Home သတင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား‌နေ၍ ‌ဒေသခံများထွက်‌ပြေး၊ မူလတန်း‌ကျောင်း ပိတ်ထားရ

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား‌နေ၍ ‌ဒေသခံများထွက်‌ပြေး၊ မူလတန်း‌ကျောင်း ပိတ်ထားရ

2523

‌အောက်တိုဘာ ၉ ရက်၊ ၂၀၁၅ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ မြဝတီ-‌ကော့ကရိတ် ကားလမ်း‌ဟောင်းအနီးတွင် ယမန်‌နေ့က BGF နှင့် DKBA ခွဲထွက်ဗိုလ်နားမကြားအဖွဲ့တို ့ ထိ‌တွေ့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား‌နေ၍ ‌ဒေသခံများ‌ဘေးလွတ် ရာသို ့ထွက်‌ပြေးခိုလှုံ‌နေကြရပြီး ‌ကောင်းမူရွာ မူလတန်း‌ကျောင်းကို ပိတ်ထားသည်ဟု ‌ဒေသခံများက ‌ကေအိုင်စီသို ့‌ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရခြင်းမှာ ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် BGF တပ်ရင်း ၁၀၁၇မှ နယ်‌မြေရှင်းလင်း‌ရေး လိုက်လံလုပ်‌ဆောင်‌နေစဉ် ‌အောက်တိုဘာ ၈ ရက်၊ နံနက် ၁ဝ နာရီ
ခွဲ‌ကျော်တွင် ‌ကော့ရိတ်-မြဝတီ ‌တောင်တက်လမ်း‌ဟောင်း ‌နောက်‌ကြောဘက်၊ ‌ကောင်းမှု့ရွာနှင့် ပျားပင်ကုန်းရွာ အထက် ပိုင်း ‌တောင်မဲ‌တောင်‌ကြော‌ပေါ်၌ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည‌နေပိုင်းထိ ပစ်ခတ်မှုများ ကြိုကြားဖြစ်ပွား ‌နေဆဲဖြစ်သည်ဟု BGF အရာရှိတဦးက ‌ပြောသည်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ‌ကြောင့် ‌ကောင်းမှု့ရွာ မူလတန်း‌ကျောင်းကို ပိတ်ထားလိုက်ပြီး လှိုင်းစိမ်း ‌ကျေးရွာအုပ်စု၊ မိ‌ကျောင်းအင်းကုန်း ဘုန်းကြီး‌ကျောင်းသို ့‌ပြောင်‌ရွှေ့သင်ကြားရန် စီစဉ်‌နေသည်ဟု ‌ကျောင်းဆရာတဦးက ‌ကေအိုင်စီသို ့အခုလို ‌ပြောသည်။

“ ဒီက‌နေ့ တိုက်ပွဲပြန်ဖြစ်‌တော့ က‌လေး‌တွေကို အိမ်ပြန်လွတ်လိုက်တယ်။ ဟိုအရင် ရက်‌တွေကလည်း တစ်ရက်ခြားဆိုသလို ပစ်ခတ်မှု‌တွေ ‌တောင်‌ကြောဖက်မှာ ကြား‌နေရတယ်။ ဒီအ‌ခြေအ‌နေ‌ကြောင့် ‌ကောင်းမှု့ရွာ‌ကျောင်းကို ခဏပိတ်လိုက်ပြီး၊ အခုမြို့နယ်ပညာ‌ရေးမှုးရုံးကို စာလာတင်တာပါ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို ့အပြင် နှစ်ဖတ်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရာအနီးရှိ ‌ကောင်းမှု့ရွာတွင် အိမ်‌ခြေ ၅ဝ ခန် ့ရှိပြီး ‌ဒေသခံ ရွာသားများနီးစပ်ရာ ‌ဆွေမျိုးသားချင်းများရှိသည့် ရန်ကုတ်ရွာ၊ ‌နောင်နိုင်းရွာနှင့် မဖာလဲ့ရွာ ဘက်များသို့ ‌ဘေးလွတ်ရာ ထွက်‌ပြေး ခိုလှုံ‌နေကြရသည်ဟု ‌ဒေသခံများထံမှ သိရသည်။

လက်ရှိ အ‌ခြေအ‌နေနှင့်ပတ်သက်၍ ပျားပင်ကုန်းရွာသို ့‌ရောက်ရှိ‌နေသည့် BGF တပ်နယ် ၃ ၊ တပ်ရင်း ၁၀၁၉ မှ ဗိုလ်ကြီး‌စောပိုင်က “ အဲ့ဒီနားမကြားအဖွဲ့‌တွေက ‌နောင်ကိုင်းရွာဘက်လူပြန်စုပြီး ကျွန်‌တော်တို့ကို ပြန်တိုက်‌နေတယ်။ အခု‌ကောင်းမှု့ဘက်နဲ့ လမ်း‌ဟောင်းဘက်မှာ BGF တပ်ရင်း ၁၀၁၇ ၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂ဝ စတဲ့တပ်‌တွေကို တပ်နယ်သုံးက လူကြီး‌တွေဦး‌ဆောင်ပြီး ဒီက‌နေ့စရှင်း‌နေပြီး ” ဟု ‌ကေအိုင်စီသို ့ ‌ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများ‌ကြောင့် နှစ်ဖက်ထိခိုက် ကျဆုံးမှုများကိုမသိရ‌သော်လည်း ယမန်‌နေ့ ည‌နေ ၃ နာရီခွဲအချိန်တွင် BGF အမှတ် ၁၀၂ဝ တပ်ရင်းမှ အရာရှိတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိ ခဲ့သည် ဟု BGF ဘက်က ‌ပြောသည်။

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးအနီး၌် ပြီးခဲ့သည့် ဇူလိုင် ၂ရက်‌နေ့မှ စတင်ကာ တစ်လခွဲနီးပါးကြာ BGF နှင့် DKBA ခွဲထွက်အဖွဲ့တို ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း‌ကြောင့် ‌ကော့ကရိတ်မြို့နယ် ‌ကောင်းမှု့‌ကျေးရွာ၊ ‌စော်ဟဲ‌ကျေးရွာနှင့် သစ်ဝါး‌ကျေးရွာများမှ ‌ဒေသခံ ၁,၀၀ဝ ‌ကျော်ခန့် ‌နေအိမ်စွန့်ခွာ ထွက်‌ပြေးခဲ့ရမှုများ ရှိခဲ့လို အချို့မှာယ‌နေ ့ထိပြန်လည်အ‌ခြေချ‌နေထိုင်နိုင်ခြင်း မရှိ‌သေး‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။