Home သတင်း စစ်တပ်သိမ်းဆည်းထားသည့် ကိုယ်ပိုင်ခြံ‌မြေပြန်ရရန် နဘူး‌တောင်နားရွာသားများ ‌တောင်းဆို

စစ်တပ်သိမ်းဆည်းထားသည့် ကိုယ်ပိုင်ခြံ‌မြေပြန်ရရန် နဘူး‌တောင်နားရွာသားများ ‌တောင်းဆို

2420

‌အောက်တိုဘာ ၄ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

‌ကော့ကရိတ်မြို့နယ် နဘူးတံခွန်တိုင်‌ကျေးရွာအုပ်စု နဘူး‌တောင်နား‌ကျေးရွာကို စစ်တပ်မှ ပြီးခဲ့သည့် ၁၉၉၅ခုနှစ်က ခြံ‌မြေများ ကို ရွာလုံးကျွတ် သိမ်းယူလိုက်သည့်အတွက်‌ကြောင့် ယခု နဘူး‌တောင်နား ‌တောရဘုန်းကြီး‌ကျောင်းဝင်းတွင် နှစ် ၂ဝနီးပါး ‌နေထိုင်လာခဲ့ရသည့် ၎င်းရွာသားများက ‌ရေရှည်အတွက် မိမိခြံ‌မြေများကို ပြန်လိုချင်‌ကြောင်း မြို့နယ်တာဝန်ရှိသူများထံ ‌တောင်း ဆို‌နေကြသည်။

အဆိုပါ‌ဒေသခံများသည် စစ်တပ်မှ ခြံ‌မြေများသိမ်းယူပြီးကတည်းက ‌နောက်ထပ် ခြံ‌မြေများကို မဝယ်ယူနိုင်သည့်အတွက် အိမ် ‌ထောင်စု ၃၀‌ကျော်မှာ ယခုအချိန်ထိ နဘူး‌တောင်နား‌တောရ ဘုန်းကြီး‌ကျောင်းဝင်းတွင် မှီခို‌နေထိုင်‌နေရဆဲရှိ‌သေးသည်ဟု သိရ သည်။

ယင်းသို့မှီခို‌နေထိုင်သူထဲမှ ဂါးကြည်‌အေးက “အိမ်ခြံ‌မြေပြန်‌ပေးဖို့ စစ်တပ်က‌ပြောတာ တစ်ခါမှ မရှိဘူး။ ရွာလုံးကျွတ်‌ပြောင်း‌နေ ကတည်းက စစ်တပ်‌တွေကူညီတာ တစ်ခါမှမရှိဘူး။ အိမ်ခြံ‌မြေသိမ်းတာမက လုပ်စားဖို့လယ်‌တွေကို‌တောင် သိမ်းလိုက်တယ်။ ဘုန်းကြီး‌ကျောင်းဝင်းမှာ ‌နေတာကြာပြီး‌တော့ ဘယ်အချိန်‌လောက်မှ ‌နေထိုင်ခွင့်‌ပေးမလဲ မသိဘူး‌လေ။ သားသမီး‌တွေလည်း ရှိ ‌သေး‌တော့ ‌မြေ‌တွေကိုပြန်လိုချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌အောက်တိုဘာလ ၂ရက်က ‌ပြောသည်။

