Home သတင်း တပ်သားသစ် စု‌ဆောင်းမှု‌ကြောင့် ‌ဒေသခံ ၂၀၀၀‌ကျော် မြိုင်ကြီးငူသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ

တပ်သားသစ် စု‌ဆောင်းမှု‌ကြောင့် ‌ဒေသခံ ၂၀၀၀‌ကျော် မြိုင်ကြီးငူသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ

1910

‌အောက်တိုဘာ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ တပ်သားသစ် စု‌ဆောင်းမှု‌ကြောင့် ‌အောက်တိုဘာလ ၂ရက်မှ ၁ဝရက်‌နေ့အထိ လှိုင်းဘွဲမြို့ နယ်၊ မြိုင်ကြီးငူသို့ ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် ဖာပွန်မြို့နယ်ရှိ ‌ကျေးရွာ ၁၅ရွာမှ ‌ဒေသခံ ရွာသူရွာသား ၂,၄၄၅ဦး ရှိသွားပြီဟု ၎င်းတို့အား ကူညီပံ့ပိုး‌နေကြသူများက ‌ပြောသည်။

ထွက်‌ပြေးတိမ်း‌ရှောင်လာသူများမှာ ဖာပွန်မြို့နယ်ရှိ ‌ရွှေဖလားကျ၊ ဟတ်ကြီး၊ မြင်းတ‌ပြေး၊ ပိုင်လာ၊ ‌သောလယ်ထာ့၊ ဝါ့မု‌လော၊ မယ်‌ညော၊ စာ‌ကော‌လော်၊ ကွင်းတလ၊ မယ်ပရီ၊ မဲကလား၊ ‌ရေပူ၊ ပြည့်စုံ (လဲပွယ်)၊ ကွီး‌လောချနှင့် ရှမ်း‌တောင် စသည့်‌ကျေးရွာ များမှ အိမ်‌ထောင်စု ၃၇၈စုရှိပြီး အများစုမှာ အမျိုးသမီးနှင့် က‌လေးငယ်များဖြစ်‌ကြောင်း လှိုင်းဘွဲမြို့နယ်၊ အုပ်ချုပ်‌ရေးမှူး ဦး‌ဇေ ဝဏ္ဏလှိုင်က ‌ပြောသည်။

“ဒီမှာ‌ရောက်‌တော့ ကျ‌နော်တို့ လှိုင်းဘွဲမြို့နယ်က‌နေပြီး‌တော့ အချိန်နဲ့တ‌ပြေးညီ ပြည်နယ်အစိုးရကို တင်ပြပြီး‌တော့ ‌ရောက်တယ် ဆိုတာနဲ့ တန်းပြီး‌တော့ ‌ထောက်ပံ့မှု‌တွေ‌ပေးနိုင်‌အောင် လုပ်‌နေပါတယ်။ သူတို့‌တွေ ဒုက္ခသည်လို့လည်း သုံးနှုန်းရတာ တစ်မျိုး ‌လေး ဖြစ်တယ်‌ပေါ့။ တခြား‌ဒေသ‌တွေလို တိုက်ပွဲ‌ကြောင့်၊ သဘာဝ‌ဘေးဒဏ်‌ကြောင့် မဟုတ်ဘူး။ စိုးရိမ်စိတ်တစ်ခု‌ကြောင့် သူတို့ ‌တွေ ခဏတိမ်း‌ရှောင်လာတဲ့ သ‌ဘောမျိုး‌ပေါ့။”ဟု ဆိုသည်။

တပ်သားသစ်‌ကောက်ခံသည့် အဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ တပ်မဟာ(၅) နယ်‌မြေ၌ လှုပ်ရှား‌နေသည့် ဗိုလ်ဖားမီးဆိုသူ ဦး‌ဆောင်‌သော အဖွဲ့ကဖြစ်ပြီး စစ်သားစု‌ဆောင်းရာတွင် မသွားနိုင်ပါက မိသားစုဝင်များကို ဖမ်းဆီးခြိမ်း‌ခြောက် ခြင်း၊ ‌ငွေ‌ကြေး အဆမတန် ‌ကောက်ခံခြင်းများ လုပ်‌ဆောင်‌သော‌ကြောင့် ရွာ၌ မ‌နေရဲ‌တော့ဘဲ ထွက်‌ပြေးတိမ်း‌ရှောင်လာရခြင်း ဖြစ်သည်ဟု ‌ရှောင်တိမ်းလာသူထဲမှ ‌စော‌မောထာ့က ‌ပြောသည်။

