Home ဆောင်းပါး အခက်အခဲကြားက ရုန်းကန်‌နေရဆဲ ပြည်နယ်တွင်းရှိလူမှု အဖွဲ့အစည်းများ

အခက်အခဲကြားက ရုန်းကန်‌နေရဆဲ ပြည်နယ်တွင်းရှိလူမှု အဖွဲ့အစည်းများ

1799

စဖန်း‌ရှောင်း

ကမ္ဘာ‌ပေါ်မှာ ပြည်တွင်းစစ်အရှည်ကြာဆုံးဖြစ်ခဲ့တဲ့ နိုင်ငံတစ်ခုလို ့ သတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံမှာ ၆၅ နှစ် ‌ကျော်ကြာ အစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင်‌တော်လှန်‌ရေး ဆင်နွဲခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး- ‌ကေအဲန်ယူ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအများဆုံးရှိတဲ့ ပြည်နယ်တခုအဖြစ် သတ်မှတ်လို ့ရတဲ့ ပြည်နယ်‌တွေထဲမှာ ကရင်ပြည်နယ်လည်း အပါအဝင်ဖြစ်ပါတယ်။

ရာစုနှစ်ဝက်‌ကျော်ကြာ ပြည်တွင်းစစ် ပဋိပက္ခ‌ကြောင့် လူ ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေ၊ စစ်‌ပြေးဒုက္ခသည်‌တွေ၊ ပညာ‌ရေး၊ ကျမ်းမာ‌ရေး နိမ့်ကျမှု‌တွေ စတဲ့ပြဿနာများစွာရင်ဆိုင်ခဲ့ရသလို အခုအစိုးရ လက်ထက်မှာလည်း အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေအ‌နေနဲ ့ လူထု အကျိုးပြု လုပ်ငန်း‌တွေ လုပ်‌ဆောင်တဲ့အခါ ထိထိ ‌ရောက်‌ရောက် မလုပ်‌ဆောင်နိုင်‌သေးပဲ အခက်အခဲ‌တွေ စိုးရိမ်မှု‌တွေနဲ ့ရင်ဆိုင်‌နေရတယ်လို့ ‌ပြောဆို‌နေကြပါ တယ်။

ဖားအံမြို့မှာ အ‌ခြေစိုက်တဲ့ ကရင့်‌ရေးရာ ‌ကော်မတီတာဝန်ခံ ဆရာ‌စော‌ကျော်စွာက “ အဓိက အချက် နှစ်ချက်ရှိတယ်။ အဲ့ဒါက‌တော့ ကရင်ပြည်နယ်မှာရှိတဲ့ အရက်ဖက်အဖွဲ့အစည်း‌တော်‌တော် များများဟာ တရားဝင်မှတ်ပုံတင်ထားတာ မရှိတဲ့အတွက်‌ကြောင့်ရယ်၊ ‌ကြောက်ရွံ့စိတ်ရှိတဲ့ အချက်ဟာလည်း အရပ်ဖက် အဖွဲ့အစည်း‌တွေ အတွက်အခက်အခဲတစ်ခု ဖြစ်‌နေပါတယ်” လို ့‌ပြောပါတယ်။

အရပ်ဖက်လူမှုအဖွဲ့အစည်းအများစု ယူဆထားတာက အဖွဲ့အစည်းကို တရားမဝင်မှတ်ပုံတင်လိုက်ရင် အစိုးရရဲ့ ကန် ့သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း‌ဘောင်အတွင်း လိုက်နာရမှာဖြစ်တဲ့အတွက် သူတို ့ရဲ့ လှုပ်ရှား‌ဆောင် ရွက်မှု‌တွေကို ကန် ့သတ်ချုပ်ချယ်မှု‌တွေရှိလာပြီး လွတ်လပ်စွာ မလုပ်‌ဆောင်နိုင်မှာကို စိုးရိမ်မှု‌တွေလည်း ရှိ‌နေပါတယ်။

