Home တွေ့ဆုံမေးမြန်းခန်း ဆက်သွယ်‌မေးမြန်းခြင်း (အင်တာဗျူး)

ဆက်သွယ်‌မေးမြန်းခြင်း (အင်တာဗျူး)

1740

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်(NCA)ကို လက်မှတ်‌ရေးထိုးရန် စက်တင်ဘာ ၂၈ရက်မှ ၃ဝရက်‌နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအ‌ဝေးတွင် တိုင်းရင်း သားများ၏ အဆင့်မြင့်ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့ (EAOs SD)ကို ဖျက်သိမ်းလိုက်သည်။ ၎င်းအစည်းအ‌ဝေး၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန် ‌ရေးအဖွဲ့ (၇)ဖွဲ့က လက်မှတ်‌ရေးထိုးရန် ဆုံးဖြတ်ခဲ့ကြပြီး ကျန် ၁ဝဖွဲ့မှာ အဖွဲ့အားလုံးပါဝင်မှ လက်မှတ်‌ရေးထိုးမည်ဟု ဆုံးဖြတ်ခဲ့ ကြသည့်အ‌ပေါ် ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းအား ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းထားပါသည်။

‌ကေအိုင်စီ – ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ဝရက်‌နေ့က ချင်းမိုင်(ထိုင်းနိုင်ငံ)မြို့မှာ ပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအ‌ဝေးအပြီးမှာ SD ကို ဖျက်သိမ်းလိုက်တယ်လို့ သိရတယ်။ ဘာ‌ကြောင့် ဖျက်သိမ်းလိုက်ရတာပါလဲ။
ပဒို‌စောကွယ်ထူးဝင်း – SD က‌တော့ ကျ‌နော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း‌တွေရဲ့ ထိပ်သီးအစည်းအ‌ဝေးဖြစ်တဲ့ ‌လေးဝါး(‌လော်ခီးလာ)မှာတုန်းက NCCT နဲ့ UPWC တို့ ညှိနှိုင်းကြတဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်အ ‌ပေါ်မှာ အဲဒီအစည်း‌ဝေးက သုံးသပ်ပြီး‌တော့ ပြင်ဆင်ဖြည့်စွက်တာ၊ ပယ်ဖျက်တာ‌တွေက ၁၃ချက်ရှိတဲ့အ‌ပေါ်မှာ ဒီအချက်‌တွေကို သွားညှိနှိုင်းဖို့အတွက်ဖြစ်တယ်။ သွားညှိနှိုင်း‌တော့ ဆက်လက်ပြီး အဲဒီစာချုပ်ကို လက်မှတ်‌ရေးထိုးဖို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့‌တွေ အကုန်လုံး NCCT အဖွဲ့ထဲမှာပါတဲ့ ၁၇ဖွဲ့လုံးလုံးက လက်မှတ်ထိုးဖို့ ဆန္ဒရှိတယ်။ ဒါ‌ပေမယ့်လို့ အစိုးရဘက်က ဒါကို လက်မခံဘူး။ အထူးသဖြင့် NCCT SD အဖွဲ့ထဲမှာပါတဲ့ အဖွဲ့ ၆ဖွဲ့မှာ ၃ဖွဲ့က‌တော့ စစ်‌ရေးအရ အပစ်အခတ်ရပ်စဲ‌ရေးကို မလိုလား ဘူး။ ၃ဖွဲ့က‌တော့ သီးခြားအ‌နေအထား တိုက်ရိုက် ဆက်သွယ်ပြီး‌တော့ ‌ဆောင်ရွက်သွားမယ်။ ဒီသ‌ဘောအချက်‌တွေအ‌ပေါ်မှာ NCCT SD က ဒီတာဝန်ကိုထမ်း‌ဆောင်လို့ မပြည့်ဝဘူး။
‌နောက်ဆုံး တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအ‌ဝေး ချင်းမိုင်မှာ ကျင်းပတာက သွားညှိလို့ မရဘူးဆိုလို့ရှိ ရင် ကျ‌နော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၅ဖွဲ့က ‌ခေါင်း‌ဆောင် ၅ဦး‌ပေါင်းပြီး နိုင်ငံ‌တော်မှာ အမြင့်ဆုံး‌ခေါင်း‌ဆောင် နဲ့ ထပ်မံပြီး‌တော့ တင်ပြ‌ဆွေး‌နွေးမယ်ဆိုပြီး ဒီဆုံးဖြတ်ချက်နဲ့သွားတဲ့အ‌ပေါ် စက်တင်ဘာလ ၉ရက်‌နေ့မှာ ကျ‌နော်တို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ၅ဖွဲ့၊ ‌ခေါင်း‌ဆောင် ၅ဦးနဲ့ SD အဖွဲ့ဝင် ၃ဦး၊ NCCT အဖွဲ့ဝင် ‌ခေါင်း‌ဆောင် ၁ဦးနဲ့‌ပေါင်းပြီး ကိုယ် စားလှယ် ၉ဦးက သွားပြီး‌တော့ နိုင်ငံ‌တော်အမြင့်ဆုံးဖြစ်တဲ့ သမ္မတနဲ့ သွား‌တွေ့တယ်။ သွား‌တွေ့‌တော့ဒီကိစ္စကို တင်ပြတယ်။ မသွားခင်မှာလည်း အဲဒီကိုယ်စားလှယ်အဖွဲ့ကို အပြည့်အဝ အာဏာ‌ပေးထားတယ်။ ရည်ရွယ်ချက်က‌တော့ တစ်ပြည်လုံး အပစ် အခတ်ရပ်စာချုပ်က အပြီးပိုင် ညှိနှိုင်းဖို့ဖြစ်တယ်။ ‌ပြေလည်ရင် လက်မှတ်‌ရေးထိုးမယ်။ တခါတည်းသတ်မှတ်မယ်။ ဒုတိယအ ချက်‌တော့ ညှိနှိုင်းပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်‌ပေးထားတာ သွားညှိ‌တော့ နိုင်ငံ‌တော်အစိုးရဘက်ကလည်း အခုနက ကျ‌နော်‌ပြောတဲ့ သ‌ဘောထားအတိုင်းပဲဖြစ်တယ်။ ဒီအ‌ပေါ်မှာ ရလာတဲ့ရလဒ်အ‌ပေါ် တိုင်းရင်းသား‌ခေါင်း‌ဆောင်ကိုယ်စားလှယ်အဖွဲ့က‌နေပြီး‌တော့ သူတို့ကို တာဝန်‌ပေးတဲ့ တိုင်းရင်းသား‌ခေါင်း‌ဆောင်‌တွေ ပြန်ပြီး‌တော့ တင်ပြပြီး‌တော့ ဆုံးဖြတ်ရမှာကိုး။ ဒါ‌ကြောင့်မို့လို့ စက်တင် ဘာလ ၂၈ရက်က ၃ဝရက်အထိ ‌ဆွေး‌နွေးပွဲမှာ သူတို့ရလာတဲ့ ရလဒ်ကို