Home ထိပ်တန်းသတင်း ကြာအင်းဆိပ်ကြီးမြို့နယ်၌ လုံခြုံ‌ရေးအရ ‌ကျေးရွာအုပ်စု ၄၁အုပ်စု မဲရုံမဖွင့်လှစ်နိုင်

ကြာအင်းဆိပ်ကြီးမြို့နယ်၌ လုံခြုံ‌ရေးအရ ‌ကျေးရွာအုပ်စု ၄၁အုပ်စု မဲရုံမဖွင့်လှစ်နိုင်

1157

စက်တင်ဘာ ၂၄ရက်၊ ၂၀၁၅ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ယခုနှစ် နိုဝင်ဘာလ ၈ရက်‌နေ့တွင် ကျင်းပမည့် အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲ၌ ‌ဒေသလုံခြုံ‌ရေး‌ကြောင့် ‌ကျေးရွာအုပ်စု‌ပေါင်း (၄၁)အုပ်စုတွင် မဲရုံဖွင့်လှစ်နိုင်မှုမရှိ‌ကြောင်း မြို့နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဋ္ဌ ဦးကြည်လွင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဥက္ကဋ္ဌ ဦးကြည်လွင်က “အဲ့ဒီ‌ကျေးရွာ ၄၁အုပ်စုမှာ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး‌တွေ ခန့်အပ်လို့မရနိုင်တဲ့ အုပ်စုလည်း ရှိတယ်။ မခန့် အပ်နိုင်တဲ့ ‌ကျေးရွာအုပ်စုက (၂၂)အုပ်စုရှိတယ်။ ကျန်တဲ့ အဲဒီ (၁၉)အုပ်စုက‌တော့ မဲစာရင်း‌ကြော်ငြာလို့မရတဲ့ အုပ်စု‌တွေဖြစ် တယ်။ ဘာ‌ကြောင့် လုံခြုံ‌ရေးမ‌ပေးနိုင်တာ‌တော့ ‌ကော်မရှင်အ‌နေနဲ့ ‌ဖြေဆိုပိုင်ခွင့် မရှိဘူး”ဟု ‌ပြောသည်။

ထို့အပြင် မဲရုံမဖွင့်နိုင်သည့် ‌ကျေးရွာ‌ဒေသတချို့၌ မဲစာရင်း‌ကြေညာရာတွင် ‌ကျေးရွာ‌ဒေသအများစုမှာ ကရင်အမျိုးသားအစည်း အရုံး-KNU နှင့် မွန်ပြည်သစ်ပါတီ-NMSP တို့၏ ထိန်းချုပ်နယ်‌မြေတချို့ ပါဝင်‌နေ‌သော‌ကြောင့် မဲစာရင်းကပ်ရာတွင် အခက်အခဲ များ ရှိခဲ့ပြီး ‌ကျေးရွာ‌ဒေသတချို့တွင် အစိုးရမှ ခန့်အပ်ထားသည့် အုပ်ချုပ်‌ရေးမှူးမရှိသည့် အခက်အခဲများ‌ကြောင့်ဖြစ်သည်ဟု ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အရာရှိ ဦး‌မောင်‌မောင်နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးတွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် မဲရုံ‌ပေါင်း ၆၃ရုံ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုင်ငံ‌ရေးပါတီ (၁၁)ပါတီမှ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း (၃၇)ဦး ဝင်‌ရောက်ယှဉ်ပြိုင်အ‌ရွေးခံမည်ဖြစ်ကာ ယခုလ ၁၄ရက်‌နေ့က ‌ကြေညာလိုက်သည့် ဒုတိယအကြိမ် မဲစာရင်းအရ တစ်မြို့နယ်လုံးတွင် ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူ ၅‌သောင်းခွဲ‌ကျော်ရှိ‌ကြောင်း မြို့နယ်‌ကော်မရှင်ထံမှ သိရ သည်။

အဆိုပါမဲရုံမဖွင့်နိုင်သည့် ‌ကျေးရွာအုပ်စု ၄၁အုပ်စုတွင် ‌ကျေးရွာ‌ပေါင်း ၂၀ဝနီးပါးခန့်ရှိ‌နေပြီး မဲရုံမဖွင့်နိုင်သည့်ကိစ္စနှင့် ပတ်သက် ပြီး ဖားအံမြို့ရှိ ‌ကေအန်ယူဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စောရှီးရှိုက “ဒီကိစ္စက လုံခြုံ‌ရေးနဲ့မဆိုင်ဘူးနဲ့တူတယ်။ ကျ‌နော်တို့က ဒီမိုက ‌ရေစီကို ‌လျှောက်လှမ်းတာပါ။ ဒီ၂၀၁၅‌ရွေး‌ကောက်ပွဲမှာ လုံခြုံ‌ရေးအတွက်နဲ့ပတ်သက်ပြီး ‌ကေအဲန်ယူအ‌နေနဲ့ အာမခံပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့နယ်က ရှင်းရှင်း‌ပြောရရင် လူရာမဝင်တဲ့နယ်လည်း မဟုတ်ဘူး။ ‌ကျေးရွာအထက်တန်း‌ကျောင်းလည်း ရှိတယ်။ တိုက် နယ်‌ဆေးရုံလည်း ရှိတယ်။ သူတို့ အဲလိုလုပ်လိုက်ခြင်းအားဖြင့် မဲ‌ပေးဖို့အ‌ရေးက ကျ‌နော်တို့ရွာသူရွာသား‌တွေအတွက် ‌တော် ‌တော်‌လေး ဆုံးရှုံးရတာ‌ပေ့ါ”ဟု မဲရုံမဖွင့်နိုင်သည့် ကျုံခဝန်ရွာသား ‌စောရ‌ဖြောင့်က ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် ပြီးခဲ့သည့်၂၀၁ဝ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင်လည်း လုံခြုံ‌ရေးအ‌ကြောင်းပြချက်ဖြင့် ရပ်ကွက် နှင့် ‌ကျေးရွာအုပ်စု‌ပေါင်း (၄၆)အုပ်စုတို့တွင် မဲရုံမဖွင့်လှစ်နိင်ခဲ့သည့်အတွက် ‌ဒေသခံအများစု မဲ‌ပေးခွင့်ဆုံးရှုံးခဲ့ရပြီး ကရင်ပြည် နယ်တစ်ခုလုံးတွင်လည်း မဲရုံများများ မဖွင့်လှစ်နိုင်ခဲ့သည့် မြို့နယ်ဖြစ်ခဲ့သည်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥပ‌ဒေ အခန်းအမှတ် ၄၊ ပုဒ်မ (၁၀)(စ)အရ သဘာဝ‌ဘေးအန္တရာယ်‌ကြောင့်‌သော်လည်း ‌ကောင်း၊ နယ်‌မြေလုံခြုံ‌ရေး အ‌ခြေအ‌နေအရ‌သော်လည်‌ကောင်း လွတ်လပ်ပြီး တရာမျှတသည့် ‌ရွေး‌ကောက်ပွဲ ကျင်းပနိင်ခြင်းမရှိ သည့် မဲဆန္ဒနယ်များ၏ ‌ရွေး‌ကောက်ပွဲများကို ‌ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ‌ဆောင်ရွက်နိင်သည်ဟု ပြဋ္ဌာန်းထားသည်။