နှစ်‌ပေါင်း ၆ဝ ‌ကျော်ကြာ လက်နက်ကိုင်‌တော်လှန်‌ရေး ဆင်နွဲခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)ဟာ အစိုးရနဲ ့၂၀၁၂ ဇန်နဝါရီမှာ ပြည်နယ်အဆင့် အပစ်ရပ်စဲပြီး‌နောက်ပိုင်း ကရင်ပြည်နယ် အတွင်းမှာ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေတဲ့ ကာလ‌တွေမှာ အရပ်ဖက်လူမှု အဖွဲ့အစည်း‌တွေ ‌ပေါ်‌ပေါက် လာခဲ့တာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ အရပ်ဖက်လူမှုအဖွဲ့အစည်း‌ပေါင်း ၂၇ ဖွဲ့ရှိပြီး တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့က ၃ ဖွဲ့ခန် ့သာရှိသလို ကျန်အဖွဲ့ အစည်း‌တွေက‌တော့ တရားဝင်အဖွဲ့အစည်းဖြစ်ဖို ့မှတ်ပုံတင်ထားဆဲ အ‌ခြေအ‌နေသာ ရှိ‌နေပါ‌သေးတယ်။

လက်တ‌လော လူမှုအဖွဲ့အစည်း‌တွေအ‌နေနဲ့ ကရင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်း‌ရေးနဲ ့ပတ်သက်တဲ့ သတင်း ဖြန် ့‌ဝေခြင်း၊ ပညာ‌ပေးခြင်း၊ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများပြုလုပ်ခြင်း စတာ‌တွေကို လုပ်‌ဆောင်‌နေ‌ပေမယ့် လယ်ယာ‌မြေ ပြဿာနာနဲ့ မူးယစ်‌ဆေးဝါးကြီးထွားလာ‌နေမှု‌တွေကို‌တော့ ထိထိ‌ရောက်‌ရောက် မလုပ်‌ဆောင် နိုင်‌သေးတာ‌တွေ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က မြန်မာနိုင်ငံအ‌ရှေ့‌တောင်‌ဒေသဖြစ်တဲ့ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသင်္ာရီတိုင်း ရှိ အရပ်ဖက်အဖွဲ့အစည်း‌ပေါင်း (၁၁၄) ဖွဲ့က ကို်ယ်စားလှယ်‌ပေါင်း (၄၄၅)ဦး တက်‌ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ အ‌ရှေ့‌တောင်‌ဒေသ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်း‌ရေးညီလာခံကို မွန်ပြည်နယ် ‌မော်လမြိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီညီလာခံမှာ ငြိမ်းချမ်း‌ရေးနဲ့ ‌မြေယာစီမံ ခန့်ခွဲမှုပြဿနာ‌တွေ၊ မူးယစ်‌ဆေးဝါးပြဿနာ‌တွေ၊ နိုင်ငံ‌ရေး‌တွေ့ဆုံ ‌ဆွေး‌နွေးမှုနဲ့ အရပ်ဖက်အဖွဲ့အစည်း‌တွေရဲ့ အခန်းကဏ္ဍ၊ အပစ်အခတ်ရပ်စဲ‌ရေး ‌စောင့်ကြည့် ‌လေ့လာ‌ရေး၊ အကြီးစားဖွံ့ဖြိုး‌ရေး စီမံကိန်း‌တွေ၊ Human Security ကိစ္စ‌တွေကို ‌ဆွေး‌နွေးတဲ့အခါမှာ အရပ်ဖက်အဖွဲ့အစည်း ‌တွေအ‌နေနဲ့ လုပ်ငန်း‌တွေ လုပ်‌ဆောင်ရာမှာ ထိထိ‌ရောက်‌ရောက် မလုပ်‌ဆောင်နိုင်‌သေး‌ကြောင်း ညီလာခံ တက်‌ရောက်လာတဲ့ အရပ်ဖက်အဖွဲ့အစည်း ‌တော်‌တော်များများက ‌ပြောဆိုကြပါတယ်။