ပြန်လည်တင်ပြပြီး‌တော့ အဖွဲ့ရဲ့ဆုံးဖြတ်ချက်အ‌နေနဲ့ သွားရမှာဖြစ်တယ်။ တိုင်းရင်းသားအဖွဲ့‌တွေရဲ့ ကိုယ်စားလှယ် (၅)ဦးက တကယ်လို့သာ သူတို့ရလာတဲ့ရလဒ်ကို အကြံပြုချက် သို့ မဟုတ် ဆုံးဖြတ်ချက်တစ်ခုခုရှိရင် တစ်ဖွဲ့ချင်း ဆုံးဖြတ်စရာမလို‌တော့ဘူး။ အခု တာဝန်‌ပေးလိုက်တဲ့၊ အာဏာ‌ပေးလိုက်တဲ့အ တိုင်းထက် ‌ဆောင်ရွက်မှုက မရှိခဲ့‌တော့ ဒါ တစ်ဖွဲ့ချင်းက‌နေပြီး‌တော့ ပြန်လည်ဆုံးဖြတ်တဲ့သ‌ဘော ဖြစ်တယ်။ ဆိုလိုတာက SD ရဲ့အခန်းကဏ္ဍက ပထမပိုင်းမှာ ထပ်ပြီး‌တော့ အဆင့်မြင့်‌ခေါင်း‌ဆောင်သမ္မတနဲ့ သွား‌တွေ့တယ်။ SD တာဝန်က အဲဒီအတည်ရဖို့ ညှိနှိုင်းမယ်။ စပြီး‌တော့ တာဝန်‌ပေးကတည်းကိုက သူ့ရဲ့တာဝန်ပြီးဆုံးခြင်းဖြစ်တယ်။ ထမ်း‌ဆောင်ပြီးပြီဖြစ်တဲ့အတွက်‌ကြောင့် ရုပ် သိမ်းလိုက်တဲ့သ‌ဘောပဲ ဖြစ်ပါတယ်။

‌ကေအိုင်စီ – ‌နောက်တစ်ခုက အစည်းအ‌ဝေးမှာ NCA ကို လက်မှတ်ထိုးဖို့ ‌ကေအဲန်ယူအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ဖွဲ့က လက်မှတ်‌ရေးထိုးမယ်လို့ ဆုံးဖြတ်ကြတယ်လို့ သိရတယ်။ ဆုံးဖြတ်ရတဲ့ အ‌ကြောင်းရင်းကို ရှင်းပြပါ။
ပဒို‌စောကွယ်ထူးဝင်း – ကျ‌နော်‌ပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဖွဲ့စည်းပြီး တာဝန်‌ပေးလိုက်တဲ့ ‌ခေါင်း‌ဆောင် ၅ဦး၊ SD ၃ဦးနဲ့ NCCT ၁ဦးတို့ဟာ သူတို့ရလာတဲ့ ရလဒ်အ‌ပေါ်မှာ ကျ‌နော်တို့ လက်ခံသင့်သလား၊ မသင့်ဘူးလားဆိုတာထက် ရလဒ် အ‌ပေါ် အပြီးပိုင် ဆုံးဖြတ်ညှိနှိုင်းရမှာ‌ပေါ့။ ဒါ‌ကြောင့် အခု ရလဒ်ကိုပဲ တင်ပြပြီး‌တော့ (Recommendation) မ‌တောင်းဘဲနဲ့ တစ်ဖွဲ့ချင်းရဲ့ ဆုံးဖြတ်ချက် သ‌ဘောထားယူလိုက်တဲ့အ‌ပေါ်မှာ အစုအဖွဲ့ ဆုံးဖြတ်တာထက် တစ်ဖွဲ့ချင်းဆုံးဖြတ်တဲ့ အ‌နေအထား ဖြစ်တယ်။ ကျ‌နော်တို့ ‌ကေအဲန်ယူ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့က‌တော့ ကျ‌နော်တို့ မူလရည်မှန်းချက်ဖြစ် တဲ့ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှု ဖြစ်နိုင်ဖို့အတွက်‌တော့ ကျ‌နော်တို့ လက်မှတ်‌ရေးထိုးမယ်။ မထိုးတဲ့အဖွဲ့‌တွေကလည်း လတ်တ ‌လောမှာ မထိုး‌သေးဘူး။ သူတို့ရပ်တည်ချက်ဖြစ်တဲ့ အကုန်လုံးပါဝင်လာမှ ထိုးမယ်တစ်ချက်။ တချို့က‌တော့ အချိန်အနည်းငယ် လို‌သေးတဲ့အ‌ပေါ် မထိုး‌သေးတာဖြစ်တယ်။ ဒါက ရပ်တည်မှုအ‌ပေါ်မှာ တစ်ဖွဲ့ချင်းရဲ့ ဆုံးဖြတ်မှုအ‌ပေါ်မှာ ရလဒ်ထွက်လာခဲ့တာ ဖြစ် တယ်။

‌ကေအိုင်စီ – NCA လက်မှတ်‌ရေးထိုးဖို့အတွက် အတီးတို့ ဘယ်လိုဆက်သွားကြမလဲ။ ပြီး‌တော့ မထိုးနိုင်တဲ့ အဖွဲ့‌တွေအတွက် ‌ကော ဘာအာမခံချက်‌တွေ လုပ်‌ပေးသွားဖို့ရှိလဲ။
ပဒို‌စောကွယ်ထူးဝင်း – ကျ‌နော်တို့က သ‌ဘောတူထားပြီး ဆုံးဖြတ်ချက်ချသလိုပဲ တစ်ခြားလက်မှတ်‌ရေးထိုးမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အဖွဲ့အစည်းနဲ့ အတူတကွ အစိုးရနဲ့ ညှိနှိုင်းပြီး‌တော့ လာမယ့် ရက်အနည်းငယ်အတွင်းမှာ လက်မှတ်‌ရေးထိုးမဲ့ရက်ကို သတ်မှတ် မယ်။ ပြီး‌တော့လည်း အဲဒီလက်မှတ်‌ရေးထိုးဖို့ အခမ်းအနားကို ပူးတွဲ ကျင်းပသွားဖို့လည်း စီစဉ်‌ဆောင်ရွက်မယ်။ ဒါက‌တော့ ဆက်ပြီးလုပ်မယ်။ ပြီးလို့ရှိရင် NCA မှာပါတဲ့ စာချုပ်အတိုင်း သ‌ဘောတူညီချက်ကို အ‌ကောင်အထည်‌ဖော်ဖို့ အတူတကွ လက် မှတ်ထိုးတဲ့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းနဲ့ တစ်ဖက်က လက်မှတ်ထိုးတဲ့ အစိုးရဘက်က တာဝန်ရှိပုဂ္ဂိုလ်‌တွေနဲ့ ဆက် လက်ပြီး‌တော့ အ‌ကောင်အထည်‌ဖော်‌ဆောင်ရမှာဖြစ်တယ်။ တချိန်တည်းမှာပဲ အခု လက်မှတ်မထိုး‌သေးတဲ့အဖွဲ့‌တွေကိုလည်း လက်မှတ်‌ရေးထိုးမှုမှာ မူလကတည်းက ထိုးမယ်ဆိုတဲ့ သ‌ဘောထားရှိတဲ့အတွက်‌ကြောင့် သူတို့လည်း ဒီထဲမှာ ဆက်လက်ပြီး ‌တော့ ပါဝင်လာနိုင်ဖို့အတွက်လည်း ကျ‌နော်တို့ ကြိုးစား‌ဆောင်ရွက်သွားမှာဖြစ်တယ်။
အာမခံချက်ဆိုတာ ကျ‌နော်တို့ တာဝန်ခံပြီး အ‌ကောင်အထည်‌ဖော်မှ အာမခံချက်ရှိတာကိုး။ အခု လက်မှတ်မ‌ရေးထိုး ‌သေးတဲ့အဖွဲ့‌တွေက လတ်တ‌လောမှာ မထိုးနိုင်‌သေး‌ပေမဲ့ သူတို့လည်း ထိုးလာမယ်။ ဒါ‌ပေမယ့် သူတို့ ရပ်တည်မှုက အကုန်လုံး ပါဝင်လာမှ ဆိုလို့ရှိရင် အစိုးရရဲ့မူကို ‌ပြောင်းနိုင်‌အောင် လုပ်ရမယ်။ လတ်တ‌လောရှိ‌နေတဲ့ အ‌နေအထားက အစိုးရက ကျ‌နော်တို့ NCCT မှာ ပါတဲ့အဖွဲ့ ၃ဖွဲ့က ‌တောက်‌လျှောက်မှာ တိုက်ပွဲလည်း မရှိခဲ့ဖူးဘူး။ မတရားအသင်းအဖွဲ့နဲ့ စာရင်းမရှိတဲ့အ‌ပေါ်မှာ လက် မှတ်ထိုးစရာမလိုဘူး။ ဒါ‌ပေမယ့် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကို တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ လက်မှတ် ထိုးတဲ့ အဖွဲ့အစည်း‌တွေနဲ့ အတူတကွ တန်းတူ တက်‌ရောက်‌ဆွေး‌နွေး ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒါ‌ပေမယ့် အခု အကုန်လုံးပါဝင် ‌ရေးမူကို ရပ်တည်မယ်ဆိုရင် အစိုးရရဲ့‌ပေါ်လစီကို ‌ပြောင်းနိုင်တဲ့အချိန်ကာလတစ်ခု ‌စောင့်ရမယ်။ ဒီအချိန်ကာလက ဒီအစိုးရ လက်ထက်မှာ‌တော့ ‌ပြောင်းနိုင်မှာလား။ ‌ပြောင်းနိုင်လို့ရှိရင် ‌ကောင်းတာ‌ပေါ့‌နော်။

‌ကေအိုင်စီ – အတီးတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတို့ ပြုလုပ်မယ့် NCA စာချုပ်ကို ဘယ်‌တော့ ထိုးနိုင်မှာလဲ။ ရက်အတိအကျ ‌ပြောလို့ရနိုင်မလား။
ပဒို‌စောကွယ်ထူးဝင်း – ဒီလ အ‌တောအတွင်းမှာပဲ မူလက သ‌ဘောထားရှိတာ‌ပေါ့။ ဒါ‌ပေမယ့် ရက်သတ်မှတ်မှု‌တော့ မရှိဘူး‌ပေါ့။ အခမ်းအနား‌တွေနဲ့လုပ်မယ်။ နိုင်ငံတကာ အသိသက်‌သေ‌တွေနဲ့ ‌ခေါ်မယ်။

‌ကေအိုင်စီ – NCA လက်မှတ်ထိုးမယ့်ကိစ္စနဲ့ပတ်သက်ပြီး ‌ကေအဲန်ယူအ‌နေနဲ့ ပြည်သူကို ချပြသွားဖို့ စီစဉ်‌နေတယ်လို့ သိရတယ်။ အဲဒါ ဘယ်‌တော့ လုပ်‌ဆောင်မလဲ။
ပဒို‌စောကွယ်ထူးဝင်း – NCA နဲ့ပတ်သက်ပြီး ချပြတာ‌တောက်‌လျှောက်ပါပဲ။ ဒါ‌တွေက ဆက်လုပ်ရမှာပဲ။ စာချုပ်ကို နားလည်သ ‌ဘော‌ပေါက်မှ လူထု‌တွေလည်း ဒီနှစ်ဖွဲ့ရဲ့ သ‌ဘောတူညီတဲ့ဟာ‌တွေ အ‌ကောင်အထည်‌ဖော်လား၊ မ‌ဖော်လား ‌စောင့်ကြည့်မယ်။ ငြိမ်းချမ်း‌ရေး တည်‌ဆောက်တဲ့‌နေရာမှာ လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့တည်း တည်‌ဆောက်လို့ မရဘူး။ ပြည်သူ‌တွေကလည်း ပါလာ မှ လက်နက်ကိုင်ပဋိပက္ခဖြစ်‌နေတဲ့ အ‌ခြေခံ နိုင်ငံ‌ရေးပြဿနာ ရှင်းနိုင်ဖို့အတွက် လူထုမပါလို့ရှိရင် ဘာမှလုပ်လို့မရဘူး။ လူ‌တွေ ပါဝင်လာမှ သ‌ဘောတူညီချက်‌တွေကို ဒီနှစ်ဖွဲ့က အ‌ကောင်ထည်‌ဖော်မှု လုပ်သလား၊ မလုပ်ဘူးလားဆိုတာ ‌ထောက်ပြလို့ရမယ်။