ပြည့်စုံရွာသူကြီး ‌စော‌မောထက “စစ်သားဖမ်းလို့ ထွက်‌ပြေးလာတာပါ။ အစက ဖမ်းတာ မဟုတ်ဘူး‌လေ။ စည်းရုံးပုံစံမျိုးနဲ့ လုပ် တယ်။ လုပ်မရ‌တော့ ဖမ်းတယ်။ ကျ‌နော်တို့ကို ဖမ်းဆွဲတာလည်း ကျ‌နော်လည်းပါတယ်။ အဲဒီမှာ ၄-၅-၆ရက် သွား‌နေရတယ်။ ကျ‌နော့်မှာ သားလူပျိုရှိတယ်။ သားမှမရှိတာ သားဘန်‌ကောက်မှာပဲ‌လေ။ ဒီမှာလာ‌နေတာလည်း လာချင်လို့ လာတာ မဟုတ်ဘူး ‌လေ။ ‌ကြောက်လို့လာတာ။ ရွာက ‌အေးချမ်းရင် ပြန်ချင်တာ‌ပေါ့။”ဟု ကရင်ဘာသာဖြင့် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလ ‌အောက်တိုဘာ ၁၅ရက်‌နေ့တွင် ‌ကေအဲန်ယူ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ၈ဖွဲ့နှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးကို လက်မှတ်‌ရေးထိုးကြမည်ဟု စီစဉ်‌နေသည့် တပြိုင်နက်တည်း ကရင်ပြည်နယ် ‌နေရာအချို့တွင် ပစ်ခတ်မှုများနှင့် စစ်‌ရှောင်ရွာသားများ ဖြစ်ရှိလာခြင်းလည်း ဖြစ်သည်။

KNU တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲကလည်း “ရွာသား‌တွေ ‌ထောင်ချီထွက်‌ပြေးတဲ့ကိစ္စကို‌တော့ ကျ‌နော်တို့ သိရ တယ်။ ဒီကိစ္စက စစ်သားစု‌ဆောင်းမှုဆိုတဲ့ ကိစ္စအ‌သေးအဖွဲ‌လေးကို အမှိုက်ကအစ ပြဿဒ်မီး‌လောင်ဆိုတဲ့ ပုံစံမျိုးဖြစ်‌နေတယ်။ သတင်းရဲ့ ‌နောက်‌ကြောင်းဆက်ကို ပြန်ကြည့်ရင် ကတိုင်တိ၊ ကမ‌မောင်း လမ်းမ‌လျှောက်မှာ BGF တပ်ရင်း ၃ရင်း၊ ရတခ တိုင်း က စစ်တပ်ကလည်း တပ်ရင်း ၃ရင်း‌လောက် ဝင်‌ရောက်လှုပ်ရှားတာရှိတယ်။ လူထုကို သူတို့‌ရှေ့ထုတ်တယ်။ ဒီအ‌ကြောင်းရင်း တစ်ခုတည်းနဲ့ ထွက်‌ပြေးရတယ်ဆိုတာက စဉ်းစားစရာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လောတွင် မြိုင်ကြီးငူရှိ ဇိနမာရ်‌အောင် ‌ရေပြန်ကျွန်းဘုရားကြီး အ‌ဆောက်ဦးတွင် ထွက်‌ပြေးတိမ်း‌ရှောင်သူများအား ခိုလှုံ စရာများ စီစဉ်ထားပြီး စားနှပ်ရိက္ခာ၊ ‌နေရာထိုင်ခင်းနှင့် အဝတ်အစားများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်နယ်ခြား‌စောင့် (BGF)၊ ‌ဝေဠု‌ကျော်‌ဖောင်‌ဒေးရှင်းနှင့် လူမှုကယ်ဆယ်‌ရေး အဖွဲ့အစည်းတို့က ‌ထောက်ပံ့ကူညီ‌ပေးထားသည်။ အလားတူ ‌အောက်တိုဘာလ ၁ဝရက်‌နေ့ကလည်း ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်အဖွဲ့က ဆန်အိတ် ၃၀၀၊ ဆီပါကင် ၆ဝနှင့် ပြည်နယ် အစိုးရအဖွဲ့က ဆန်၊ ဆီ၊ ဆား၊ မာမား‌ခေါက်ဆွဲ၊ ‌ကျောင်းသုံးစာအုပ်၊ ‌ကျောင်းသုံးဝတ်စုံနှင့် သင်‌ထောက်ကူပစ္စည်းများ သွား ‌ရောက်လှူဒါန်း‌ပေးခဲ့သည်။

အဆိုပါ တပ်သားသစ်‌ကောက်ခံသည့်ကိစ္စကို အချိန်မီ ကိုင်တွယ်‌ဖြေရှင်းမှု မလုပ်‌ဆောင်နိုင်ပါက ဖာပွန်မြို့နယ်ရှိ ယင်း‌ဒေသခံ ရွာသားများသည် မြိုင်ကြီးငူ‌ဒေသသို့ ထပ်မံ ထွက်‌ပြေးလာနိုင်မည့် အ‌ခြေအ‌နေရှိ‌ကြောင်း ၎င်း‌ဒေသအ‌ခြေစိုက် လူမှုကယ်ဆယ် ‌ရေးအဖွဲ့များက ခန့်မှန်း‌ပြောဆိုသည်။