အခုလို မလုပ်‌ဆောင်နိုင်‌သေးတာဟာ အရပ်ဖက်အဖွဲ့အစည်းအချို့ကိုယ်တိုင် အားနည်းချက်‌တွေ ရှိ‌နေ‌သေးတဲ့ အတွက်‌ကြောင့်လည်း ဖြစ်တယ်လို့ မွန်ပြည်နယ် ‌မော်လမြိုင်မြို့မှာအ‌ခြေစိုက်တဲ့ အရပ်သား အပစ်အခတ် ရပ်စဲ‌ရေး ‌စောင့်ကြည့်‌ရေး ‌ကော်မတီအတွင်း ‌ရေးမှူး ဦးမင်း‌အောင်ထူးက ‌ပြောပါတယ်။

“ တစ်ချို့CSO ‌တွေက ထိ‌ရောက်လုပ်‌ဆောင်နိုင်တဲ့အဖွဲ့‌တွေ ရှိသလို၊ တစ်ချို့လည်း ထိ‌ရောက်‌အောင် မလုပ်နိုင်‌သေးပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့မှာ စွမ်းရည်မပြည့်ဝမှု‌တွေ၊ ပညာရှင်အားနည်းမှု‌တွေ၊ အချိန်‌ပေး မလုပ်‌ဆောင်နိုင်တဲ့ အချက်‌တွေ‌ကြောင့်လည်း ဖြစ်ပါတယ်” လို့ သူက သုံးသပ်ပါတယ်။

အရပ်ဖက်လူမှု အဖွဲ့အစည်း‌တွေက သူတို့ရဲ့လှုပ်ရှားသွားလာမှု‌တွေကို အစိုးရအာဏာပိုင်‌တွေက ‌စောင့်ကြည့် မှု‌တွေ ရှိ‌နေသလို တရားဥပ‌ဒေစိုးမိုးမှု မရှိ‌သေးတဲ့‌နေရာ‌ဒေသ‌တွေမှာ အစိုးရစစ်တပ်ဖက်ကဖြစ်‌စေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့‌တွေထဲကဖြစ်‌စေ အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေ ရှိ‌နေတဲ့အ‌ပေါ်မှာ ရဲရဲဝံ့ဝံ့ ထုတ်‌ဖော်‌ပြောဆိုမှု‌တွေ မလုပ်ရဲကြ‌သေးတာကလည်း အခက်အခဲတစ်ခုဖြစ်‌နေတယ်လို့ လူမှုအဖွဲ့အစည်း များက‌ပြောကြပါတယ်။

တနည်းအားဖြင့် အစိုးရအာဏာပိုင်‌တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေက ဖွံ့ဖြိုး‌ရေးအ‌ကြောင်းပြ စီပွား‌ရေးလုပ်ငန်း‌တွေ ခွင့်ပြု‌ပေးတာ၊ လုပ်‌ဆောင်ခွင့်‌ပေးတဲ့အခါမှာ လူထု‌တွေရဲ့‌မြေယာဆုံး ရှုံးမှု‌တွေ၊ အသက်‌မွေးဝမ်း‌ကျောင်း ဆိုင်ရာထိခိုက်မှု‌တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု‌တွေ ရှိတဲ့အခါမှာ အရပ်ဖက်အဖွဲ့အစည်း‌တွေက ‌ထောက်ပြ‌ပြောဆို‌နေတာ‌တွေအ‌ပေါ် ခြိမ်း‌ခြောက်တာ‌တွေ၊ ဖိအား‌ပေးတာ‌တွေ ကြုံရတာမျိုးပါ။

