Home ထိပ်တန်းသတင်း ထားဝယ်ခရိုင်၊ ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်အချို့ ပိုင်နက်ကျူးလွန်ခြိမ်း‌ခြောက်မှုဖြင့် အမှုဖွင့်ခံရ

ထားဝယ်ခရိုင်၊ ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်အချို့ ပိုင်နက်ကျူးလွန်ခြိမ်း‌ခြောက်မှုဖြင့် အမှုဖွင့်ခံရ

1852

‌အောက်တိုဘာ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဘိတ်- ထားဝယ်ခရိုင် လက်‌အောက်ခံ၊ KNLA တပ်ရင်း (၁၂)မှ အရာရှိတစ်ဦး အပါအဝင် ၃ ဦးကို ထားဝယ်မြို့နယ်၊ ‌မေတ္တာမြို့နယ်ခွဲရှိ အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာန လက်‌အောက်ခံ ဟိန္ဒားသတ္တုတွင်း မန်‌နေဂျာမှ ပိုင်နက်ကျူးလွန်ကာ အင်အားပြခြိမ်း‌ခြောက်မှုဖြင့် ‌မေတ္တာမြို့နယ်ခွဲ ရဲစခန်းသို ့လာ‌ရောက်အမှုဖွင့် တိုင်ကြားထားသည်ဟု KNLA ဘက်က ‌ပြောသည်။

KNLA တပ်ရင်း(၁၂)မှူး ဒုဗိုလ်မှူးကြီး‌စောဆာပိတုက “‌ချောင်း‌ရေ‌တွေ တအား‌နောက်လို့ ‌ဒေသခံ‌တွေ‌တောင်းဆိုမှုကို သွားစုံစမ်း ခိုင်းတာ နာရီဝက်‌လောက်မှ တာဝန်ခံဆိုတဲ့လူတစ်ဦး ထွက်လာပြီး ပမာမခန့်နဲ့ ခါး‌ထောက်ပြီး‌တော့ လူကြီး‌တွေ မအားဘူး။ ဘာမှမသိဘူး‌ပြောပြီး လှည့်ထွက်သွားလို့ ဗိုလ်တာအယ်က ‌ဒေါသဖြစ်ပြီး ‌သေနတ် နှစ်ချက်‌ဖောက်လိုက်တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို ့ ‌ပြောသည်။

အမှုဖွင့်ခံထားရသူ ၃ဦးမှာ KNLA တပ်ရင်း (၁၂) မှ တပ်ခွဲမှူး ဗိုလ်ကြီး‌စောတာအယ်၊ ဒုတပ်ကြပ်‌စောဆာ‌ဂေါ်နှင့် ‌မြောင်းပြိုရွာသူ ကြီး ဦး‌အောင်သိန်းတို့ဖြစ်ပြီး ပိုင်နက်ကျူးလွန်မှု၊ အင်းအားပြခြိမ်း‌ခြောက်မှုတို့ဖြင့် ဟိန္ဒားသတ္တုတွင်း မန်‌နေဂျာ ဦး‌ဌေး‌အောင်က ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ‌မေတ္တာမြို့နယ်ခွဲ ရဲစခန်းအမှုမှတ်တမ်းများအရ သိရ သည်။

ဖြစ်စဉ်မှာ ထားဝယ်မြို့၊ ပာိန္ဒားသတ္တုတွင်းမှ စွန့်ပစ်‌ရေများ‌ကြောင့် ‌ချောင်း‌ရေ‌နှောက်ကျိကာ ‌သောက်သုံးမရသည့်အတွက် ‌ဒေသ ခံများ တိုင်ကြားလာမှုအ‌ပေါ် စက်တင်ဘာလ ၂၇ရက်၊ နံနက် ၁ဝနာရီခွဲအချိန်ခန့်တွင် KNLA တပ်ရင်း (၁၂)မှ တပ်ခွဲမှူး ဗိုလ်ကြီး တာအယ်က မြန်မာပွန်ပီပက် (MPC) ကုမ္ပဏီလုပ်ကွက် E မန်‌နေဂျာဖြစ်သူအား သွား‌ရောက်‌တွေ့ဆုံ‌မေးမြန်းစဉ် ‌သေနတ်ပစ် ‌ဖောက်ခဲ့သည့်အ‌ပေါ် အမှုဖွင့်ခံရခြင်း ဖြစ်သည်။

