Home သတင်း အသိမ်းခံလယ်‌မြေဧက ၂၀၀၀‌ကျော်ကို ပြန်ရယူလိုဟု ပန်းတ‌နော်မြို့နယ် လယ်သမားများ ‌ပြောဆို

အသိမ်းခံလယ်‌မြေဧက ၂၀၀၀‌ကျော်ကို ပြန်ရယူလိုဟု ပန်းတ‌နော်မြို့နယ် လယ်သမားများ ‌ပြောဆို

1675

‌အောက်တိုဘာ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ‌နော်မြို့နယ် မြစ်ဝ‌ရေကြီးကွင်း၌် ဖိုးလမင်းကုမ္ပဏီမှ ငါး‌မွေးမြူ‌ရေးနှင့် စိုက်ပျိုး‌ရေး လုပ်ငန်း လုပ်ကိုင်ရန် လွန်ခဲ့သည့်နှစ် ၂ဝခန့်က သိမ်းယူထားသည့် ဘိုးဘွားပိုင်လယ်‌မြေ ဧက ၂၀၀၀‌ကျော်ကို ပြန်လည်ရယူလို သည်ဟု လယ်ယာ‌မြေသိမ်းဆည်းခြင်းခံရသည့် လယ်သမားများက ‌အောက်တိုဘာလ ၂၈ရက်‌နေ့တွင် ‌ကေအိုင်စီသို့‌ပြောသည်။

“အရင်က ဒီကုမ္ပဏီကို‌ကြောက်လို ့မ‌တောင်းရဲဘူး။ အခု ‌ခေတ်‌ပြောင်း၊ စနစ်‌ပြောင်းဆို‌တော့ လယ်သမား‌တွေက ပြန်‌တောင်း တာပါ။ အဲဒီ‌မြေ‌တွေက ‌ပြေစာ‌ပေါက် ‌မြေ‌တွေပါ။ လယ်‌တွေကို ပြန်ရဖို့ ကျ‌နော်တို့စာတင်တယ်။ ကုမ္ပဏီက ပြန်မ‌ပေးလုပ်ဘူး။ လယ်ပြန်လုပ်‌တော့ ပုဒ်မ ၄၂၇နဲ့ ၄၄၇တို့နဲ့ တရားစွဲတယ်။ ကျုး‌ကျော်မှုနဲ့ပါ ၁၂ဦးကို လက်ရှိ တရားစွဲထားပါတယ်”ဟု တရားစွဲခံ ရသူတဦးဖြစ်သည့် လယ်သမား ‌စောခင်‌ဇော်‌အေးက ‌ပြောသည်။

အဆိုပါအသိမ်းခံရသည့် မြစ်ဝ‌ရေကြီးကွင်းရှိ လယ်‌မြေဧက ၂၀၀၀‌ကျော်မှာ ‌မြေလွတ်‌မြေရိုင်းမဟုတ်ဘဲ အမှန်တကယ် ဘိုးဘွား ပိုင်လယ်‌မြေများဖြစ်ခြင်း‌ကြောင့် ပြန်ရရှိရန် ‌အောက်တိုဘာလ ၂၇ရက်‌နေ့တွင် လယ်သမား ၃၀ဝခန့်က သက်ဆိုင်ရာသို့ ခွင့်ပြု ချက်တင်၍ ပန်းတ‌နော်မြို့‌ပေါ်တွင် ဆန္ဒထုတ်‌ဖော်မှု ပြုလုပ်ခဲ့ကြသည်။

အလားတူ ယခင်က နှစ်ကြိမ်တိုင်တိုင် လယ်သမားများဆန္ဒ ထုတ်‌ဖော်ပွဲ ပြုလုပ်ခဲ့‌သော်လည်း ဌာနဆိုင်ရာများက တစုံတရာ ‌ဆောင်ရွက်‌ပေးခြင်းမရှိခဲ့သည့်အတွက် ယခုကဲ့သို ့ ထပ်မံ ဆန္ဒထုတ်‌ဖော်ခဲ့ခြင်းဖြစ်‌ကြောင်း လယ်သမားများက ‌ပြောဆိုသည်။

ယင်းလယ်‌မြေများ ပြန်ရရန် ဦး‌ဆောင်လုပ်‌ပေးသူ ‌စောဖိုးနီက “‌တောင်သူ‌တွေက လယ်‌မြေပြန်ရဖို့ ‌တောင်းဆိုလည်း သက်ဆိုင် ရာ ‌မြေစာရင်းဌာန၊ မြို့နယ်အဖွဲ့အစည်း‌တွေ လာ‌ရောက်‌ဖြေရှင်း‌ပေးတာမရှိဘူး။ ကုမ္ပဏီပိုင်‌မြေနဲ့ ‌တောင်သူလယ်သမားပိုင်တဲ့‌မြေ ကို စည်းခြားထား‌ပေးပါလို့ ‌တောင်းဆို‌တော့လည်း မလုပ်‌ပေးဘူး။ သူတို့ အမှန်တကယ်ပိုင်ရင် ‌ပြေစာ‌ပေးပါ ‌တောင်း‌တော့လည်း မ‌ပေးဘူး။ ‌တောင်သူ‌တွေ ဘာလုပ်ရမလဲ မသိဖြစ်‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လယ်သမားများအ‌နေဖြင့် ကုမ္ပဏီပိုင်လယ်‌မြေများကို ‌တောင်းယူခြင်းမဟုတ်သလို ယခင်က မိမိတို့ပိုင်ဆိုင်သည့် လယ်‌မြေများ ကိုသာ ပြန်‌တောင်းယူခြင်းဖြစ်ကာ ကုမ္ပဏီမှ ပြန်စွန့်လွှတ်‌မြေအဖြစ် နား‌ထောင်‌ကောင်း‌အောင် ပြန်‌ပေးသည်ကိုလည်း မလိုချင် ဟု ‌စောဖိုးနီက ဆက်‌ပြောသည်။

လယ်သမားများအ‌နေဖြင့် ယင်းလယ်‌မြေများ ပြန်ရရန် ယခုနှစ်၊ ဇူလိုင်နှင့် စက်တင်ဘာလများက ဆန္ဒ‌ဖော်ထုတ်ပွဲ နှစ်ကြိမ်ပြု လုပ်ခဲ့ပြီးဖြစ်သလို ဆန္ဒထုတ်‌ဖော်ရာတွင် ပါဝင်သည့်‌ကျေးရွာများမှာ ပန်းတ‌နော်မြို့နယ် ခနွဲကဘို၊ ရှမ်းစု၊ ‌ချောင်းကြီး၊ ပြလင်း၊ ကြခတ်‌တော၊ ‌ရွှေထင်ကားကျွန်း၊ တူး‌ချောင်းနှင့် ထိန်ကုလားကုန်း စသည့်‌ကျေးရွာများမှ လယ်သမားများ ပါဝင်‌ကြောင်း သိရ သည်။