၂၀၁၄ ခုက‌ကောက်ယူခဲ့တဲ့ သန်း‌ခေါင်စာရင်းဆိုင်ရာ အချက်အလက်‌တွေအရ လူဦး‌ရေ ၁.၅၇ သန်းရှိတဲ့ ကရင်ပြည်နယ်အတွင်းမှာ ကရင်လက်နက်ကိုင်‌တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒီမိုက‌ရေစီ အကျိုးပြုကရင်တပ်မ‌တော်-DKBA၊ ကရင်နယ်ခြား‌စောင့်တပ်-BGF၊ KNLA(ငြိမ်းချမ်း‌ရေး‌ကောင်စီ) စတဲ့ကရင် လက်နက်ကိုင် အဖွဲ့‌တွေ အများဆုံး လှုပ်ရှား‌နေကြ ပါတယ်။

အကြီးဆုံးလက်နက်ကိုင်အဖွဲ့လည်းဖြစ် မြန်မာပြည်မှာအရှည်ကြာဆုံး လက်နက်ကိုင်‌တော် လှန်‌ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဖားအံဆက်ဆံ‌ရေးရုံးတာဝန်ခံ ‌စောရှီးရှိုက နယ်‌မြေတွင်းမှာ အကျိုးရှိမယ့် ကိစ္စ‌တွေဆိုရင် ခွင့်ပြု‌ပေးပါတယ်လို့ ဆိုပါတယ်။

သူက “ ကျ‌နော်တို့က‌တော့ ကျ‌နော်တို့နယ်‌မြေအတွင်းမှာရှိတဲ့ လုံခြုံ‌ရေး၊ အုပ်ချုပ်‌ရေး မထိခိုက်ဘဲ လူထု အတွက်အကျိုးရှိမယ့် ကိစ္စ‌တွေဆို လိုလိုလားလားခွင့်ပြုပါတယ်။ မလုပ်ခင်မှာ ကျ‌နော်တို့ကို ညှိုညှိုနှိုင်းနှိုင်း တိုင်ပင်လုပ် ‌ဆောင်မယ်ဆို အဆင်‌ပြေပါတယ်။ CSO ‌တွေအ‌နေနဲ့ ကျ‌နော်တို့နဲ့တိုင်ပင်မှုမရှိဘဲ လုပ်‌ဆောင်တဲ့အခါကျ‌တော့ တစ်ချို့အဆင်မ‌ပြေမှု‌လေး‌တွေဖြစ်‌ပေါ်ခဲ့တာဖြစ်ပါတယ်” လို့‌ပြောပါတယ်။

လှုပ်ရှား‌ဆောင်ရွက်ရာမှာ အခက်အခဲ‌တွေရှိ‌နေတဲ့ ကရင်ပြည်နယ်တွင်းမှာ‌တော့ အရပ်ဖက်လူမှုအဖွဲ့‌တွေ အ‌နေနဲ့ကွန်ရက်တစ်ခု ဖွဲ့စည်းပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ် ‌လေ့လာ‌စောင့်ကြည့်ခြင်း၊ ဘာသာ‌ရေးအဖွဲ့အစည်းများနဲ့ ‌တွေ့ဆုံခြင်း၊ ငြိမ်းချမ်း‌ရေးဆိုင်ရာ အသိပညာ‌ပေးခြင်းများကို လာမယ့် ၂၀၁၆ ခုနှစ်မှာ စီမံကိန်းချပြီးတိုးမြင့် လုပ်‌ဆောင်သွားဖို့ရှိတယ်လို့ ကရင်လူမှုအဖွဲ့အစည်းများက ‌ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ‌ကြောင့် မငြိမ်းချမ်းခဲ့တဲ့ အ‌ခြေအ‌နေမှာ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင် နိုင်ဖို့အတွက် အစိုးရနဲ့ နှစ် ‌ပေါင်း ၆ဝ ‌ကျော်ကြာ လက်နက်ကိုင်‌တော်လှန်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် အခြား‌သော ကရင်လက်နက်ကိုင် အဖွဲ့‌တွေလည်း NCA(တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သဘာတူညီချက်)ကို အစိုးရနဲ့ ‌နေပြည်‌တော်မှာ ပြီးခဲ့တဲ့ ‌အောက်တိုဘာ ၁၅ ရက်‌နေ ့က သ‌ဘောတူ လက်မှတ်‌ရေးထိုးလိုက်ပြီး ဖြစ်ပါတယ်။

