Home သတင်း ရန်ကုန် နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီအသစ်တွင် ‌ရွေး‌ကောက်ပွဲဝင်မည့်သူများ မပါဝင်

ရန်ကုန် နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီအသစ်တွင် ‌ရွေး‌ကောက်ပွဲဝင်မည့်သူများ မပါဝင်

1895

‌အောက်တိုဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်)၏ နှစ်ပတ်လည်စုံညီ လူထု အစည်းအ‌ဝေးကို ‌အောက်တိုဘာ ၄ရက်၊ ‌နေ ့လည် ၁နာရီတွင် အင်းစိန်မြို့နယ်၊ မဟာ‌ဆေးဝဂင်္ဘာ အာလိန်ငါးဆင့်‌ကျောင်းတိုက်၌ ပြုလုပ်ခဲ့ပြီး ပြန်လည် ဖွဲ့စည်းလိုက်သည့် ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့သစ်တွင် ‌ရွေး‌ကောက်ပွဲဝင်မည့်သူများ ပါဝင်လာခြင်းမရှိ‌တော့ဟု ‌ကော် မတီဝင်များက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု စုံညီအစည်းအ‌ဝေးမလုပ်ခင် ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့သစ်အတွက် ဘယ်သူ‌တွေကို လျာထားမလဲဆိုတာ အကြို အစည်းအ‌ဝေး လုပ်ခဲ့တယ်။ အဲ့မှာ ‌ရွေး‌ကောက်ပွဲဝင်မဲ့ အရင်က အလုပ်အမှု‌ဆောင်‌တွေကို အသစ်ပြန်ဖွဲ့တဲ့အခါ တာဝန်မ‌ပေး ‌တော့ဖို ့‌ပြောဆို‌ဆွေး‌နွေးခဲ့တာရှိတယ်။ ဒါ‌ကြောင့် အခုပြန်ဖွဲ့တဲ့အခါ အဆိုမပြု‌တော့ဘဲ ထားလိုက်တာပါ”ဟု ဗဟိုအလုပ်အမှု ‌ဆောင်အဖွဲ့သစ်၏ အားကစားဆပ်‌ကော်မတီ ဥက္ကဌ မန်းသန်းဝင်းဦးက ‌ပြောသည်။

လူ ၁၀၀‌ကျော်တက်‌ရောက်ခဲ့သည့် ၎င်းစုံညီအစည်းအ‌ဝေးတွင် ၂၇၅၅ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်) အလုပ်အမှု‌ဆောင်သစ်ကို ‌ရွေးချယ်ဖွဲ့စည်းခဲ့ရာ ဗဟိုအလုပ်မှု‌ဆောင် အဖွဲ့ ဥက္ကဌအဖြစ် ပါ‌မောက္ခ မန်း‌ရွှေပြည်‌အေးကိုသာ ပြန်လည်‌ရွေးချယ်ခဲ့သလို ဒုဥက္ကဌ‌နေရာများအတွက် ယခင်နှစ်က တာဝန်ယူခဲ့သူများကိုသာ ပြန်လည် ‌ရွေးချယ်ခဲ့ကြသည်။

အလားတူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးအဖြစ် ‌စောလှထွန်းအား ပြန်လည်တာဝန်‌ပေးခဲ့‌သော်လည်း ‌ရွေး‌ကောက်ပွဲဝင်မည့် ယခင် တွဲဖက်အတွင်း‌ရေးမှူးများဖြစ်သည့် မန်းဖိုး‌စောနှင့် ‌စောညီညီလွင်တို့အစား ‌နော်ယမင်းနှင့် မန်းသန်းထိုက်စိုးတို့အား ‌ရွေးချယ်တာ ဝန်‌ပေးခဲ့သည်။ ထို့အပြင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲဝင်မည့် ယခင်လုံခြုံ‌ရေးဆပ်‌ကော်မတီ ဥက္ကဌ ‌စောစန်းဒိုနှင့် ‌ကော်မတီအတွင်း ‌ရေးမှူး ‌စောဝင်း‌ကျော်တို့၏‌နေရာများတွင် ‌စောချစ်‌ထွေးနှင့် နန့်ရီမန်းဘာတို့ကို ‌ရွေးချယ်တာဝန်‌ပေးခြင်းခံရ‌ကြောင်း သိရသည်။

