Home သတင်း NLD ကို မဲ‌ပေးရန် နိုင်ငံ‌ကျော် လူရွှင်‌တော်အချို့တိုက်တွန်း

NLD ကို မဲ‌ပေးရန် နိုင်ငံ‌ကျော် လူရွှင်‌တော်အချို့တိုက်တွန်း

1914

စက်တင်ဘာ ၂၆ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

နိုင်ငံတိုးတက်‌ကောင်းမွန်လာ‌စေ‌ရေးအတွက် ပြည်သူများအ‌နေဖြင့် လာမည့်အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ၌ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD ကို ဆန္ဒမဲ‌ပေးကြရန် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရံပုံ‌ငွေ ချစ်ကြည်‌ရေး ‌ဘောလုံးပွဲ လာ‌ရောက်ကစားသည့် နိုင်ငံ‌ကျော်လူရွှင်‌တော်များက ယ‌နေ့ စက်တင်ဘာ ၂၆ ရက်‌နေ့တွင် တိုက်တွန်း‌ပြောဆိုလိုက်သည်။

နိုင်ငံ‌တော် လူရွှင်‌တော် ၃၂ ဦးပါဝင်‌သော လူရွှင်‌တော် FC အသင်းသည် ယ‌နေ့ည‌နေ မြဝတီမြို့ ‌ဘောလုံးကွင်း၌ မြဝတီစတား FC တို့နှင့် မြတီခရိုင် အားကစားရံပုံ‌ငွေအတွက် ချစ်ကြည်‌ရေး ‌ဘောလုံးပွဲ ကစားအပြီးတွင် ထိုသို့ ‌ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

လူရွှင်‌တော် FC တွင် ကစားသည့် လူရွှင်‌တော် ဧရာက “၂၀၁၅ ခုနှစ် ‌ရွေး‌ကောက်ပွဲက တိုင်းပြည်အတွက် ထပ်ရတဲ့အခွင့်အ‌ရေးကို အမှားမဖြစ်ပါ‌စေနဲ့။ NLD ကို မဲ‌ပေး‌စေချင်တယ်။ နိုင်ငံရဲ့ပြည်ပအ‌ကြွေးက နိုင်ငံသားတ‌ယောက်ကို ၅ သိန်းတင်‌နေတယ်။ သူတို့ အစိုးရဖြစ်သွားမှ တိုင်းပြည်က ‌ကောင်းသွားမှာ။ ‌ရွှေးတဲ့အခါမှာ မဲမမှားဖို့ လိုတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ပညာ‌ရေးနိမ့်ကျပြီး အ‌တွေးအ‌ခေါ်ပျက်စီးခဲ့ရ‌သော အ‌နေအထားများကို အဖတ်ဆယ် နိုင်ရန်အတွက် ပြည်သူတရပ်လုံးတွင် တာဝန်ရှိသည်ဟုလည်း လူရွှင်‌တော်ဧရာက ဖြည့်စွက်‌ပြောဆိုသည်။
DSC01779
လူရွှင်‌တော်တဦးဖြစ်သည့် ‌ကျော်ထူးကလည်း “၂၀၁၅ ‌ရွှေး‌ကောက်ပွဲက အင်မတန်အ‌ရေးကြီးတယ်။ ဆုံးဖြတ်ချက်မှားသွားရင် ဒုံရင်းက ဒုံရင်းပဲ။ ပြည်သူ့ရင်ထဲ အသည်းထဲ ဦး‌ဏှေက်ထဲမှာလည်း ကိုယ့်နိုင်ငံကို တကယ်အကျိုးပြုမဲ့ လူကိုပဲ ‌ရွှေးချယ်ဖို့ လိုတယ်”ဟု ‌ပြောဆိုသည်။

မြဝတီမြို့တွင် ကျင်းပခဲ့သည့် ချစ်ကြည်‌ရေး‌ဘောလုံးပွဲတွင် မြဝတီခရိုင် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူး ဦးလွင်ကိုဦးနှင့် ခရိုင်တာဝန်ရှိသူများပါဝင်သည့် မြဝတီစတား FC အသင်းနှင့် လူရွှင်‌တော်ဧရာ ‌ကျော်ထူး၊ ‌မေတ္တာတို့ဦး‌ဆောင်သည့် လူရွှင်‌တော် FC တို့ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ချစ်ကြည်‌ရေး ‌ဘောလုံးပွဲသို့ အနုပညာချစ်သူများ၊ ‌ဘောလုံးဝါသနာရှင် များ၊ အလှူရှင်များနှင့် မြဝတီမြို့ခံများ စုံညီစွာ တက်‌ရောက်အား‌ပေးခဲ့ကြပြီး ရုံဝင်ခ လက်မှတ်အတွက် ‌စေတနာရှိသ‌လောက် ထည့်ဝင်နိုင်ကြ‌ကြောင်း သိရသည်။

‌ဘောလုံးပွဲမှ ရရှိလာ‌သော ရံပုံ‌ငွေများကို မြဝတီခရိုင် အားကစားအတွက် အသုံးပြုသွားမည်ဖြစ်ပြီး ယခု ‌ဘောလုံးပွဲတွင် မြဝတီစတား FC က လူရွှင်‌တော် FC ကို ၅ ဂိုး၊ ၃ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။