လက်ရှိ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေစဉ် ကာလအတွင်းမှာပဲ KNU ထိန်းချုပ်ရာနယ်‌မြေအတွင်း ‌မြေယာပြသာနာ ‌တွေ၊ ဖွံ့ဖြိုး‌ရေးစီမံကိန်း‌တွေ၊ မူးယစ်‌ဆေးဝါးပြသာနာ‌တွေကိုကြုံ‌တွေ့‌နေရတဲ့အတွက် NCA လက်မှတ်ထိုးပြီး ‌နောက်ပိုင်းမှာလည်း လူထုအ‌ပေါ် ဘယ်လို အကျိုးသက်‌ရောက်မှု ရှိမလဲဆိုတာကို လူမှု အဖွဲ့အစည်း‌တွေက စိုးရိမ်မှု‌တွေ ရှိ‌နေပါတယ်။

အဲဒါ‌တွေအပြင် ၂၀၁၂ ခုနှစ်မတိုင်ခင် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ အစိုးရအဆက်ဆက်တို့ ‌ဖော်‌ဆောင်လာတဲ့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု တစ်‌လျှောက်လုံး အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေနဲ့ ပြည်သူ‌တွေ ပါဝင်မှုမရှိဘဲ ပွင့်လင်းမြင်သာမှု နည်းပါးတာ‌ကြောင့် ငြိမ်းချမ်း‌ရေးဟာ မကြာခင်ပျက်ပျယ်သွားတဲ့ သာဓကများကို ‌ထောက်ပြ‌ပြော ဆို‌နေကြပါတယ်။

ကရင့်‌ရေးရာ‌ကော်မတီရဲ့ တာဝန်ခံဖြစ်သူ‌စော‌ကျော်စွာက‌တော့ “ အခုလက်ရှိငြိ်မ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ CSO ‌တွေပါဝင်တဲ့အတွက် ငြိမ်းချမ်း‌ရေးလမ်း‌ကြောင်းဟာ တစ်မျိုးတစ်ဖုံ‌ပြောင်းလဲသွားပြီး‌တော့ အခုထက်ထိ ရပ်တည်နိုင်ခဲ့ တယ်။ အဲဒါ‌ကြောင့် CSO ‌တွေပါဝင်မယ်ဆိုရင် ငြိမ်းချမ်း‌ရေးဟာပိုမိုခိုင်မာမယ်လို့ ယူဆပါတယ်” လို့ ‌ပြောပါတယ်။

အခုလို ပြည်နယ်အတွင်းအ‌ခြေစိုက် လက်နက်ကို်င်‌တော်လှန်‌ရေးဖွဲ့များ NCA ကိုလက်မှတ်ထိုးလိုက်‌ပေမဲ့ လူအခွင့်အ‌ရေးချိုး‌ဖောက်ခံရတာ‌တွေ၊ မူးယစ်‌ဆေးဝါးနဲ ့‌မြေယာပြဿာနာ၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ စီမံကိန်း ကြီး‌တွေကို လူမှုအဖွဲ့အစည်းများက ‌ဒေသခံများအတွက် ကူညီရပ်တည် ‌ပေးဖို ့လက်‌တွေ့ အ‌ခြေအ‌နေက‌တော့ အခက်အခဲများစွာရှိ‌နေပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ လူမှုအဖွဲ့အစည်း‌တွေပါဝင်ဖို ့ဆက်လက်ရုန်းကန်‌နေရမဲ့ အ‌ခြေအ‌နေမှာသာ ရှိ‌နေ‌သေးတာ ‌တွေ့ရတယ်လို ့လူမှုအဖွဲ့အစည်းများက သုံးသတ်‌ပြောဆိုထားပါတယ်။