ယခင် တွဲဖက်အတွင်း‌ရေးမှူးမန်းဖိုး‌စောက “အခုလို ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်အဖြစ် အဆိုပြုခြင်းမခံရတဲ့အ‌ပေါ် ဘာမှ မ‌ပြောလိုဘူး။ ဘာလို့လည်းဆို‌တော့ လာမဲ့‌ရွေး‌ကောက်ပွဲမှာ ရန်ကုန်တိုင်း‌ဒေသကြီး အမျိုးသားလွှတ်‌တော်၊ မဲဆန္ဒနယ်အမှတ် (၁၀)က‌နေ ‌ရွေး‌ကောက်ပွဲဝင်ဖို့ရှိပြီး အလုပ်လည်း များ‌နေပါတယ်။ ‌နောက်ပိုင်း ပြန်လည်ပါဝင်လုပ်‌ဆောင်ဖို့လည်း ဆန္ဒရှိပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် ‌ကော်မတီအသစ်သည် လာမည့် နှစ်သစ်ကူးပွဲ‌တော် ‌အောင်‌အောင်မြင်မြင် ကျင်းပနိုင်‌ရေးအတွက် အ‌လေးထား လုပ်‌ဆောင်ရမည်ဖြစ်ကာ ‌ကော်မတီဝင်များသည် ‌နေရာယူရန်အတွက် မဟုတ်ဘဲ ကရင်လူထုအားလုံးအတွက် အ‌စေခံကျွန်အဖြစ်လုပ်သွားရန် ‌သေချာစွာ ဂရုစိုက်ကြပါဟု ‌ပြောချင်‌ကြောင်း ‌ကော်မတီဥက္ကဌ ပါ‌မောက္ခ မန်း‌ရွှေပြည်‌အေးက ‌ပြောသည်။

“ပါတီ‌တွေက‌နေ အ‌ရွေးခံမဲ့သူ‌တွေကလည်း တကယ်လို့ အ‌ရွေးခံလို့ မပါခဲ့ရင် ပြန်လာခဲ့ကြပါ၊ အ‌တွေ့အကြုံ ရှိပြီးသားသူ‌တွေ လည်းဖြစ်‌တော့ အခုလူသစ်‌တွေကို လာပြီးယိုင်းပင်းကူညီပါ။ ‌ကော်မတီဝင်မဟုတ်ဘူး ဆိုပြီး‌တော့ ကျ‌နော်တို့က စိမ်းကားမှာ မဟုတ်ပါဘူး”ဟု မန်း‌ရွှေပြည်‌အေးက ဖြည့်စွက်‌ပြောသည်။
ပြီးခဲ့သည့် ၂၀၁ဝပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် အဆိုပါ‌ကော်မတီမှ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်အချို့ ‌ရွေး ‌ကောက်ပွဲဝင်ကာ အချို့ အနိုင်ရရှိခဲ့ကြသည်။ ထို့အပြင် ‌ကော်မတီတွင် နိုင်ငံ‌ရေးပါတီများမှ ပါတီဝင်အချို့ ဝင်‌ရောက်‌နေရာယူမှု များရှိ‌နေသည်ဟု ‌ဝေဖန်သံများ ‌ပေါ်ထွက်လာပြီး‌နောက် ယခု‌ကော်မတီသစ်တွင် ‌ရွေး‌ကောက်ပွဲဝင်မည့်သူများ ပါဝင်လာခြင်း မရှိ သည်ကို ‌တွေ့ရ‌ကြောင်း အခမ်းအနားတက်‌ရောက်ခဲ့သူများထံမှ သိရသည်။