Home သတင်း ‌ကော့ကရိတ်-မြဝတီ ကားလမ်း‌ဟောင်းတွင် ပစ်ခတ်မှုဖြစ်ပွား (သတင်းတို)

‌ကော့ကရိတ်-မြဝတီ ကားလမ်း‌ဟောင်းတွင် ပစ်ခတ်မှုဖြစ်ပွား (သတင်းတို)

1858

‌အောက်တိုဘာ ၈ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌ကော့ကရိတ်-မြဝတီကားလမ်း‌ဟောင်း‌နောက်‌ကျောအနီး ‌ကောင်းမှုရွာနှင့် ပျားပင်ကုန်းရွာအထက် ‌တောင်မဲ‌တောင်‌ကြောတွင် ကရင်နယ်ခြား‌စောင့်တပ်(BGF) တပ်ရင်း ၁၀၁၇ နှင့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA) ခွဲထွက်မှ ဗိုလ်နားမကြားအဖွဲ့တို့ ယ‌နေ့ ‌အောက်တိုဘာ ၈ ရက်‌နေ့၊ နံနက် ၁ဝ နာရီ ခန့်က စတင်ကာတိုက်ပွဲဖြစ်ပွား‌နေ‌ကြောင်း သိရသည်။

တိုက်ပွဲစတင်ဖြစ်ပွားရခြင်းနှင့်ပတ်သက်ပြီး ကရင်နယ်ခြား‌စောင့်တပ် BGF တပ်ရင်း ၁၀၁၇ မှ ဗိုလ်လား ဦး‌ဆောင်သည့် နယ်ခြား‌စောင့်တပ်က နယ်‌မြေရှင်းလင်းမှုများလုပ်‌ဆောင်‌နေစဉ် ထိ‌တွေ့တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ‌နေ့လည်အချိန်အထိ လက်နက်ကြီးလက်နက်ငယ်များနှင့်တိုက်ပွဲများ ကြိုကြားဖြစ်ပွား ‌နေဆဲဖြစ်သည်ဟု BGF အရာရှိတစ်ဦးက ‌ပြောသည်။

‌အောက်တိုဘာ ၆ရက်‌နေ့ကလည်း မြဝတီ-‌ကော့ကရိတ် ကားလမ်း‌ဟောင်းရှိ ‌ကောင်းမှုနှင့် ‌တောင်သုုံးလုံး ကြားတွင် နယ်ခြား‌စောင့်တပ် (BGF)က ကားတစ်စီးအား တားဆီးစစ်‌ဆေးရာမှ ကား‌ပေါ် ပါသူများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ ကား‌ပေါ်ပါလာသူ ၃ ဦးစလုံး ‌သေဆုံးသွားသည့်ဖြစ်စဉ် ဖြစ်ပွား‌သေးသည်။