‌ကေအိုင်စီ – NCA စာချုပ်လက်မှတ်ထိုးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး‌တော့ ပြည်သူ‌တွေကို ဘာများ အသိ‌ပေးချင်တာ ရှိပါ‌သေးသလဲ။
ပဒို‌စောကွယ်ထူးဝင်း – တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်က ဒီနာမည်အ‌ပေါ် အကုန်လုံး လက်မှတ်ထိုးရမယ် ဆိုလိုတာ က မဟုတ်ဘူး‌နော်။ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်တိုက်ခိုက်မှု‌တွေ ရပ်ဆိုင်းရမယ်ဆိုတဲ့ နာမည်‌အောက်က လုပ် တာဖြစ်တယ်။ အ‌ကောင်အထည်‌ဖော်တဲ့‌နေရာမှာ အကုန်လုံး လက်မှတ်‌ရေးထိုးမှ ဒါကြီးက ‌ခေါင်းစဉ်နဲ့လိုက်မှာဆိုတာထက် ဘယ်နည်းဘယ်ပုံနဲ့ ‌ဆောင်ရွက်မယ်ဆိုတာက လက်ရှိအ‌နေအထားနဲ့ ကိုက်ညီတဲ့ အ‌ခြေအ‌နေ‌ပေါ်မှာ အ‌ကောင်အထည်‌ဖော်ရ မှာ ဖြစ်တယ်။ အထူးသဖြင့် ကျ‌နော်တို့ ကရင်ပြည်သူ‌တွေ၊ ကရင်‌ဒေသမှာ အနှစ် ၆၀‌ကျော် တိုက်ပွဲ‌တွေ‌ကြောင့် မတရား‌ဆောင် ရွက်မှု‌တွေက ကျ‌နော်တို့ လက်နက်ကို်င်တပ်ဖွဲ့နှစ်ဘက်စလုံးက လုပ်‌ဆောင်ခဲ့တယ်ဆိုတာ ကျ‌နော်တို့ ပြည်သူ‌တွေအသိပါ။ ဒီ တိုက်ပွဲ‌တွေ‌ကြောင့် ဖြစ်‌ပေါ်လာတဲ့ အကျိုးသက်‌ရောက်မှု၊ အနိဋ္ဌာရုံ‌တွေကို တကယ်ခံစားရတာ ကျ‌နော်တို့တိုင်းရင်းသား‌တွေပါ။
လွန်ခဲ့တဲ့ အနှစ် ၂ဝပတ်ဝန်းကျင်က အခြားတိုင်းရင်းသား‌တွေ အပစ်အခတ်ရပ်စဲ‌ရေးလုပ်ပြီး သူတို့‌ဒေသမှာ ငြိမ်းချမ်း သာယာပြီး‌တော့ သူတို့ရဲ့စီးပွား‌ရေးလုပ်ငန်း၊ သူတို့ရဲ့ အသက်‌မွေးဝမ်း‌ကျောင်း ‌အေး‌အေး‌ဆေး‌ဆေး ‌ဆောင်ရွက်‌နေတဲ့အချိန်မှာ ကျ‌နော်တို့ ကရင်လူမျိုး‌တွေ‌ဒေသမှာ တိုက်ပွဲ‌ကြောင့် ‌ကျေးရွာ‌တွေပျက်စီးတယ်၊ မတရားပြုကျင့်ခံရတယ်။ စီးပွား‌ရေး မလုပ်နိုင် တဲ့အတွက်‌ကြောင့် နိုင်ငံခြားကိုထွက်ပြီး တခြားနိုင်ငံမှာ အမှီအခိုနဲ့‌လျှောက်ပြီး‌တော့ လုပ်ခစား‌တွေ လုပ်လာခဲ့တယ်။ ကျ‌နော်တို့ ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် မ‌ဆောင်ရွက်နိုင်ခဲ့ဘူး။ ဒါက အနှစ် ၂ဝအ‌တောအတွင်းမှာ ခံစားခဲ့ရတာ ‌နောက်ဆက်တွဲအရ ကျ‌နော်တို့ ကရင်လူမျိုး‌တွေ စီးပွား‌ရေးအရ သူများ‌နောက်မှာ ကျန်ရစ်ခဲ့တယ်။ ပညာ‌ရေးအရ အခွင့်အ‌ရေး မရတဲ့အ‌ပေါ်မှာ သူများ‌နောက် ကျန်ရစ်ခဲ့တယ်။ လူမှု‌ရေးအရ စိုးရိမ်‌ကြောင့်ကြမှုနဲ့ အမြဲတမ်း‌နေခဲ့ရတယ်။ အပစ်အခတ်ရပ်စဲ‌ရေးလုပ်ပြီးဆိုရင် မတရားအသင်း ဆိုတဲ့ အစိုးရသတ်မှတ်တဲ့၊ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တဲ့အဖွဲ့‌တွေ မတရားအသင်းဆိုတာ ပယ်ဖျက်ခြင်းခံရမယ်။ ပယ် ဖျက်ပြီး‌နောက်ပိုင်း ကျ‌နော်တို့ အစိုးရနဲ့တန်းတူ နိုင်ငံ‌ရေးပြဿနာကို ‌ဆွေး‌နွေးရမယ်ဆိုတဲ့ စားပွဲ‌ပေါ်တန်းတူထိုင်ပြီး ပြဿနာ ရှင်းမယ်ဆိုတဲ့ အသိအမှတ်ပြုမှု ရှိလာတဲ့အ‌ပေါ် ကျ‌နော်တို့ပြည်သူ‌တွေကလည်း ဘာမှပူစရာမရှိ‌တော့ဘူး။
အဲဒီအချိန်မှာ ကျ‌နော်တို့ကရင်အမျိုးသား‌တွေ ကျ‌နော်တို့အဖွဲ့အစည်းနဲ့ ပူး‌ပေါင်းပြီး‌တော့ အမျိုးသားအခွင့်အ‌ရေးအ တွက်၊ နိုင်ငံ‌ရေးအခွင့်အ‌ရေးအတွက်၊ စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်၊ လူမှု‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး ဖွံ့ဖြိုးတိုးတက်ဖို့အ တွက် ဝိုင်းဝန်း‌ဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒါဟာ ကျ‌နော်တို့ အမျိုးသားအတွက် အကျိုးအရှိဆုံး နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတဲ့ အမျိုးသားအတွက် ခံယူပြီး‌တော့ ဆုံးဖြတ်တာဖြစ်တယ်။ ‌နောက်တစ်ခုက ကျ‌နော်တို့ ကရင်လူမျိုး‌တွေရဲ့ အကျိုးတစ်ခုတည်း မဟုတ်ဘူး။ ဗမာပြည်မှာရှိတဲ့ တိုင်းရင်းသား‌တွေအကုန်လုံးအကျိုးအတွက် ‌မျှော်မှန်းပြီး‌တော့ တစ်ပြည်လုံးမှာ ငြိမ်းချမ်းသာယာ ‌အောင် အပစ်ခတ်တိုက်ခိုက်မှု‌တွေ တစ်ပြည်လုံး ရပ်ဆိုင်းသွား‌အောင် ‌ဆောင်ရွက်မယ်ဆိုတဲ့ ‌မျှော်မှန်းချက်နဲ့ ကျ‌နော်တို့ဆုံးဖြတ် တာ ဖြစ်တယ်။