ယင်းသို့ ‌သေနတ်ပစ်‌ဖောက်မိသည့်အတွက် အမှုဖွင့်ခံရသူများကို ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၂)က စစ်စည်းကမ်းအရ အ‌ရေးယူမည်ဖြစ်‌သော်လည်း ပိုက်နက်ကျူးလွန်ဖြင့် အမှုဖွင့်ထားခြင်းကို မိမိတို့အ‌နေဖြင့် လုံးဝ လက်မခံနိုင်‌ကြောင်း ဒုဗိုလ်မှူး ကြီး‌စောဆာပိတုက ဆက်‌ပြောသည်။

ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် MPC (မြန်မာပွန်ပီပက်)သတ္တူတူး‌ဖော်‌ရေး ကုမ္ပဏီမှာ ပာိန္ဒားသတ္တုတွင်းရှိ လုပ်ကွက်များကို အမှတ် (၂)သတ္တုတွင်းနှင့် အကျိုးတူ ပူး‌ပေါင်းလုပ်ကိုင်ခြင်းဖြစ်ပြီး ယင်းကုမ္ပဏီမှ သတ္တုတူး‌ဖော်ပြီး စွန့်ပစ်လိုက်သည့်‌ရေများ‌ကြောင့် ‌ချောင်း‌ရေ၊ မြစ်‌ရေ ညစ်ညစ်မှုများ ဖြစ်‌ပေါ်လာ‌ကြောင်း ‌ဒေသခံရွာသူရွာသားများက ‌ပြောဆိုသည်။

“ကုမ္ပဏီက ‌ပြောတာ မိုးရွာလို့ ‌ရေ‌တွေ‌နောက်တာ‌ပေါ့။ အခု မိုးလည်းမရွာဘဲနဲ့ သူတို့စွန့်ပစ်လိုက်တဲ့‌ရေ‌တွေက ခ‌မောင်းသွယ် ‌ချောင်းက‌နေ ဘန်း‌ချောင်းမှာသွားဆုံ‌တော့ အဲ့မှာ ကွဲကွဲပြားပြားသိ‌ရော။ အဲဒီ‌ရေ‌တွေက တနသင်္ာရီမြစ်ကြီးထဲဝင်‌တော့ ‌ရေလမ်း တစ်‌လျှောက်က ‌ရေ‌တွေ‌နောက်‌နေတာပဲ။ ရှင်းရှင်း‌ပြောရရင် ငါး‌တွေလည်း ‌သေတယ်။ အဲဒီ‌ရေ‌တွေကိုကျွဲ၊ နွား‌တွေ‌တောင် မ‌သောက်ဘူး။ မြစ်‌တွေလည်း တိမ်‌ကော‌နေပြီ”ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

သတ္တုမိုင်းလုပ်ငန်းမှ စည်းကမ်းမဲ့ စွန့်ပစ်‌ရေများ‌ကြောင့် မြစ်၊ ‌ချောင်း‌ရေ ‌နောက်ကျိ လာခြင်း၊ ‌ဒေသခံများ၏ အသက်‌မွေးဝမ်း ‌ကျောင်း ထိခိုက်လာခြင်း၊ မြစ်‌ချောင်းများ တိမ်‌ကောသွားခြင်းများအတွက် လုပ်ငန်း‌ဆောင်ရွက်မှု ရပ်စဲရန် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ လ ၂၂ရက်‌နေ့က ‌ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင်အ‌နေဖြင့် အမိန့်ထုတ်ပြန်ခဲ့ဖူးသည်။

ထိုင်းနိုင်ငံသားပိုင် MPC (မြန်မာပွန်ပီပက်) သတ္တုတူး‌ဖော်‌ရေးကုမ္ပဏီမှ ဟိန္ဒားသတ္တုတွင်း နယ်‌မြေအတွင်း ခဲမဖြူ သတ္တုတူး‌ဖော် ခြင်းလုပ်ငန်းကို ၁၉၉၉ခုနှစ်၊ ဇူလိုင်လ ၁ရက်‌နေ့မှစ၍ မြန်မာ့ရင်းနှီးမြှုပ်နှံမှု‌ကော်မရှင်မှ ခွင့်ပြုချက်ဖြင့် အမှတ် (၂) သတ္တုတွင်း လုပ်ငန်းက ထုတ်လုပ်မှုအ‌ပေါ် ကုမ္ပဏီ ၆၅ရာခိုင်နှုန်း အစိုးရ ၃၅ရာခိုင်နှုန်းဖြင့် ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။