Home သတင်း အပစ်ရပ်စဲ‌ရေးတွင် တပ်အသွင်‌ပြောင်းခြင်း လက်မခံ‌ကြောင်း KNLA ရပ်တည်ချက်သ‌ဘောထား ထုတ်ပြန်

အပစ်ရပ်စဲ‌ရေးတွင် တပ်အသွင်‌ပြောင်းခြင်း လက်မခံ‌ကြောင်း KNLA ရပ်တည်ချက်သ‌ဘောထား ထုတ်ပြန်

2303

‌အောက်တိုဘာ ၁၄ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

အပစ်အခတ်ရပ်စဲ‌ရေးနှင့် ပတ်သက်၍ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) အ‌နေဖြင့် နယ်ခြား‌စောင့်တပ်ဖြစ် ‌စေ၊ ပြည်သူ့ရဲဝန်ထမ်းဖြစ်‌စေ အသွင်‌ပြောင်းခြင်းကို လုံးဝ လက်ခံမည်မဟုတ်‌ကြောင်း အပါအဝင် အချက်(၆)ချက်ပါ သ‌ဘော ထားရပ်တည်ချက်ကို (KNLA) က ‌အောက်တိုဘာလ ၁၄ရက် (ယ‌နေ့)‌နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ယင်းသို့ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ KNLA ဗဟိုစစ်ဦးစီးဌာနချုပ် တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ်စရှာထု‌ဝေါ်က “ဘာဖြစ်ဖြစ် Nationwide Ceasefire လုပ်တာဖြစ်ဖြစ်၊ မလုပ်တာဖြစ်ဖြစ် ကျ‌နော်တို့ဟာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်အဖြစ် ဆက်လက်ရပ်တည်သွားမယ်ဆိုတာကို ပြန်လည်အသိ‌ပေးတာဖြစ်သလို ပြည်သူလူထု‌တွေကိုလည်း အသိ‌ပေးထုတ်ပြန်တာဖြစ် ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေစဉ်ကာလအတွင်း မြန်မာ့တပ်မ‌တော်က ၎င်းတို့၏ မူ(၆)ချက်ကို ကိုင်စွဲထားသလို NCA လက်မှတ် ထိုးပြီး စာချုပ်တွင်ပါဝင်‌သော လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်‌ပေါင်းစည်းခြင်းနှင့် ပတ်သက်၍ ‌ဝေဖန်‌ပြောဆိုမှုများ အမျိုးမျိုး ထွက်‌ပေါ် ‌နေသည့်အ‌ပေါ် မိမိတို့၏ သ‌ဘောထားကို အတိအလင်း ထုတ်ပြန်ရခြင်းဖြစ်‌ကြောင်းလည်း ၎င်းက ဖြည့်စွက်‌ပြောဆိုသည်။

ယ‌နေ့ထုတ်ပြန်လိုက်သည့် KNLA ၏ ရပ်တည်ချက် (၆)ချက်မှာ ၎င်းတို့၏ တပ်မဟာ၊ ခရိုင်နယ်‌မြေများအတွင်း မြန်မာ့တပ်မ ‌တော်မှ တပ်အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ခဲယမ်း ဖြည့်ဆည်းပို့‌ဆောင်ခြင်းများ မပြုလုပ်ရန်၊ ‌ရှေ့တန်းတပ်စခန်းအချို့ ရုပ်သိမ်း ‌ပေးရန်၊ ‌ကေအဲန်ယူနယ်‌မြေအတွင်း KNLA သတ်မှတ်ထားသည့်လမ်း‌ကြောင်းအတိုင်းသာ မြန်မာ့တပ်မ‌တော်က သွားလာရန်၊ ဖြတ်သန်းသွားလာလိုပါက ကြိုတင် ဆက်သွယ်အ‌ကြောင်းကြားရန်တို့ဖြစ်သည်။

ထို့အပြင် KNU အုပ်ချုပ်‌ရေးနယ်‌မြေအတွင်း KNLA တပ်ဖွဲ့ဝင်များလှုပ်ရှားသွားလာမှုကို မြန်မာ့တပ်မ‌တော် သို့မဟုတ် အာဏာ ပိုင်များက တားဆီးကန့်သတ် ‌နှောက်ယှက်ခြင်းမပြုရန်အပြင် ငြိမ်းချမ်း‌ရေး မထိခိုက်‌စေရန် အုပ်ချုပ်‌ရေးလုပ်ငန်းများ၊ တရားစီရင် ‌ရေးလုပ်ငန်းများကို အစိုးရဖက်မှ ဝင်‌ရောက်လုပ်‌ဆောင်ခြင်းမပြုလုပ်ရန်တို့ ပါဝင်သည်။

ယင်းသ‌ဘောထားဆုံးဖြတ်ချက်များမှာ KNLA တပ်မှူးများ၏ ၂၀၁၃ခုနှစ်၊ ဩဂုတ်လ ၂၆ရက်မှ ၂၉ရက်‌နေ့အထိ ပြုလုပ်ခဲ့‌သော ‌ခြောက်လပတ် တပ်မှူးများ အစည်းအ‌ဝေး၏ဆုံးဖြတ်ချက်နှင့် ၂၀၁၅ခုနှစ်၊ ဩဂုတ်လ ၁၈ရက်မှ ၂ဝရက်‌နေ့အထိ ပြုလုပ်ခဲ့‌သော တပ်မှူးများ အ‌ရေး‌ပေါ်အစည်းအ‌ဝေး၏ ဆုံးဖြတ်ချက်များဖြစ်‌ကြောင်း သိရသည်။

၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက “အပစ်ခတ်ရပ်စဲ‌ရေးက ‌ကောင်းတယ်။ သို့‌သော် အရင့်အရင်က အပစ် ခတ်ရပ်စဲ‌ရေးလိုမျိုး စာချုပ်ချုပ်လိုက်၊ ပြန်ပစ်လိုက်ဆိုတာမျိုး မဖြစ်‌အောင် ခိုင်မာတဲ့ ချည်‌နှောင်မှု၊ အာမခံမှု‌တွေ ရှိဖို့လိုတယ်။ ‌နောက်တစ်ခုက ပြည်တွင်းစစ်ဟာ နိုင်ငံ‌ရေး‌ကြောင့်ဖြစ်တယ်။ နိုင်ငံ‌ရေးပြဿနာကို မ‌ဖြေရှင်းနိုင်ဘဲနဲ့ နိုင်ငံ‌ရေးသ‌ဘောတူညီ ချက် မရ‌သေးဘဲနဲ့ လက်နက်စွန့်ခိုင်းတဲ့ကိစ္စမျိုး‌တော့ ကျ‌နော်တို့က လက်မခံဘူး”ဟု ယမန်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။
KNLA troops
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးစာချုပ် အခန်း(၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များတွင်လည်း နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းကမ်းများနှင့်ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့များ ‌နေရာချထားခြင်း၊ တပ်ဖွဲ့ဝင်များလွတ်လပ်စွာ သွားလာ ခွင့်၊ အရပ်သားများကို အကာအကွယ်‌ပေးခြင်းဆိုင်ရာ လိုက်နာလုပ်‌ဆောင်ရမည့်အချက်များကို ထည့်သွင်း‌ဖော်ပြထားသည်။

NCA စာချုပ် အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာကိစ္စရပ်များ ၅။(ဂ)တွင် ပါဝင်သည့် တပ်‌နေရာချထား‌ရေးကိစ္စများ၊ နှစ်ဖက်တပ်များ လိုက်နာရမည့်စည်းကမ်းများကို လက်မှတ်မထိုးမှီအချိန်အထိ မြန်မာ့တပ်မ‌တော်ဘက်က ဆက်လက်လုပ် ‌ဆောင်‌နေသည့်အချက်ကိုလည်း KNLA ဘက်က ‌ထောက်ပြ ‌ပြောဆိုထားသည်။

ဗိုလ်မှူးချုပ် စရှာထု‌ဝေါ်က “ဒီအချက်‌တွေဟာ ၂၀၁၂ကတည်းက တင်ထားတဲ့အချက်‌တွေဖြစ်‌ပေမယ့် တစ်ခါမှ မလုပ်‌ဆောင်နိုင် ‌သေးဘူး။ အခုလည်း ကျ‌နော်တို့နယ်‌မြေ‌တွေမှာ တပ်‌တွေတိုးချဲ့လာတာ ‌တွေ့ရတယ်။ သူတို့က တပ်အ‌ပြောင်းအလဲလုပ်တယ် လို့ ‌ပြော‌သော်လည်း ဒီဟာ‌တွေက code of conduct မှာပါတဲ့အတွက် ကျ‌နော်တို့ကိုလည်း အ‌ကြောင်းကြားရမှာဖြစ်ပါတယ်။ လက်မှတ်ထိုးပြီးရင်လည်း ဒီအချက်‌တွေကို ‌ဆောင်ရွက်မလား၊ မ‌ဆောင်ရွက်ဘူးလားဆိုတာ သူတို့အ‌ပေါ်မှာ သံသယဖြစ်‌နေပါ တယ်”ဟု ဆိုသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ် NCA ကို ကရင်တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ အပါအဝင် အဖွဲ့(၈)ဖွဲ့က ‌အောက်တိုဘာလ (၁၅)ရက်‌နေ့တွင် ‌နေပြည်‌တော်၌ လက်မှတ်‌ရေးထိုးကြမည်ဖြစ်ပြီး KNU ဘက်မှ ဥက္ကဋ္ဌ၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီတို့က လက်မှတ်‌ရေးထိုးကြမည်ဖြစ်သည်။

ယင်းလက်မှတ်ထိုးပွဲ အခမ်းအနားကို ဖိတ်ကြားခံရသည့် KNU ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် အစိုးရထိုးစစ် ပြင်းထန်‌နေချိန် စစ်ဖြစ်‌နေသည့်‌ဒေသများမှ ပြည်သူ့များ၏ဘဝ လုံခြုံမှုမရှိသည့်အ‌ခြေအ‌နေတွင် အခမ်း အနားဆင်နွှဲသည့်သ‌ဘောမျိုး သက်‌ရောက်မည်ဟု ယူဆသည့်အတွက် မတက်‌ရောက်နိုင်‌ကြောင်း ‌အောက်တိုဘာလ (၁၂)ရက် ‌နေ့က အ‌ကြောင်းပြန်ကြားထားသည်။

NCA စာချုပ်ပါ အခန်း(၆)အရ လက်မှတ်‌ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ကို ‌အောက်တိုဘာလ (၁၂)ရက်‌နေ့ နှင့် (၁၃)ရက်‌နေ့များတွင် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်လိုက်‌ကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားခဲ့သည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA မှာ ကရင်အမျိုးသားအစည်းအရုံး KNU လက်‌အောက်ခံဖြစ်ပြီး တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးစာချုပ် NCA လက်မှတ်မထိုးမှီ တစ်ရက်အလိုတွင် ၎င်းတို့၏ တပ်ဖက်ဆိုင်ရာ ရပ်တည်ချက်ကို ပထမဆုံးအကြိမ်အဖြစ် KNLA ဗဟိုစစ်ဦးဌာနချုပ်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။