Home သတင်း KNU အပါအဝင် အဖွဲ့ ၇ ဖွဲ့တို့က NCA လက်မှတ်ထိုးရန် ဆုံးဖြတ်

KNU အပါအဝင် အဖွဲ့ ၇ ဖွဲ့တို့က NCA လက်မှတ်ထိုးရန် ဆုံးဖြတ်

1842

စက်တင်ဘာ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများအကြား မကြာမီ ‌ရေးထိုးကြမည့် တနိုင် ငံလုံး အပစ်ခတ်ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်(NCA) ကို ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့တို့က လက်မှတ်‌ရေးထိုးသွားမည်ဖြစ်‌ကြောင်း ယ‌နေ့ ဆုံးဖြတ်ခဲ့ကြသည်။

ယမန်‌နေ့က စတင်ကာ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်‌နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး ‌ခေါင်း‌ဆောင်များအစည်းအ‌ဝေးကို တက်‌ရောက်‌နေကြသည့် အဖွဲ့ ၁၇ဖွဲ့အနက် အဖွဲ့ ၇ခုက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ် သည်။

အစည်းအ‌ဝေးတက်‌ရောက်‌နေသည့် မြန်မာနိုင်ငံအ‌ရှေ့ပိုင်း‌ဒေသအ‌ခြေစိုက် လက်နက်ကိုင်အဖွဲ့တခု၏ ထိပ်သီး‌ခေါင်း ‌ဆောင်တဦးက “ဒီ‌နေ့ဆက်လက်ကျင်းပ‌နေတဲ့ ထိပ်သီးအစည်းအ‌ဝေးမှာ အဖွဲ့ ၇ဖွဲ့က အစိုးရနဲ့ လက်မှတ်‌ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြတယ်”ဟု ‌ပြောဆိုသည်။

လက်မှတ်‌ရေးထိုးမည့် အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ ‌တော်(DKBA)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်‌မြောက် ‌ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ပအိုဝ်းအမျိုးသားလွတ် ‌မြောက်‌ရေးအဖွဲ့(PNLO)တို့ ဖြစ်သည်။

မြန်မာနိုင်ငံအ‌ရှေ့‌တောင်အရပ်အ‌ခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခု၏ အမည်မ‌ဖော်လိုသူ ထိပ်သီး‌ခေါင်း ‌ဆောင်တဦးက “အခုကျင်းပ‌နေတဲ့ ထိပ်သီး‌ခေါင်း‌ဆောင်များအစည်းအ‌ဝေးကို ရှမ်းပြည်တပ်မ‌တော်‌တောင်ပိုင်းအဖွဲ့ က ကိုယ်စားလှယ်‌စေလွှတ်ခြင်း မရှိ‌ပေမဲ့ (NCA) စာချုပ်‌ရေးထိုးဖို့အတွက် သ‌ဘောတူထားတယ်ဆို‌တော့ အားလုံး ‌ပေါင်းလိုက်ရင် စာချုပ်မှာ လက်မှတ်ထိုးဘို့ အရံသင့်ဖြစ်‌နေတာက ၈ဖွဲ့ဖြစ်သွားတယ်”ဟု ‌ပြောသည်။

(NCA) လက်မှတ်‌ရေးထိုးခြင်းမရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများတွင် ပါဝင်သည့်အဖွဲ့များမှာ မွန်ပြည်သစ်ပါတီ- NMSP၊ ကချင်လွတ်လပ်‌ရေးအဖွဲ့ KIO၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP တို့ဖြစ်သည်။

အစည်းအ‌ဝေးမတက်‌ရောက်သည့် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်တစ်ဦးက “‌ကေအဲန်ယူမှာက NCA ကို လက်မှတ်ထိုး သွားမယ်လို့‌တော့ ဆုံးဖြတ်ထားတယ်။ သို့‌သော် အနည်းဆုံး ၈ဖွဲ့ဖြစ်ရမယ်။ ဒီ ၈ဖွဲ့ထဲမှာလည်း အင်အားကြီးအဖွဲ့‌တွေ ပါဝင်ရမယ်ဆိုတာ ရှိတယ်”ဟု ဆိုသည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်နှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယမန်‌နေ့က စတင်ကာ ၃ရက်ကြာ ကျင်းပ သွားမည်ဖြစ်သည်။

မြန်မာအစိုးရဘက်ကလည်း ၎င်းတို့သတ်မှတ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်‌ရေးထိုး ရန်အတွက် အရံသင့် ဖြစ်‌နေသည့် (NCA) သ‌ဘောတူစာချုပ် လက်မှတ်‌ရေးထိုးပွဲကို လာမည့် ‌အောက်တိုဘာလ ဆန်းပိုင်းတွင် ကျင်းပမည်ဟု သတင်းထုတ်ပြန်ထားသည်။