Home တွေ့ဆုံမေးမြန်းခန်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ‌စောတင်ဝင်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ‌စောတင်ဝင်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD

1665

“တိုင်းရင်းသားအ‌ရေးက ဒီဖက်ဒရယ်ပြည်‌ထောင်စုဆိုတဲ့ အသုံးအနှုန်းကို ဘယ်သူမှမသုံးခင်ကတည်းက အန်ကယ်တို့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က သုံးခဲ့တယ်။”

‌မေး – ဒီ ၂၀၁၅‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်ဖို့အတွက် ဘာ‌တွေပြင်ဆင်ထားပြီးပြီလဲ။ ဒီ‌ဒေသမှာဝင်ပြိုင်တာ အဓိကပြိုင်ဘက် ပါတီက ဘယ်ပါတီဖြစ်မလဲ။
ပြင်ဆင်ထားတာ‌တော့ ပါတီဆိုင်းဘုတ်လိုက်ထူတာ၊ လိုအပ်တဲ့ voter education ဆိုတဲ့ မဲ‌ပေးပုံ‌ပေးနည်း‌တွေ အကုန် လုံး လိုက်သင်‌ပေးထားပြီးပါပြီ။ ဒီက ပြည်သူ‌တွေက မဲဘယ်လို‌ပေးရမလဲဆိုတာ မသိကြဘူး။ အခုမှ ‌ပေးရတဲ့သူ‌တွေဆို‌တော့ သူတို့ရဲ့မဲ‌တွေကို အပယ်ခံထိမှာ‌ကြောက်လို့ ကျ‌နော်တို့က ပယ်မဲမဖြစ်‌အောင် တနည်းအားဖြင့် ခိုင်လုံမဲဖြစ်‌အောင် လိုက်ပြ‌ပေး တယ်။ အားလုံးက အန်ကယ့်အတွက် ပြိုင်ဘက်‌တွေလို့ ထင်တယ်။ အဓိကရယ်လို့ ဘယ်သူ့ကိုမှ မရည်ရွယ်ထားဘူး။ အားလုံး ကို ညီတူညီမျှပဲ သတ်မှတ်တယ်။ အားလုံးက အန်ကယ့်အတွက် ပြိုင်ဘက်‌ကောင်း‌တွေချည်းပဲ။

‌မေး – ကြာအင်းဆိပ်ကြီးမြို့နယ်က ကရင်ပြည်နယ်မှာ မဲရုံအများဆုံး မဖွင့်လှစ်နိုင်တဲ့ ‌နေရာဆို‌တော့ ဝင်ပြိုင်ဖို့ ဘာ‌တွေက စိန်‌ခေါ်မှု ဖြစ်‌စေသလဲ။
စိန်‌ခေါ်မှုအ‌နေနဲ့ ‌ကျေးရွာအုပ်စု ၄၃အုပ်စုမပြိုင်လည်း ရှိတဲ့ရွာနဲ့ပဲပြိုင်ရမှာ‌ပေါ့။ ဒါ‌ပေမဲ့ ဒါ‌တွေက အန်ကယ်တစ်‌ယောက် ထဲမဟုတ်ဘဲ ဝင်ပြိုင်မဲ့ပါတီ အကုန်လုံးက ရင်ဆိုင်ရမှာပဲ။ ၁ဝရွာရှိလည်း ကျန်တဲ့ပြိုင်ဘက်‌တွေ အဲ့ ၁ဝရွာမှာပဲ အကုန်ပြိုင်ရမှာ ပဲ။ ဒီကိစ္စအတွက် ၄၃ရွာအုပ်စုလုံး မဲ‌ပေးနိုင်ရင် ‌ကောင်းတာ‌ပေါ့ကွာ။ လုံခြုံ‌ရေးအ‌ကြောင်းပြပြီး‌တော့ မဲမ‌ပေးနိုင်တာတို့၊ ကိုယ့်မှာ လူမရှိလို့ မဲ‌ပေးနိုင်တဲ့အကွက်‌တွေကိုု မဲမ‌ပေးနိုင်‌အောင် လုပ်လိုက်တာ‌တွေက မ‌ကောင်းပါဘူး။ ပြည်သူ‌တွေရဲ့ နိုင်ငံသားအခွင့်အ ‌ရေး ဆုံးရှုံးတာ‌ပေါ့။

