Home သတင်း မြဝတီ-‌ကော့ကရိတ် ကားလမ်း‌ဟောင်းတွင် ပစ်ခတ်မှုဖြစ်ပွား ၃ ဦး‌သေဆုံး

မြဝတီ-‌ကော့ကရိတ် ကားလမ်း‌ဟောင်းတွင် ပစ်ခတ်မှုဖြစ်ပွား ၃ ဦး‌သေဆုံး

2284

‌အောက်တိုဘာ ၇ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ မြဝတီ-‌ကော့ကရိတ် ကားလမ်း‌ဟောင်း အနီးတွင်တပ်စွဲ ထားသည့် ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်(BGF)က ကားတစ်စီးအား တားဆီးစစ်‌ဆေးရာမှ ကား‌ပေါ် ပါသူများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ကား‌ပေါ်ပါလာသူ ၃ ဦးစလုံး ‌သေဆုံးသွားသည့်ဖြစ်စဉ် ယမန်‌နေ ့က ဖြစ်ပွားခဲ့‌ကြောင်း BGF ဘက်က ‌ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ‌အောက်တိုဘာလ ၆ ရက်‌နေ့ မွန်းလွဲ ၁ နာရီ ၄ဝ မိနစ်အချိန်ခန့်က မြဝတီ-‌ကော့ကရိတ် လမ်း‌ဟောင်း၊ ‌ကောင်းမှုနှင့် ‌တောင်သုုံးလုံးကြားတွင် BGF တပ်ရင်း ၁၀၁၇ မှတပ်ဖွဲ့ဝင်အချို့က တိုယိုတာ Vigo အမျိုးအစား‌ငွေ‌ရောင်၊ RLG 4D- 4217 နံပါတ်ပြားအဝါတက်ဆင်ထားသည့် ကားအား စစ်‌ဆေးရန် တားဆီးရာမှ ကား‌ပေါ်မှပါလာသူ ၃ ဦးနှင့် အပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ BGF ဗိုလ်မှူးတစ်ဦးက အခုလို‌ပြောသည်။

“ အစ်ကိုတို့ အဲဒီကားမှာလက်နက်‌တွေ ပါလာတယ်လို ့သတင်းရထား‌တော့ အဲဒီကားကို တားတယ်။ လက်နက်‌တွေပါရင်အပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း‌ဖြေရှင်းဖို့‌ပြော‌တော့ ကား‌မောင်း‌ပြေးပြီး လက်နက်ငယ်နဲ့ နှစ်ချက်ပြန်ပစ်တယ်။ အဲဒီမှာလည်း စစ်ဆင်‌ရေးနယ်‌မြေဖြစ်‌တော့ ကိုယ့်ဆီကလည်း ပြန်ပစ်ရတာ‌ပေါ့ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပစ်ခတ်မှု‌ကြောင့် ‌သေဆုံးသွားသူများမှာ DKBA တပ်ဖွဲ့ဝင်‌ဟောင်း ဖြစ်ဖွယ်ရှိသူများဖြစ်သည့် ဗိုလ်အဆင့်ရှိ ‌စောအဒီး၊ ဗိုလ်‌စောဘီ‌အေ(ခ)‌စောချပရီး၊ ‌စော‌ကော့သဘ‌လေး တို့ဖြစ်သည်ဟု BGF ဘက်က‌ပြောဆို‌သော် လည်း DKBA တပ်ဖွဲ့ဝင်‌ဟောင်းများကမူ မိမိတို ့တပ်ဖွဲ့ဝင်များမဟုတ်ဟု ‌ကေအိုင်စီသို ့‌ပြောဆိုသည်။

DKBA တပ်ဖွဲ့ဝင်‌ဟောင်း ဗိုလ်မှူးချုပ်‌ကျော်သက်တပ်ဖွဲ့မှ ဗိုလ်ကြီး‌စောသရီးတူးက “ ဒီလူ‌တွေက ဗိုလ်‌ကျော်သက်နဲ့‌ရော BGFက လူ‌တွေနဲ့ပါသိတယ်။ ‌သေသွားတဲ့သူ‌တွေက စစ်သားအစစ်မဟုတ်ဘူး။ ဟိုဘက်သာရင် ဟိုဘက်‌ပြေးကပ်၊ ဒီဘက်သာရင်ဒီဘက်‌ပြေးကပ်တဲ့ စီးပွား‌ရေးသမား‌တွေ ဖြစ်တယ်။ ဗိုလ်‌ကျော်သက် တပြည့်အစစ်ဆိုရင် အဲဒီဘက်ကိုဘယ် သွားရဲမလဲ။ ကျ‌နော်တို့‌တောင် မသွားရဲဘူး” ဟု ‌ပြောသည်။

၁ဝ မိနစ်ကြာ ပစ်ခတ်မှုဖြစ်စဉ်တွင် ကား‌ပေါ်ပါသုံးဦးစလုံး ‌သေဆုံးသွားသလို ကား‌ပေါ်မှ ၉-မမ ပစ္စတို တစ်လက်၊ DKBA တံဆိပ်ပါ ဦးထုပ်တစ်လုံး၊ DKBA (၉၀၇) ကတ်ပြားတစ်ခု၊ လက်ပစ်ဗုံး တစ်လုံး၊ ဓားတစ်‌ချောင်းနှင့် စိတ်ကြွ‌ဆေးအချို့ကို သိမ်းဆည်း ရမိ‌ကြောင်း BGF ဘက်က ‌ပြောသည်။

ယခုပစ်ခတ်မှုဖြစ်ပွားရာနယ်‌မြေမှာ ပြီးခဲ့သည့်လအနည်းငယ်က အစိုးရတပ်နှင့် DKBA ဗိုလ်မှူးချုပ် ‌စော‌ကျော်သက်နှင့် ဗိုလ်မှူးကြီး‌စောဆန်း‌အောင် ဦး‌ဆောင်သည့်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး‌နောက်ပိုင်း စစ်ဆင်‌ရေးနယ်‌မြေအဖြစ် သတ်မှတ်ထားပြီး နယ်‌မြေရှင်းလင်းမှုများ ပြုလုပ်‌နေဆဲ ဖြစ်‌ကြောင်း သိရသည်။