်က ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်‌ကြောင်း ကွန်ရက်တာဝန်ရှိသူ များထံမှ သိရသည်။