Home သတင်း ‌ရွေး‌ကောက်ပွဲကျင်းပရန် နီးလာ‌သော်လည်း ကိုယ်စားလှယ်‌လောင်းများကို သိသူနည်း‌နေ

‌ရွေး‌ကောက်ပွဲကျင်းပရန် နီးလာ‌သော်လည်း ကိုယ်စားလှယ်‌လောင်းများကို သိသူနည်း‌နေ

1533

‌အောက်တိုဘာ ၈ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောညွန့်‌သောင်း

၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ကျင်းပရန် အချိန်တစ်လသာ ကျန်‌သော်လည်း ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒရှင်အများစုသည် ဝင်ပြိုင်မည့် လွတ်‌တော်အမတ်‌လောင်းများကို သိရှိမှုနည်း‌နေ ‌သေးသည်ဟု ဖားအံမြို့ခံ မဲဆန္ဒရှင်များက ‌အောက်တိုဘာ ၇ ရက်‌နေ ့တွင် ‌ကေအိုင်စီသို ့‌ပြောသည်။

မိမိ‌နေထိုင်ရာ မဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်‌လောင်းများအား မသိ‌သေးသည့်အတွက် လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် မည်သည့်ပါတီမှ ကိုယ်စားလှယ်‌လောင်းက မဲဆန္ဒရှင်ပြည်သူများအတွက် ပိုမိုလုပ် ‌ဆောင်နိုင်မည်ကို ‌ရွေးချယ်ရန် အခက်ခဲရှိသည်ဟု ဖားအံမြို့၊ အမှတ်(၅) ရပ်ကွက်၌ ‌နေထိုင်သူ ‌စော‌ဆွေက အခုလို ‌ပြောသည်။

“ ကျ‌နော်တို့ လိုချင်တဲ့ ကိုယ်စားလှယ်က လူမျိုး‌ရေး၊ ဘာသာ‌ရေးကိစ္စ‌တွေ ‌ဖြေရှင်း‌ပေးနိုင်တဲ့သူ တကယ် အလုပ်လုပ်တဲ့သူကိုပဲ လိုချင်ပါတယ်၊ အခုထိ ကျ‌နော့်အ‌နေနဲ့ ဘယ်ပါတီက ဘယ်သူဘယ်ဝါက အ‌ရွေးခံမလဲ ဆိုတာ မသိရ‌သေးဘူး။ မဲ‌ပေးတဲ့အခါမှ ဘယ်သူက ပို‌ကောင်းတယ်၊ ဘယ်ပါတီက လူထုအတွက် လုပ်‌ဆောင် နိုင်မယ်ဆိုတာ ‌ရွေးချယ်ဖို့က‌တော့ အခက်ခဲဖြစ်‌စေတယ်” ဟု ‌စော‌ဆွေက ‌ပြောသည်။

ထိုသို့ ကိုယ်စားလှယ်‌လောင်းများကို သိသူနည်း‌နေခြင်းမှာ ကိုယ်စားလှယ်‌လောင်းများ စည်းရုံး‌ရေးဆင်းချိန်တွင် မဲဆန္ဒရှင်များ ခရီးလွန်သူများရှိသလို လယ်ယာလုပ်ငန်းခွင်သို ့သွား‌ရောက်လုပ်ကိုင်‌နေရသည်များလည်း ရှိသည့် အတွက်ဖြစ်သည်ဟု ‌ရွေး‌ကောက်ပွဲဝင်မည့်ကိုယ်စားလှယ်‌လောင်းအချို့က သုံးသပ်‌ပြောဆိုသည်။

လက်ရှိတွင် မဲဆန္ဒရှင်များ မိမိတို ့၏ မဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်‌လောင်းများကို သိရန်ထက် အ‌ခြေအ‌နေအရ ‌ရွေး‌ကောက်ပွဲတွင် မည်သို ့မဲ‌ပေးရမည်ကို ဝင်ပြိုင်မည့် ကိုယ်စားလှယ်‌လောင်းများက အဓိက ထားလိုက်လံရှင်းပြ‌နေရမှုများ ရှိသည်ဟု NLD ပါတီ၊ ဖားအံမြို့နယ်၊ အမျိုးသားလွတ်‌တော် ကိုယ်စားလှယ် ‌လောင်း ‌စောမိုးမြင့်က ‌ပြောသည်။

“ မဲဆန္ဒရှင်အတွက် အ‌ရေးကြီးတာက‌တော့ သူတို့‌တွေဟာ မဲ‌ပေးခွင့်စာရင်းမှာ အမည်ပါမပါ၊ ‌နောက်မပါရင် ဘယ်လိုလုပ်ရမယ်ဆိုတာ အ‌ရေးကြီးတယ်။ ‌နောက်တစ်ခုက မဲကို ဘယ်လို‌ပေးရမလဲ၊ သူတို့သိသွားရင် မဲ‌ပေးခွင့် မဆုံရှုံး‌တော့ဘူး၊ ကိုယ်စားလှယ်‌လောင်း‌တွေကို သိဖို့လည်း လိုအပ်တာ‌ပေါ့‌လေ။ ကျ‌နော်တို့က လက်ကမ်းစာ‌စောင်‌တွေ၊ ဗီနိုင်း‌တွေနဲ ့ ပိုစတာ‌တွေလည်း လိုက်လံ‌ဝေငှ‌ပေးပါတယ် ” ဟု ‌စောမိုးမြင့်က ဖြည့်ဆွက် ‌ပြောသည်။

လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၆ ‌နေရာအတွက် နိုင်ငံ‌ရေးပါတီ ၁၈ ပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် စုစု‌ပေါင်း ၂၅၆ ဦးဝင်ပြိုင်မည်ဖြစ်‌ကြောင်း ပြည်နယ်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ပြုစုထားသည့် စာရင်းများအရ သိရသည်။