Home သတင်း အားလုံးမပါဝင်သည့် အပစ်ရပ်‌ရေး ငြိမ်းချမ်း‌ရေးကို မ‌ဖော်‌ဆောင်နိုင်ဟု အမျိုးသမီးအဖွဲ့ချုပ် ‌ပြောဆို

အားလုံးမပါဝင်သည့် အပစ်ရပ်‌ရေး ငြိမ်းချမ်း‌ရေးကို မ‌ဖော်‌ဆောင်နိုင်ဟု အမျိုးသမီးအဖွဲ့ချုပ် ‌ပြောဆို

1450

‌အောက်တိုဘာ ၁၄ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာတွင် အားလုံးမပါဝင်သည့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှုသည် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်‌ပေးနိုင်မည်မဟုတ်‌ကြောင်းနှင့် ပဋိပက္ခများကို ပိုမိုဆိုးဝါးလာမည်ကို စိုးရိမ်‌ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာ နိုင်ငံ)-WLB က ‌အောက်တိုဘာလ ၁၃ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်ကာ ‌ပြောဆိုလိုက်သည်။

WLB ၏ ဦး‌ဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ နာဗစ်ဗွန်က “တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ အဖွဲ့ကြီး‌တွေက လက်မှတ်ထိုးမယ့် အဖွဲ့ မှာ မပါဘူး။ အဲဒိအပြင် အခုထိ တချို့‌နေရာ‌တွေမှာ တိုက်ပွဲ‌တွေဖြစ်‌နေတုန်း ဖြစ်ပါတယ်။ လက်မှတ်ထိုးလိုက်‌ပေမယ့်လို့ တိုင်း ရင်းသားအားလုံးအတွက် တကယ့် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်နိုင်ပါ့မလားဆိုတာကို ကျမတို့ စိုးရိမ်တယ်”ဟု ‌ပြောသည်။

၎င်းအပြင် NCA တွင် လက်မှတ်မထိုး‌သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တည်ရှိရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည် ‌မြောက်ပိုင်း‌ဒေသများတွင် အစိုးရတပ်၏ ထိုးစစ်များ ဆက်လက်ဖြစ်ပွား‌နေသည့်အတွက် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ၊ အိုး အိမ်စွန့်ခွာထွက်‌ပြေးရမှုများ‌ကြောင့် ရှိပြီးသား ဒုက္ခသည် ၂သိန်းကို ထပ်မံ တိုးလာ‌စေ‌ကြောင်းလည်း တိုင်းရင်းသူအမျိုးသမီးအ ဖွဲ့များက ‌ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် အ‌ခြေစိုက်သည့် ကချင်အမျိုးသမီးများအစည်းအရုံး(ထိုင်းနိုင်ငံ)၏ တွဲဖက်အတွင်း‌ရေးမှူး မဆိုင်းဇင်က “အခု တိုက်ပွဲ‌တွေ ဆက်ဖြစ်‌နေတဲ့အတွက် ဒုက္ခသည်အ‌ရေအတွက်‌တွေ တိုးလာဖို့ရှိတယ်။ ‌နောက်တစ်ခု အဲဒီ‌ဒေသ‌တွေမှာရှိတဲ့ ဒုက္ခ သည်‌တွေကို ‌ဆေးဝါး‌တွေ၊ စားနပ်ရိက္ခာ‌တွေ ကူညီရာမှာလည်း ကန့်သတ်ဟန့်တားမှု‌တွေရှိတဲ့အတွက် အခက်အခဲ‌တွေ ရှိ‌နေ တယ်”ဟု ‌ပြောသည်။

လက်ရှိ် ဒုက္ခများအားအကူအညီ‌ပေး‌နေသည့် နိုင်ငံတကာမှ လူသားစာနာမှုဆိုင်ရာ အကူအညီများ ‌လျော့ကျသွားသလို လက် မှတ်ထိုးလိုက်ပြီး‌နောက်ပိုင်းတွင် အတင်းအဓမ္မ ‌နေရပ်ပြန်ပို့ခံရမှုများ၊ ပဋ္ဋိပက္ခဖြစ်ပွားရာ ‌ဒေသများတွင် အကူအညီများ ထပ်မံ ဖြတ်‌တောက်ခံရသဖြင့် အမျိုးသမီးနှင့် က‌လေးသူငယ်များအတွက် ခက်ခဲကြမ်းတမ်းမှု ဖြစ်‌ပေါ်‌စေနိုင်‌ကြောင်းလည်း WLB က ‌ပြောသည်။

အလားတူ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခွင့်အပြင် အစိုးရ၏ စစ်‌ရေးထိုးစစ်များ၊ အခွင့်အ‌ရေးချိုး‌ဖောက် မှုများ ချက်ချင်းရပ်တန့်ပြီး တိုင်းရင်းသား‌ဒေသများရှိ တပ်များကို ပြန်လည်ရုပ်သိမ်း‌ပေး‌ရေးအတွက် အစိုးရအ‌ပေါ် နိုင်ငံတကာအ ဖွဲ့အစည်းများအ‌နေဖြင့် ဖိအား‌ပေးရန် အမျိုးသမီးအဖွဲ့များက ဆက်လက် ‌တောင်းဆိုထားသည်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ကို ၁၉၉၉ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကချင်၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ ပ‌လောင်၊ ပအိုဝ်း၊ သျှမ်း၊ ထားဝယ်၊ လားဟူ၊ ကူကီး စသည့်တိုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်းများ ပါဝင်သည့် အဖွဲ့ (၁၂)ဖြင့် ဖွဲ့ စည်းထားခြင်းဖြစ်သည်။