‌မေး – ဒီကြာအင်းဆိပ်ကြီးမှာ လုံခြုံ‌ရေးအ‌ကြောင်းပြချက်နဲ့ မဲရုံ‌တော်‌တော်များများ မဖွင့်လှစ်နိုင်ဘူး။ တစ်ဖက်က တိုင်းရင်းသား လက်နက်ကိုင်‌တွေဘက်ကလည်း ဒီ‌ရွေး‌ကောက်ပွဲအ‌ပေါ် ဟန့်တား‌နှောက်ယှက်မဲ့ သ‌ဘောထားမရှိဘူးဆို‌တော့ ဒီအ‌ပေါ်မှာ အန် ကယ် ဘယ်လိုသုံးသပ်မိလဲ။
လုပ်တဲ့ မြို့နယ်‌ကော်မရှင်က လူအင်အားနည်းပါလိမ့်မယ်။ အဲ့ဒီလူအင်အားနည်းပြီး‌တော့ မဲရုံ‌တွေမှာလိုက်ပြီး မကြီး ကြပ်နိုင်တဲ့အတွက်‌ကြောင့် မဲရုံ‌တွေကို ပြန်ရုတ်သိမ်းလိုက်တာဖြစ်တယ်။ အ‌ကြောင်းပြစရာဆိုလို့ ခုနက‌ပြောတဲ့ လုံခြုံ‌ရေးအ ‌ကြောင်းပြချက်လို့ သုံးနှုန်းလိုက်တာဖြစ်တယ်။ အန်ကယ်က‌တော့ အဲ့ဒါကို လက်မခံပါဘူး။

‌မေး – တိုင်းရင်းသား‌တွေ အများစု‌နေတဲ့‌ဒေသမှာ ဝင်‌ရောက်ယှဉ်ပြိုင်တဲ့အခါ အန်ကယ်တို့ပါတီမှာ တိုင်းရင်းသားအခွင့်အ‌ရေးနဲ့ ပတ်သက်ပြီး ချမှထားတဲ့ မူဝါဒလမ်းစဉ်‌တွေကို သိပါရ‌စေ။
အန်ကယ်တို့ပါတီက စဖွဲ့ကတည်းက ဖက်ဒရယ်ပြည်‌ထောင်စုဆိုတဲ့ အသုံးအနှုန်းကို စပြီးသုံးတာ အန်ကယ်တို့ရဲ့ တစ်ခု တည်း‌သောပါတီ ဖြစ်တယ်။ အဲ့‌တော့ တိုင်းရင်းသားအ‌ရေးက ဒီဖက်ဒရယ်ပြည်‌ထောင်စုဆိုတဲ့ အသုံးအနှုန်းကို ဘယ်သူမှမသုံး ခင်ကတည်းက အန်ကယ်တို့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က သုံးခဲ့တယ်။ အန်ကယ်တို့ပါတီရဲ့ သ‌ဘောထားက ဒီ‌နေရာမှာ ‌ပေါ် လွင်‌နေတယ်။ နည်းနည်း‌ပြောရမယ်ဆိုရင် ၁၉၉၆ခုနှစ်က မဲသ‌ရောထာ့က တိုင်းရင်းသားလက်နက်ကိုင်‌တွေ လုပ်ခဲ့ဖူးတဲ့ စု‌ပေါင်း အစည်းအ‌ဝေးတစ်ခု ဖြစ်ခဲ့ဘူးတယ်။ ဒီ‌နေ့ အစည်းအ‌ဝေးပြီးတာနဲ့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က ‌ထောက်ခံလိုက်တယ်။ တိုင်းရင်းသား‌တွေရဲ့ အစည်းအ‌ဝေးဆုံးဖြတ်ချက်ကို ပွင့်ပွင့်လင်းလင်း ‌ထောက်ခံခဲ့တာ အန်ကယ်တို့ပါတီပဲ။ အဲဒီအတွက် အန်ကယ်တို့ မနည်းကို ‌ပေးဆပ်လိုက်ရတယ်။

