Home သတင်း ဖားအံရှိ လှာကာအထွက်တိုး‌ဈေးအား တပ်‌ဈေး‌ပြောင်းမည်ကို ‌ဈေးသည်များ မလိုလား

ဖားအံရှိ လှာကာအထွက်တိုး‌ဈေးအား တပ်‌ဈေး‌ပြောင်းမည်ကို ‌ဈေးသည်များ မလိုလား

1591

‌အောက်တိုဘာ ၁၃ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာကာ‌ကျေးရွာ၊ သထုံ-ဖားအံ ကားလမ်း‌ဘေးရှိ လှာကာအထွက်တိုး‌ဈေးကို အမှတ် (၉၁၅) စစ် ‌မြေပြင်အင်ဂျင်နီယာ တပ်ရင်းက ‌ဈေး‌မြေ‌နေရာကိုသိမ်းယူပြီး တပ်‌ဈေးတည်‌ဆောက်သွားမည့်အ‌ပေါ် မလိုလား‌ကြောင်း အထွက် တိုး‌ဈေးသည်များက ‌အောက်တိုဘာလ ၁၂ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“စစ်တပ်ကလာ‌ပြောတာ ‌ဈေးသူ‌ဈေးသား‌တွေ သ‌ဘောတူညီမှုရှိမရှိ။ မရှိရင် မိမိတို့ဆန္ဒ ဘာဖြစ်ချင်လဲ ‌ဖော်ပြပြီး‌တော့ အစီရင်ခံ စာတင်ခိုင်းတယ်။ သူတို့လူထုသ‌ဘောထား လာခံယူတာလို ့‌ပြောတယ်။ လူထုဘက်က စည်ပင်သာယာ‌ဈေးအဖြစ်သာ သ‌ဘော တူညီမှုရှိတယ်။ အစီရင်ခံစာ‌တောင်းပြီး (၉၁၅)တပ်က‌နေတဆင့် အထက်ကိုပြန်တင်‌ပေးမယ်လို့‌တော့ ‌ပြောထားပါတယ်”ဟု ‌တောင်သူလယ်သမားနှင့် အလုပ်သမားသမဂ္ဂ ရပ်‌ကျေးအလုပ်အမှု‌ဆောင် ဦးဝင်းနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ဈေးကို တပ်‌ဈေးတည်‌ဆောက်မည့်ကိစ္စ ‌ဈေးသည်များနှင့် ပြည်သူများ မည်သို့သ‌ဘောထားရှိသည်ကို အဆိုပါ စစ်‌မြေ ပြင်အင်ဂျင်နီယာ တပ်ရင်းကိုယ်စားလှယ်က ‌အောက်တိုဘာလ ၁ဝရက်‌နေ့တွင် ‌ဈေးသည်များထံ သ‌ဘောထားတင်ပြရန် လာ ‌ရောက်‌ပြောဆိုထားသည်ဟု ‌ဈေးသည်များက ‌ပြောသည်။

ယင်း‌ဈေးတွင် ၁ဝနှစ်‌ကျော် ဆိုင်ခန်းဖွင့်လှစ်ထားသူ ‌ဒေါ်တင်တင်‌ထွေးက “ဒီ‌ဈေးကို အမှီပြုတာ နှစ်‌တော်‌တော်ကြာပြီး။ ဒီ‌ဈေးက စစ်တပ်ဧရိယာဝန်းထဲမှာမပါဘူး။ စစ်တပ်ပိုင်တဲ့‌မြေမဟုတ်ဘူး။ ဟိုးအရင် ဒီ‌မြေ‌တွေဟာ လှာကာ‌ကျေးရွာအုပ်စုပိုင်တာ။ စစ်တပ် က လာသိမ်းပြီး တပ်‌ဈေးတည်မှာကို ကျမတို့ သ‌ဘောမတူဘူး။ ဘယ်‌လောက်လုပ်‌ပေးမယ်‌ပြောပါ‌စေ။ စစ်တပ်ကိုမယုံလို့ သ‌ဘောမတူတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဆိုပါ‌ဈေးသည် တပ်ဧရိယာပြင်ပတွင်ရှိကာ စစ်တပ်‌မြေအဖြစ် သိမ်းယူပြီး တပ်‌ဈေးတည်‌ဆောက်မည်ကို သ‌ဘောမ တူသလို မြို့နယ်စည်ပင်သာယာ လက်‌အောက်ခံ စည်ပင်‌ဈေးအဖြစ်သာ ‌ပြောင်းလဲရန် ‌ဈေးသည်များက လိုလားသည်ဟု ‌ဈေး သည်များထံမှ သိရသည်။

ယခုလို စစ်တပ်မှ သ‌ဘောထား ‌တောင်းခံသည့်အ‌ပေါ် အ‌ကြောင်းပြန်မည့် ‌ဈေးသည်များ၏ အစီရင်ခံစာကို အထက် အဆင့်ဆင့် သို့ တိုက်ရိုက် မ‌ရောက်မည်ကို ‌ဈေးသည်များ စိုးရိမ်‌နေသည်ဟု ဦးဝင်းနိုင်က ဖြည့်စွက် ‌ပြောသည်။

၎င်း‌ဈေးအား မြိုင်က‌လေး (၉၁၅) စစ်‌မြေပြင်အင်ဂျင်နီယာတပ်ရင်းက ယခင် ခမရ(၂၀၃) တပ်ပိုင်‌မြေ‌နေရာဖြစ်သည်ဟုဆိုကာ ကျူး‌ကျော်‌နေထိုင်သူနှင့် အ‌ဆောက်အဦးများကို ပြီးခဲ့သည့် ၂၀၁၄ခုနှစ်အတွင်းက ၉၁၅ တပ်ရင်းမှူးမှ ‌ပြောင်း‌ရွှေ့ခိုင်းခြင်း ရှိဘူး သလို ‌မြေပိုင်ဆိုင် မှန်ကန်ပါက ၎င်းတပ်ရင်းသို့ တင်ပြ‌လျှောက်ထားနိုင်သည်ဟု ‌ပြောဆိုခဲ့ဘူးသည်။

ထိုလှာကာအထွက်တိုး‌ဈေးကို လွန်ခဲ့သည့် နှစ်‌ပေါင်း၃ဝနီးပါးက ‌ဒေသခံများ စု‌ပေါင်း ‌ဈေး‌ရောင်းခဲ့သည့်‌နေရာဖြစ်ကာ ‌ဈေး စတင် တည်‌ထောင်သည့်အချိန်တွင် စစ်တပ် ပိုင်ဆိုင်ထားခြင်းမရှိသလို အများပိုင် ‌မြေ‌နေရာတစ်ခုဖြစ်သည်ဟု ‌ဈေးသည်များ ဘက်က တုံ့ပြန်‌ပြောဆိုပြီး လက်ရှိတွင် ‌ဈေးအတွင်း ဆိုင်ခန်း‌ပေါင်း ၆၀‌ကျော်ရှိ‌ကြောင်း သိရသည်။