Home သတင်း NCA ကို ကရင်လူထုထံ ချပြရှင်းလင်းကာ အကြံပြုမှုများ ရယူသွားမည်ဟု KNU ‌ပြောဆို

NCA ကို ကရင်လူထုထံ ချပြရှင်းလင်းကာ အကြံပြုမှုများ ရယူသွားမည်ဟု KNU ‌ပြောဆို

1895

စက်တင်ဘာ ၁ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) နှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNUက ယခုလမှ စတင်ကာ ကရင်ပြည်သူလူထုနှင့် ‌တွေ့ဆုံချပြရှင်းလင်းပြီး သ‌ဘောထားအကြံပြုမှုများကို ရယူသွားမည်ဟု KNU စည်းရုံး‌ရေးဌာန တာဝန်ခံ ပဒို‌စောလှထွန်းက ‌ကေအိုင်စီသို ့ယ‌နေ ့‌ပြောဆိုသည်။

လက်ရှိ NCA နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိဟု ‌ထောက်ပြ‌ပြောဆို‌နေမှုများရှိ‌နေသည့် အ‌ပေါ် ကရင် လူထုများ ရှင်းရှင်းလင်းလင်း သိရှိသွား‌စေရန်ရည်ရွယ်ကာ အခုလို လိုက်လံရှင်းပြသွားရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု KNU စည်းရုံး‌ရေးဌာနမှ သိရသည်။

“NCA က တပြည်လုံးနဲ့ဆိုင်‌တော့အားလုံး ရှင်းရှင်းလင်းလင်း သိထားဖို့လိုအပ်ပါတယ်။ သိမှလည်း ‌နောက်
လာမယ့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု ဖြစ်စဉ်‌တွေအ‌ပေါ် ဖြစ်လာနိုင်တဲ့အခက်အခဲ‌တွေကို လူထု‌တွေက အကြံဉာဏ် ‌ပေးနိုင်မှာဖြစ်ပါတယ်။ လုပ်မှာက‌တော့ ကရင်‌တွေ ရှိတဲ့‌နေရာမှန်သမျှ ချပြရှင်းလင်းသွား မှာဖြစ်ပါတယ်” ဟု ပဒို‌စောလှထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လူထု‌တွေ့ဆုံရှင်းလင်းပွဲများကို KNU စည်းရုံး‌ရေးဌာနနှင့်အတူ NCA တွင် ကြိုးပမ်းပါဝင်ခဲ့သည့် KNU ‌ခေါင်း‌ဆောင်များကဦး‌ဆောင်ကာ ပြည်တွင်းရှိ ကရင်နိုင်ငံ‌ရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြုလုပ် သွားမည်ဖြစ်သည်။

ယခုကဲ့သို ့‌အောက်‌ခြေ ကရင်လူထုအသံ နား‌ထောင်ကာ ‌ကေအဲန်ယူထိပ်ပိုင်း‌ခေါင်း‌ဆောင်များက ဆုံးဖြတ် လုပ်ကိုင်သွားမည်ဆိုပါက ‌ကောင်းမွန်‌ကြောင်း ကရင်မျိုးသားပါတီ၊ တွဲဖက်အတွင်း‌ရေးမှူး မန်းမင်းရဲ‌ထွေးက ‌ကေအိုင်စီသို ့‌ပြောသည်။

ကနဦးအ‌နေဖြင့် KNU ခရိုင် ၇ ခုရှိ အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ‌ခေါင်း‌ဆောင်များကို ချပြရှင်းလင်းသွားမည် ဖြစ်သလို ကရင်ပြည်နယ်အပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း‌ဒေသကြီးနှင့် တနသင်္ာရီတိုင်း ‌ဒေသကြီးစသည့် ကရင်လူမျိုးအများစု ‌နေထိုင်ရာ ‌ဒေသများတွင် ပြုလုပ်သွားရန် ရှိသည်ဟု သိရသည်။
DSC01945
ထို ့အပြင် KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ ဒုစစ်ဦးချုပ် ဗိုလ်ချုပ်‌ဘော်‌ကျော်ဟဲ၊ ဗဟို‌ကော်မတီဝင်များဖြစ်သည့် ပဒို‌စောလှထွန်း၊ ပဒို‌စောလစ္စတန်တို့က ကရင်လူမှုအဖွဲ့အစည်း ၁၅ ဖွဲ့မှ ကိုယ်စားလှယ် တစ်ရာနီးပါးကို NCA နှင့်ပတ်သက်၍ ဖားအံခရိုင်၊ ‌လေးဝါး စခန်း၌ဩဂုတ် ၃၁ ရက်‌နေ ့က ‌တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယင်းရှင်းလင်းပွဲကို တက်‌ရောက်ခဲ့သူ ကရင်အမျိုးသမီးအစည်းအရုံး-KWO အမြဲတမ်းဗဟို‌ကော်မတီဝင် ‌နော်မာရီထူးက “ အခုလိုနိုင်ငံ‌ရေးပြဿာနာကို နိုင်ငံ‌ရေးနည်းနဲ့ငြိမ်းချမ်းစွာ အ‌ဖြေရှာတာက အကျိုးရှိမယ် လို့ ကျမထင်တယ်။ တိုက်ပွဲမရှိ‌တော့တဲ့အတွက် ‌သေ‌ကြေပျက်စီးတာမရှိ‌တော့ဘူး။ NCA ကို လူထု‌တွေ ‌သေချာမသိ‌သေး‌တော့ စိုးရိမ်ပူပန်မှု‌တွေရှိ‌နေတယ်။ ပြည်သူ‌တွေလိုချင်တာက NCA မထိုးခင် ‌ခေါင်း‌ဆောင် ‌တွေ ‌သေချာအချိန်ယူ စဉ်းစားဆုံးဖြတ်ပြီးမှ ထိုး‌စေချင်တယ် ״ ဟု‌ပြောသည်။

လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များကို ကရင်အမျိုးသားအစည်းအရုံး KNU က လူထုထံချပြရှင်းလင်းမှုများ အခါ အား‌လျော်စွာ ပြုလုပ်‌လေ့ရှိပြီး ယခုလက်ရှိ NCA စာချုပ် ‌နောက်ဆုံးဖြစ်‌ပေါ်မှု အ‌ခြေအ‌နေများကို နယ်စပ် အ‌ခြေစိုက် ကရင်လူမူအဖွဲ့အစည်း များနှင့်‌တွေ့ဆုံကာ ကနဦးရှင်းပြခြင်း ဖြစ်‌ကြောင်း သိရသည်။