‌မေး – ဒီ ၂၀၁၅‌ရွေး‌ကောက်ပွဲမှာ အန်ကယ်အ‌နေနဲ့ နိုင်မယ်လို့ ယုံကြည်ထားလား။ နိုင်ရင်‌ရော ‌ဒေသခံပြည်သူ‌တွေအတွက် ဘာ ‌တွေလုပ်‌ပေးမှာလဲ။
ရာနှုန်းပြည့်နိုင်မယ်လို့ ထင်တယ်။ ကြာအင်းဆိပ်ကြီးမှာ ဘာ‌တွေလိုအပ်‌နေလဲ အန်ကယ် ဒီမှာ‌နေတာ သိပါတယ်။ မီး‌တွေ မလုံ‌လောက်ဘူး။ လမ်းပန်းဆက်သွယ်‌ရေး‌တွေ အခုထိ ပြည့်ပြည့်စုံစုံ မရှိဘူး။ ဒါ‌တွေက ကြာအင်းဆိပ်ကြီးမှာရှိတဲ့ ပြည် သူ‌တွေနဲ့ အန်ကယ်တို့ ပူး‌ပေါင်းပြီး လုပ်‌ဆောင်ရမဲ့အလုပ်‌တွေ ဖြစ်တယ်။

‌မေး – ၂၀၁ဝ နဲ့ ၂၀၁၅ ‌ရွေး‌ကောက်ပွဲရဲ့ အခင်းအကျင်း ကွာခြားချက်‌တွေကို ချိန်ထိုးနှိုင်းယှဉ်သုံးသပ်ပြပါလား။ ၂၀၁၅ ‌ရွေး‌ကောက် ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ အန်ကယ်မြင်မိလား။
၂၀၁ဝတုန်းက ပြည်သူ ပြည့်ပြည့်ဝဝ ပါဝင်ခဲ့တယ်လို့ အန်ကယ် မယုံကြည်ဘူး။ အခုလာမဲ့ ၂၀၁၅ခုနှစ်မှာ ပြည်သူ ပြည့်ပြည့်ဝဝ ပါဝင်လာမယ်လို့ အန်ကယ်ယုံကြည်တယ်။ လက်ရှိ ဖြစ်ပျက်‌နေတဲ့ အ‌ခြေအ‌နေအရ‌တော့ မဲစာရင်း‌တွေ မှားတာ ‌တွေ၊ ခုန‌ပြောသလို မဲရုံ‌တွေ ပယ်ဖျက်လိုက်တာ‌တွေ အန်ကယ်တို့အ‌နေနဲ့ မကြိုက်ဘူး။ ပြီးသွားတဲ့အခါကျရင် အ‌ခြေအ‌နေကို ကြည့်ပြီး‌တော့ ဒီ‌ရွေး‌ကောက်ပွဲက တရားမျှတတဲ့ ‌ရွေး‌ကောက်ပွဲ ဖြစ်တယ်မဖြစ်ဘူးဆိုတာ ‌ပေါ်လွင်လာပါလိမ့်မယ်။ အခုချိန် ‌တော့ ‌ပြောဖို့ ‌စော‌နေပါ‌သေးတယ်။

