Home သတင်း မဲရုံကိုယ်စားလှယ် အခန်းကဏ္ဍအတွက် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခု ကျင်းပခဲ့

မဲရုံကိုယ်စားလှယ် အခန်းကဏ္ဍအတွက် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခု ကျင်းပခဲ့

1593

‌အောက်တိုဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်ပြည်နယ်၊ ဖားအံမြို့၌ International Republican Institute-IRI မှ ဦး‌ဆောင်ကာ ၂၀၁၅‌ရွေး‌ကောက်ပွဲအတွက် မဲရုံ ကိုယ်စားလှယ်များ၏ အခွင့်အ‌ရေးနှင့် လုပ်‌ဆောင်ရမည့် တာဝန်များအတွက် သံလွင်ပါရာဒိုက် ဟိုတယ်တွင် အလုပ်ရုံ‌ဆွေး‌နွေးပွဲ တစ်ခုကို ယ‌နေ့ပြုလုပ်သွားခဲ့သည်။

အဆိုပါ‌ဆွေး‌နွေးပွဲကို ဦး‌ဆောင်‌ဆွေး‌နွေးခဲ့သည့် (IRI-Resident Program Officer) Mr.Darin Bielecki က ‌ရွေး‌ကောက်ပွဲ‌နေ့ မှာ မဲရုံကိုယ်စားလှယ်‌တွေရဲ့ အခန်းကဏ္ဍက အရမ်းအ‌ရေးကြီးပါတယ်။ ဒီမဲရုံကိုယ်စားလှယ်‌တွေက လာမဲ့‌ရွေး‌ကောက်ပွဲ‌နေ့မှာ ဘယ်အခန်းကဏ္ဍက‌နေ တာဝန်ယူ ‌ဆောင်ရွက်သွားမလဲဆိုတာကို သိ‌စေချင်လို့ လာ‌ရောက်‌ဆွေး‌နွေးတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းတို့အ‌နေဖြင့် နိုင်ငံ‌ရေးပါတီများနှင့် အဓိကထားလုပ်‌ဆောင်‌နေပြီး နိုင်ငံ‌ရေးပါတီများ၏ စည်းရုံး‌ရေး စီမံခန့်ခွဲမှုများအား သင် တန်းများ ပို့ချ‌ပေးကာ အဆိုပါစည်းရုံး‌ရေးများထဲမှ မဲရုံကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို အ‌လေး‌ပေး ‌ဆောင်ရွက်‌ပေးသည့် အပြင် အဆိုပါအခန်းကဏ္ဍများသည်လည်း ဒီမိုက‌ရေစီကျင့်စဉ်များ၏ အဓိကအစိတ်အပိုင်းတွင် ပါဝင်‌နေသည်ဟု ဆက် ‌ပြော သည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ဖိတ်ကြားထားသည့် ‌ဒေသတွင်းနိုင်ငံ‌ရေးပါတီ ၉ပါတီမှ ၇ပါတီသာ တက်‌ရောက်ခဲ့ပြီး ပါတီဝင်ကိုယ်စား လှယ်များ၊ ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်နှင့် ခရိုင်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ တာဝန်ရှိသူများ စုစု‌ပေါင်း လူဦး‌ရေ ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်ဖြစ်သည့်အ‌ကြောင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLDမှ ‌စောဆန်းညွန့်က “ဒီ‌ရွေး ‌ကောက်ပွဲကို မျှတ‌စေချင်လို့ပါ။ မဲမသမာမှုမရှိ‌စေချင်လို့ အဓိကအားဖြင့် မဲလိမ်မှု၊ မဲခို်းမှု‌တွေ မရှိ‌စေချင်တာပါ။ ပြည်သူ‌တွေရဲ့ ခိုင်လုံမဲ‌တွေ မဆုံးရှုံးရ‌အောင်၊ လိုချင်တဲ့ အစိုးရကိုရ‌အောင် သိထားသင့်တာ‌တွေကို လာပြီး‌လေ့လာတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်‌ဆောင်သွားရန်ရှိပြီး ဖားအံမြို့မတိုင်မီ ယခင်လများ ကလည်း ရန်ကုန်၊ စစ်‌တွေ၊ ပုသိမ်၊ ‌မော်လမြိုင်နှင့် ပဲခူးမြို့များ၌ လုပ်‌ဆောင်‌ပေးခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။

IRI အဖွဲ့ကို ၁၉၈၃ခုနှစ်တွင် စတင် ဖွဲ့စည်းတည်‌ထောင်ခဲ့ပြီး နိုင်ငံ‌ပေါင်း ၆၅နိုင်ငံတွင် လှုပ်ရှား‌ဆောင်ရွက်လျက်ရှိသည်။ မြန်မာ နိုင်ငံတွင်လည်း ၃နှစ်နီးပါ ရန်ကုန်မြို့၌ အ‌ခြေစိုက်ကာ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများတွင် အလုပ်ရုံ‌ဆွေး‌နွေးပွဲများကို လိုက်လံ ‌ဆောင်ရွက်‌ပေးလျက်ရှိသည်။