Home သတင်း တပ်သားသစ်စု‌ဆောင်းသတင်း ထွက်‌ပေါ်မှုအ‌ပေါ် KNU တပ်မဟာ(၅) ပြန်လည်‌ဖြေရှင်း

တပ်သားသစ်စု‌ဆောင်းသတင်း ထွက်‌ပေါ်မှုအ‌ပေါ် KNU တပ်မဟာ(၅) ပြန်လည်‌ဖြေရှင်း

1774

‌အောက်တိုဘာ ၁၅ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅)မှ တပ်သားသစ်များ အတင်းအဓမ္မ စု‌ဆောင်း‌ကြောင်း သတင်း‌ရေးသားထွက် ‌ပေါ်ခဲ့သည့်အတွက် ယင်းကိစ္စများမှာ ၎င်းတို့နှင့်မသက်ဆိုင်‌ကြောင်း KNU တပ်မဟာ(၅)က ‌အောက်တိုဘာလ ၁၄ရက်‌နေ့တွင် ‌ကြေညာချက်ထုတ်ကာ တုန့်ပြန်‌ဖြေရှင်းလိုက်သည်။

တပ်မဟာ(၅) ၏ ဖာပွန်ခရိုင် အတွင်း‌ရေးမှူး ပဒို‌စောထဲဒယ်က “ခုလို ‌ဖြေရှင်းရတာက သတင်းအမှား‌တွေထွက်လို့ရယ်၊ ‌နောက် တစ်ခုက လူထုကို အမှန်အတိုင်း သိ‌စေချင်တဲ့အပြင် ‌နောက်တစ်ခုက ကျ‌နော်တို့ တပ်မဟာ (၅)ရဲ့သ‌ဘောထားကို သိ‌စေချင်လို့ အခုလို ‌ဖြေရှင်းချက် ထုတ်ပြန်ရတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

‌အောက်တိုဘာလ ၂ရက်မှ ၁ဝရက်‌နေ့အထိ လူသစ်စု‌ဆောင်းခြင်း‌ကြောင့်ဆိုကာ ဖာပွန်မြို့နယ်ရှိ ‌ကျေးရွာ ၁၅ရွာမှ ‌ဒေသခံ ရွာ သူရွာသားများမှာ လှိုင်းဘွဲမြို့ နယ်၊ မြိုင်ကြီးငူသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့သည်ဆို‌သော သတင်းများ ထွက်‌ပေါ်ခဲ့ပြီး‌နောက်ပိုင်း ယခုလို ‌ဖြေရှင်းချက် ထုတ်ပြန်လိုက်ခြင်းဖြစ်‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

၎င်းတို့တပ်မဟာ၏ ပြန်လည်‌ဖြေရှင်းချက်ထဲတွင် ရွာသူရွာသားများ ထွက်‌ပြေးတိမ်း‌ရှောင်ရခြင်းမှာ လစ်ဟင်းသွား‌သော တပ် သား‌နေရာများကို ပြန်လည်ဖြည့်ဆည်းရန် ‌ဆောင်ရွက်ရာတွင် မမှန်သတင်းလွှင့်မှုများ ဖြစ်‌ပေါ်ခြင်း နယ်ခြား‌စောင့်တပ်မှ ရွာသား များအား ခြိမ်း‌ခြောက်ထားမှုများ ရှိသည့်အပြင် ဗိုလ်ဖါးမီးအား တိုက်ခိုက်ရှင်းလင်းမည် ဟူ‌သောသတင်းများ‌ကြောင့် တိုက်ပွဲများ ဖြစ်မည်ကိုစိုးရွံ့သည့်အတွက်ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

ယင်းကိစ္စများနှင့်ပတ်သက်ပြီး ဒဏ်‌ငွေတပ်ခြင်း၊ လူသစ်စု‌ဆောင်းရန် ညွန်ကြားထားခြင်းများမရှိသကဲ့သို့ ၂ဝ၁၂ခုနှစ်၊ ပဏာမအ ဆင့် အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း တစ်ကြိမ်တစ်ခါမျှ တပ်သားသစ်စု‌ဆောင်းခဲ့ခြင်း မရှိခဲ့ ‌ကြောင်း တပ်မဟာ(၅)က ပြန်လည်‌ဖြေရှင်းထားသည်။

တပ်သားသစ်ကိစ္စအ‌ပေါ် KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “အရင်တုန်းက လိုအပ်ချက်အရ ရှိခဲ့‌ပေမယ့် ၂၀၁၂‌နောက်ပိုင်း စစ်သားသစ်စု‌ဆောင်းဖို့ ဗဟိုအ‌နေနဲ့ ညွှန်ကြားထားတာ မရှိသလို တပ်မဟာအသီးသီးကလည်း ညွန်ကြား တာ မရှိပါဘူး။ ရှိခဲ့ရင်လည်း လုပ်တဲ့သူကို အ‌ရေးယူသွားရမှာပဲ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

၎င်းအပြင် KNU ၏ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများကို ချိုး‌ဖောက်ပြီး တပ်မဟာ(၅)မှ ထုတ်ပယ်ထားသည့် ဗိုလ်ကြီးအဆင့်ရှိ ‌စောဖားမီးကို တပ်မဟာ(၅)မှ အ‌ရေးယူရန်ရှိသည့်အပြင် ယခုဖြစ်ပွားခဲ့သည့်ကိစ္စများနှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ်သို့ အသိ‌ပေး၊ အ‌ကြောင်းကြားထားသည်ဟုလည်း သိရသည်။

ယခုသတင်းထွက်‌ပေါ်ရာ ‌နေရာ‌ဒေသများသည် ဟတ်ကြီး‌ရေကာတာစီမံကိန်းနှင့်လည်း တိုက်ရိုက် ဆက်နွယ်မှုှရှိ‌ကြောင်း KNU တပ်မဟာ(၅)ဘက်က ထုတ်‌ဖော်‌ပြောဆိုထားပြီး ယင်း‌ဒေသများတွင် KNLA တပ်ဖွဲ့ဝင်များ၊ နယ်ခြား‌စောင့်တပ် BGF တပ်ဖွဲ့ဝင် များ၊ ဒီ‌ကေဘီ‌အေနှင့် အစိုးရတပ်များ အ‌ခြေစိုက်လှုပ်ရှား‌သော‌နေရာဖြစ်သည်ဟု သိရသည်။

သတင်း‌ဖော်ပြမှုများအရ စစ်သားစု‌ဆောင်းခြင်း‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်လာသူများမှာ ဖာပွန်မြို့နယ်ရှိ ‌ရွှေဖလားကျ၊ ဟတ် ကြီး၊ မြင်းတ‌ပြေး၊ ပိုင်လာ၊ ‌သောလယ်ထာ့၊ ဝါ့မု‌လော၊ မယ်‌ညော၊ စာ‌ကော‌လော်၊ ကွင်းတလ၊ မယ်ပရီ၊ မဲကလား၊ ‌ရေပူ၊ ပြည့်စုံ (လဲပွယ်)၊ ကွီး‌လောချနှင့် ရှမ်း‌တောင် ‌ကျေးရွာများမှ အိမ်‌ထောင်စု ၃၇၈စု၊ လူဦး‌ရေ ၂,၄၄၅ဦးရှိ‌ကြောင်း သိရသည်။