Home ထိပ်တန်းသတင်း တိုင်းပြည်‌အေးချမ်း‌ရေး လုပ်‌ဆောင်‌နေ‌ကြောင်း အာဏာရပါတီ ‌ပြောကြားချက်အ‌ပေါ် အရပ်ဖက်အဖွဲ့ လက်မခံ

တိုင်းပြည်‌အေးချမ်း‌ရေး လုပ်‌ဆောင်‌နေ‌ကြောင်း အာဏာရပါတီ ‌ပြောကြားချက်အ‌ပေါ် အရပ်ဖက်အဖွဲ့ လက်မခံ

1521

‌အောက်တိုဘာ ၁၆ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

လက်ရှိ် အာဏာရပါတီက ‌ရွေး‌ကောက်တင်‌မြောက်လိုက်သည့် အစိုးရနှင့် သမ္မတဦးသိန်းစိန်က တိုင်းပြည်‌အေးချမ်း‌အောင် လုပ် ‌ဆောင်‌နေသည်ဟု ပြည်ခိုင်ဖြိုးပါတီက ယမန်‌နေ့က ‌ပြောကြားမှုကို လက်မခံနိုင်‌ကြောင်း ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြန်လည် သုံးသပ်‌ပြောဆိုခဲ့သည်။

ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြု ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်-KPSN အဖွဲ့ဝင် မန်းသိန်း‌ဇော်က “သူတို့‌ပြောတဲ့ တိုင်းပြည်‌အေးချမ်း‌အောင်လုပ်တယ်ဆိုတာကို ကျ‌နော်တို့အရပ်ဖက်အဖွဲ့အစည်းအ‌နေနဲ့ လက်ခံလို့ မရပါဘူး။ ဘာဖြစ်လို့လဲ ကရင်ပြည်နယ်မှာပဲကြည့်ပါ ဌာ‌နေလူထု‌တွေရဲ့ ‌မြေ‌တွေကို မတရား သိမ်းဆည်းခံ‌နေရတာ‌တွေက လက်ရှိတိုင်းပြည်မှာရှိတဲ့ ပြည်သူ‌တွေလိုချင်တဲ့ ‌အေးချမ်းတဲ့ပုံစံ ဆိုတာ ဒီလိုမဟုတ်ပါဘူး״ဟု ယ‌နေ့ သုံးသပ်‌ပြောဆိုခဲ့သည်။

ကရင်ပြည်နယ်၊ ဖားအံမြို့၌ ‌အောက်တိုဘာလ ၁၅ရက်‌နေ့က ပြုလုပ်ခဲ့သည့် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ-USDP ၏ ‌တွေ့ဆုံပွဲ၌ ဖားအံမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း မန်းကံညွန့် (ခ) ဦးကံညွန့်က “ကျ‌နော်တို့ပါတီအ‌နေနဲ့ တိုင်းပြည်‌အေးချမ်း‌အောင်လုပ်မှ ဖွံ့ဖြိုးတိုးတက်မယ်။ မ‌အေးချမ်းရင်‌တော့ သမင်‌မွေးရင် ကျားစားရင်းနဲ့ တိုးတက်ဖို့မလွယ်ဘူး။ လက်‌တွေ့မှာ ‌အေးချမ်း‌အောင် ဘယ်သူလုပ်‌နေသလဲ။ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုး‌ရေးပါတီက ‌ရွေး‌ကောက်တင်‌မြှောက် လိုက်တဲ့ အစိုးရနဲ့ သမ္မတကြီးက လုပ်‌နေတယ်မဟုတ်ဘူးလား״ဟု ‌ပြောကြားခဲ့သည်။

၎င်း‌ပြောကြားချက်အ‌ပေါ် အ‌ခြေခံ၍ တိုင်းပြည်အတွင်းရှိ စစ်တပ်၊ ခရိုနီ၊ ကုမ္ပဏီများ၏ မတရား‌မြေသိမ်းယာသိမ်း ကိစ္စရပ်များကို လက်ရှိ အာဏာရပါတီနှင့် အစိုးရက ထိ‌ရောက်စွာ ကိုင်တွင်‌ဖြေရှင်းခြင်းနှင့် အ‌ရေးယူခြင်း မပြုလုပ်ခြင်း၊ ပြည်သူလူထု၏ စား ဝတ်‌နေ‌ရေးအတွက် ကုန်‌ဈေးနှုန်းများ မြင့်တက်‌နေခြင်းနှင့် ဝင်‌ငွေလစာ အချိုးအစား မမျှတမှုများကို ‌အေးချမ်း‌နေပြီဟု ‌ပြော၍ မရ‌ကြောင်းလည်း KPSN အဖွဲ့ဝင် မန်းသိန်း‌ဇော်က ထပ်မံ ‌ပြောဆိုခဲ့သည်။

စစ်တပ်၏‌မြေသိမ်းမှု‌ကြောင့် နဘူး‌တောင်နား ‌တောရဘုန်းကြီး‌ကျောင်းဝင်းတွင် နှစ် ၂ဝနီးပါး ခိုလှုံ‌နေရဆဲဖြစ်သူ ဂါးကြည်‌အေး က “အိမ်ခြံ‌မြေပြန်‌ပေးဖို့ စစ်တပ်က‌ပြောတာ တစ်ခါမှ မရှိဘူး။ ရွာလုံးကျွတ် ‌ပြောင်း‌နေကတည်းက စစ်တပ်‌တွေကူညီတာ တစ်ခါ မှမရှိဘူး။ အိမ်ခြံ‌မြေသိမ်းတာမက လုပ်စားဖို့လယ်‌တွေကို‌တောင် သိမ်းလိုက်တယ်။ ဘုန်းကြီး‌ကျောင်းဝင်းမှာ ‌နေတာကြာပြီး ‌တော့ ဘယ်အချိန်‌လောက်မှ ‌နေထိုင်ခွင့်‌ပေးမလဲ မသိဘူး‌လေ။ သားသမီး‌တွေလည်း ရှိ‌သေး‌တော့ ‌မြေ‌တွေကို ပြန်လိုချင်တယ်” ဟု ‌အောက်တိုဘာ ၂ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောခဲ့သည်။

ယမန်‌နေ့က ပြုလုပ်ခဲ့သည့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၏ ‌တွေ့ဆုံပွဲ၌ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်မှ ဝင်‌ရောက် ယှဉ်ပြိုင်အ‌ရွေးခံမည့် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများနှင့် ဖားအံ၊ ဖာပွန်၊ သံ‌တောင်ကြီး၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်နှင့် မြဝတီမြို့နယ် ၇မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ပြည်သူများကို မိတ်ဆက်‌ပေးခဲ့ရာ လူဦး‌ရေ စုစု‌ပေါင်း ၃၀၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။