ကိုယ်‌ရေးအကျဉ်း
‌ဒေါက်တာ‌စောလှထွန်း(ကရင်ပြည်နယ်ဥက္ကဌ-ငြိမ်း) ‌ဒေါ်အမာတို့၏ သားသမီး (၆)ဦးအနက် အကြီးဆုံးဖြစ်ပြီး ငယ်စဉ်က ဆယ် တန်း‌အောင်သည်အထိ ‌မော်လမြိုင်ခရစ်ယာန်သာသနာပြု‌ကျောင်း စိန်ပထရစ်တွင် ပညာသင်ကြားခဲ့သည်။ ‌မော်လမြိုင်တက္က သိုလ် သတ္တ‌ဗေဒ အထူးပြုဘာသာရပ်ဖြင့် ၁၉၆၇မှ ၁၉၇ဝခုနှစ်အထိ တက်‌ရောက်ခဲ့စဉ်အတွင်း တက္ကသိုလ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ၌ ဒုဥက္ကဋ္ဌအဖြစ် သုံးနှစ်နှင့် ‌နောက်ဆုံးနှစ်၌ ဥက္ကဋ္ဌအဖြစ် ‌ဆောင်ရွက်ခဲ့သည်။
၁၉၇၀-၁၉၇၁ ပညာသင်နှစ်၌ တက္ကသိုလ်ပညာ‌ရေးစနစ်၏ ချို့ယွင်းချက်များကို ဆန္ဒထုတ်‌ဖော်မှု‌ကြောင့် ‌မော်လမြိုင်အကျဉ်း ‌ထောင်၌ ၁၉၇၀-၁၉၇၁ခုနှစ်အတွင်း (၇)လ‌ကျော် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ပထမအကြိမ် ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစည်း အ‌ဝေးပွဲကြီး ‌အောင်မြင်စွာ ကျင်းပပြီးစီးမှု အထိမ်းအမှတ်ဖြင့် ‌မော်လမြိုင်‌ထောင်မှ အကျဉ်းကျ‌ကျောင်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်‌ပေးရာမှ ပြန်လည်လွတ်‌မြောက်လာခဲ့သည်။ လူမှု‌ရေးလုပ်ငန်းများအနက် ဖားအံမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ၌ အဖွဲ့ဝင်အဖြစ်လည်း‌ကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်း‌ကောင်း တာဝန်ထမ်း‌ဆောင်ခဲ့သည်။
ပါတီနိုင်ငံ‌ရေးတွင် ပါဝင်ခဲ့ပုံ
၁၉၈၈ခုနှစ် (၈၈)အ‌ရေးအခင်းအပြီး ‌ပေါ်‌ပေါက်လာသည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ဖားအံမြို့၌ ပါတီဝင်အဖြစ် ‌လျှောက်ခဲ့ပြီး ၂၀၀၂ခုနှစ်၌ အဖွဲ့ချုပ် ရုံးချုပ်မှ ကရင်ပြည်နယ်ကိုယ်စားပြုသူတစ်ဦးအဖြစ် တာဝန်‌ပေးခံရသည်။ အဖွဲ့ချုပ်တွင် တာဝန်ထမ်း ‌ဆောင်စဉ် ဗဟိုလူမှုအ‌ထောက်အကူပြုအဖွဲ့၌လည်း‌ကောင်း၊ ယခုလက်ရှိ အလုပ်သမား‌ရေးရာ‌ကော်မတီတို့၌လည်း‌ကောင်း တာ ဝန်ထမ်း‌ဆောင်ခဲ့ပြီး ၂၀၁၄ခုနှစ်တွင် ကရင်ပြည်နယ်ကိုယ်စားပြု ဗဟို‌ကော်မတီဝင်အဖြစ် တိုးမြှင့်တာဝန်‌ပေးအပ်ခံရသည်။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဖခင်ဖြစ်သူ၏ မဲဆန္ဒနယ်‌မြေဖြစ်ခဲ့‌သော ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ‌လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။