Home သတင်း ‌ဈေးမ‌ကောင်း၍ ‌ရော်ဘာပင်အိုခုတ်‌ရောင်းသူ ကြာအင်းဆိပ်ကြီးတွင် များလာ

‌ဈေးမ‌ကောင်း၍ ‌ရော်ဘာပင်အိုခုတ်‌ရောင်းသူ ကြာအင်းဆိပ်ကြီးတွင် များလာ

2076

‌အောက်တိုဘာ ၉ ရက်၊ ၂၀၁၅ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

လက်ရှိ ‌ရော်ဘာ‌ဈေးနှုန်းကျဆင်းလာ၍ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌ရော်ဘာပင်အိုများကို ခုတ်‌ရောင်းသူများလာသည်ဟု အ‌ရောင်းအဝယ်ပြုလုပ်‌နေသူ နန်းမိက်‌ဖော့က ‌ကေအိုင်စီသို ့ ‌အောက်တိုဘာ ၈ ရက်‌နေ ့တွင် ‌ပြောသည်။

သူမက “ကျမတို့လိုက်ဝယ်တာက‌ရော်ဘာအပင်အို‌တွေပါ။ ဝယ်‌ေ‌ဈေးအမျိုးမျိုး ရှိတယ်။ ကြာအင်းဆိပ်ကြီး နယ်ဘက်က‌တော့ အခုနှစ်မှ စ‌ရောင်းကြတယ်။ အပင်ကြီးရှိတဲ့သူ‌တွေ ‌တော်‌တော်‌လေး‌ရောင်းတယ်။ ကျမတို့လိုက်ဝယ်ပြီး မုုဒုံမှာပြန်‌ရောင်းတယ်၊ အဲဒီက‌နေတစ်ဆင့် တရုတ်သူ‌ဌေး‌တွေက လာဝယ်တယ်လို့ ကြားတယ်” ဟု ‌ပြောသည်။

ထိုသို ့ခုတ်‌ရောင်းရာတွင် ‌ရော်ဘာအပင်အကြီး အ‌သေး‌ပေါ်မှုတည်ပြီး တစ်ပင်ကျပ် ၄,၀၀ဝ မှ ၁၅,၀၀ဝ ထိ‌ဈေး‌ပေါက်ပြီး ယင်းအပင်များကို မွန်ပြည်နယ်၊ မုဒုံ၊ သံဖြူဇရပ်မြို့များတွင် တဆင့်ပြန်‌ရောင်းပြီး‌နောက် သစ်အ‌ချောထည် သုံးထပ်သား ပြန်လည်ပြုလုပ်ကြသည်ဟု ‌ဒေသခံသစ်လုပ်ငန်းရှင်များထံမှ သိရသည်။

အလားတူကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ရော်ဘာစိုက်ပျိုးသူများအ‌နေဖြင့် ‌ဈေးကျလာခြင်း ‌ကြောင့်တွက်‌ခြေမကိုက်ဘဲ ‌ရော်ဘာပင်များခုတ်‌ရောင်းပြီး ကျွန်းနှင့် အခြားနှစ်ရှည်ပင်များ ပြန်လည်စိုက်ပျိုးမှု များရှိ‌နေသည်ဟု ခြံပိုင်ရှင်များက ‌ပြောသည်။

ထိုသို ့‌ရော်ဘာပင်များခုတ်‌ရောင်းရာတွင် အရင်းအနှီးနည်းသူများအတွက် အခက်အခဲမရှိ‌သော်လည်း အရင်းအနှီးများသူများအတွက်မူ တွက်‌ချေမကိုက်‌ကြောင်း ခြံပိုင်ရှင်များအ‌နေဖြင့် ‌ရော်ဘာ‌ဈေးတက်လာ ‌အောင် ပြုလုပ်တက်ရန်လိုသည်ဟု သာမည ‌ရော်ဘာလုပ်ငန်းရှင်အသင်းမှ ဦးစစ်ကဲက အခုလို ‌ပြောသည်။

“ ‌ရော်ဘာ‌ဈေးရလာ‌အောင် ဥပမာ ‌ရော်ဘာအ‌စေးခြစ်တဲ့အခါ ခြံထဲမှာရှိတဲ့ အပင်တစ်ဝက်ပဲခြစ်ပြီး တစ်ဝက် ချန်ထားလိုက်။ အပင်တစ်‌သောင်း ရှိရင်ငါး‌ထောင်ဘဲခြစ်၊ ခြံရှိတဲ့လူတိုင်း အဲလိုစနစ်မျိုး ပြန်သုံးရင်‌ရော်ဘာ ရှားလာမယ် အဲချိန်ကျရင် ‌ဈေးပိုတက်လာမယ်လို့ ကျ‌နော်မြင်တယ်။ အဲလို အကြံ‌ပေးချင်တယ်” ဟု ဆိုသည်။

လက်ရှိပြည်နယ်အတွင်း ‌ရော်ဘာ‌ဈေးနှုန်းများမှာ ယခင်နှစ်‌နွေရာသီတွင် တစ်‌ပေါင်လျှင် ကျပ် ၅၀ဝ မှ ၄၀ဝ ကျပ်သို ့‌ဈေးကျဆင်းခဲ့သလို ယခုနှစ်တွင်လည်း ကျပ် ၆၀ဝ မှ ကျပ် ၅၀ဝ သို ့ကျဆင်းလာ‌နေ‌ကြောင်း ‌ရော်ဘာခြံ ပိုင်ရှင်များထံမှ သိရသည်။