စစ်တပ်မှ အိမ်ခြံ‌မြေသိမ်းယူထားသည့်အပြင် လယ်များကိုပါ သိမ်းယူခဲ့သည့်အတွက် လယ်ပြန်လုပ်ပါက အစိုးရစစ်တပ်ကို တစ် ဧကလျှင် စပါး ၆တင်း နှစ်စဉ် ‌ပေး‌ဆောင်ခဲ့ရ‌ကြောင်း၊ ထိုသို့‌ပေးခဲ့ရသည်မှာ ၁၅နှစ်‌ကျော်ကြာမြင့်ခဲ့ပြီး ယခုနှစ်တွင်မှ လယ်အချို့ ကို ပြန်လည်ပိုင်ဆိုင်ခွင့်ရသည်ဟု သူမက ဖြည့်စွက်‌ပြောဆိုသည်။
IMGP1394 Nabutaung nar
တပ်ပိုင်‌မြေအဖြစ် သိမ်းယူထား‌သော တပ်နှင့် ကင်းလွတ်သည့်‌နေရာများမှ လယ်‌မြေများကို ‌ဒေသခံများ တရားဝင် ပြန်လည် လုပ်ကိုင်ခွင့်နှင့် ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိရန် သက်ဆိုင်ရာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ လယ်ယာနှင့် စိုက် ပျိုး‌ရေးဋ္ဌာန ဗဟိုသို့ အ‌ထောက်အထားဓာတ်ပုံနှင့် လယ်သမားအမည်‌ပေါက် ‌ပြေစာကိုပါ ၂၀၁၄ခု၊ ဇွန်လတွင် တင်ပြခဲ့ပြီး ၂၀၁၅၊ မတ်လတွင် စစ်တပ်မှ စွန့်လွတ်‌မြေအဖြစ် လယ် ၇ဝဧက ပြန်‌ပေးခဲ့‌ကြောင်းလည်း နဘူး‌တောင်နားရွာသစ် ပြန်လည်တည် ‌ထောင်‌ရေး‌ကော်မတီဥက္ကဋ္ဌ ‌စောစိန်‌အေးက ‌ပြောသည်။

သူက “အခုပြန်‌ပေးတဲ့‌မြေ‌တွေက တပ်က စွန့်လွတ်‌မြေလိုလို ဘာလိုလို ဖန်တီးတာ‌ပေါ့။ ဒါ‌ပေမယ့် သူတို့သိမ်းထားတဲ့‌မြေ‌တွေက အခုထိ ပြန်‌ပေးတာမရှိဘူး။ ဋ္ဌာနဆိုင်ရာအသီးသီးက‌တော့ ကျ‌နော်တို့ ရွာလာကြည့်တယ်။ ပြန်‌ပေးတဲ့‌ခေါင်း‌ဆောင်‌တွေက တစ် ‌ယောက်မှမရှိ‌သေးဘူး။ စစ်တပ်က‌တော့ ‌မြေ‌တွေကို တစ်လက်မမှ ပြန်မ‌ပေးဘူးတဲ့။ ကျ‌နော်တို့ရွာသစ်ပြန်တည်ဖို့ ‌ကော်မတီဖွဲ့ တယ်။ ဒါ‌ပေမယ့် အခုထိ ရွာပြန်တည်လို့မရ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ‌ကော့ကရိတ်မြို့နယ်‌မြေစာရင်းအပြင် မြို့နယ်‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ ‌ကော့ကရိတ်
မြို့နယ်မှတဆင့် သမ္မတဦးသိန်းစိန်၊ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်တို့ထံသို့လည်း တင်ပြခဲ့ဖူး ‌ကြောင်း ‌ဒေသခံ ရွာသူရွာသားများ၏ ‌ပြောဆိုချက်များအရ သိရသည်။

အဆိုပါ‌ကျေးရွာတွင် စကခ(၁၂)လက်‌အောက်ခံ ခမရ (၅၄၃)၊ ခမရ(၅၄၈)နှင့် ခမရ(၅၄၉) တပ်ရင်းသုံးရင်းက ၁၉၉၅ခုနှစ်တွင် ဝင်‌ရောက်အ‌ခြေစိုက်ခဲ့ပြီး တပ်ရင်းတည်‌ဆောက်ရန် ရွာလုံး‌ပျောက်စနစ် သိမ်းယူခဲ့သည့်အတွက် နဖူး‌တောင်နား‌ကျေးတစ်ရွာ လုံး ခိုကိုးရာမဲ့ဖြစ်ကာ အခြား‌နေရာသို့ ‌ပြောင်း‌ရွှေ့သွားသူရှိသလို ဘုန်းကြီး‌ကျောင်းဝင်း၌လည်း အိမ်‌ထောင်စု ၃၀‌ကျော် အိမ် ‌ဆောက်‌နေထိုင်လျက်ရှိသည်။