Home ကဗျာ အို…..ညီ‌လေး‌ရေ

အို…..ညီ‌လေး‌ရေ

1997

(လကင်္ာဒီပ)

အို ညီ‌လေး‌ရေ …..
ဒီစိတ် ဒီကိုယ် ဒီခန္ဓာ
မင်းသာ နာနာခိုင်းလိုက်စမ်းပါ
ဘာမှမယ်မယ်ရရ မဟုတ်
ငုတ်တုတ်ထိုင် ငိုင်‌နေမယ့်အစား
မသနားဘဲ မိမိကိုယ်ကိုအမှူး
ဦး‌ဆောင်မှု ပြုခိုင်းကြပါ အဟုတ်
သို့မဟုတ်ပါက
တစ်ချိန်ချိန်မှာ သူတစ်ပါး
ခိုင်းစားတာ ခံလာရပါလိမ့်။

လူမျိုးတိုင်း လူမျိုးတိုင်းမှာ
ကျန်းမာ‌ရေး ပညာ‌ရေး
အ‌လေးထားဖို့လိုတယ် ညီ‌လေး
ကျန်းမာ‌ရေးမှာ ရင်းနှီးမြုပ်နှံမှု
ဗဟု ပညာ‌ရေးမှာ ရင်းနှီးမြုပ်နှံမှု
ဂရုပြု အ‌လေးသာ ထားခဲ့ကြရင်
ပင်ကိုယ် သဘာဝစွမ်းအား အရင်းအမြစ်‌တွေ
‌ဝေဆာသီးပွင့်လာနိုင်ကြလိမ့်မယ်။

ကျန်းမာ‌ရေး‌ကောင်းမှ
အလုပ်ကြိုးစား ယန္တရား‌တွေ
‌ခြေ‌နေမှန်စွာ လည်ပတ်နိုင်ရာ
ပညာတတ်များပါမှ
နိမ့်ကျတဲ့ဘဝ‌တွေကို
ပိုမိုမြှင့်တင်နိုင်‌အောင်
‌ဆောင်ကြဉ်းခြင်းငှာ တတ်စွမ်းနိုင်ပါလိမ့်
အိပ်စက်‌နေကြခြင်းမှ နိုးထလာကြ‌စေ။

အို ညီ‌လေး‌ရေ …..
သုံးသပ်ဆင်ခြင်နိုင်စွမ်း
သည်းခံစွမ်း နည်းခဲ့ကြ‌လေတယ်
ထိလွယ် ရှလွယ် ပွန်းပဲ့လွယ်
တကယ်အကဲဆတ်ရာ
ဘာသာ‌ရေး နှစ်ခုစရိုက်
ရန်တိုက်‌ပေးခြင်း ခံလိုက်ရပြီးသကာလ
ပညာနည်းခဲ့ကြသူ ညီအစ်ကို‌တွေ
မြစ်ဆုံ‌မြေစခန်းက လမ်းခွဲခဲ့ကြဖူးပြီ‌လေ။

သမိုင်းကို ရှုမြင်ရာမှာ
အားနာလို့မဖြစ်ဘူး ညီ‌လေး
ထိန်ချန်‌တွေး‌တောသုံးသပ်ကြမယ်ဆိုရင်
အံဝင်ဂွင်ကျမယ့် အမှန်တရား
‌ဝေးသွားကြရ‌ပေလိမ့်မ‌ပေါ့
ဒီ‌တော့ တို့ဟာ အနာဂတ်ကို
အလိုလို သစ္စာ‌ဖောက်မိလျက်သားဖြစ်‌နေပါလိမ့်။

အို ညီ‌လေး‌ရေ …..
အတိတ်မှာ တစ်ဦးတစ်‌လေ
‌ရွှေထီး‌ဆောင်းခဲ့ကြတာကို ခဏထား
တမျိုးသားလုံးမ‌မေ့မ‌လျော့ကြဘဲ
ရဲရဲရင့်ရင့် ညွှန်ပြ‌ထောက်ဆ
ပညာသားဆန်လာတဲ့တ‌နေ့
‌တွေ့ချင် မြင်ချင်ပါတယ်ဆိုတဲ့ ပန်းတိုင်
တို့ ပိုင်ဆိုင်နိုင်ကြမည်မှာ
ဧကန်သာ ဖြစ်‌တော့မှာ‌ပေါ့ ညီ‌လေး‌ရေ။

(၂ဝ ‌အောက်တိုဘာ၊ ၂၀၁၅)