Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်၌ မွန်အမျိုးသားပါတီ-MNP ဆိုင်းဘုတ် ဖျက်ဆီးခံရ

ကြာအင်းဆိပ်ကြီးမြို့နယ်၌ မွန်အမျိုးသားပါတီ-MNP ဆိုင်းဘုတ် ဖျက်ဆီးခံရ

1741

ဖျက်ဆီးခံရသည့် ဆိုင်းဘုတ်

စက်တင်ဘာလ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်‌တောင်ပိုင်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်‌ကျေးရွာ၌ ပြီးခဲ့သည့် စက်တင်ဘာလ၂၆ရက်‌နေ့ညက မွန်အမျိုး သားပါတီ-MNP ၏ ဆိုင်းဘုတ်ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့သည်ဟု ခလယ်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောဆန်းညွှန့်‌မောင်က ‌ကေအိုင်စီ သို့ ယမန်‌နေ့က အတည်ပြု‌ပြောဆိုခဲ့သည်။

၎င်းက “၂၆ရက်‌နေ့က ည‌နေ ၅နာရီ‌လောက်အချိန်မှာ သူတို့ပါတီဆိုင်းဘုတ် လာ‌ထောင်သွားတယ်။ မနက်ပိုင်း‌ရောက်‌တော့ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံလိုက်ရတယ်ဆိုတာ သိလိုက်ရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျ‌နော်တို့ စုံစမ်း‌နေတုန်းပါပဲ။ ကျ‌နော်တို့ သတင်းအတည်ပြုပြီးတာနဲ့ ထုတ်ပြန်‌ပေးသွားမှာပါ״ဟု ‌ပြောသည်။

မွန်အမျိုးသားပါတီ-MNP အ‌နေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်‌ကျေးရွာအုပ်စု ဘုရားငါးဆူ‌ကျေးရွာနှင့် ခလယ်‌ကျေးရွာတို့ တွင် ပါတီ‌အောင်နိုင်‌ရေးအတွက် ပါတီဝင်အင်အား ၂ဝခန့်နှင့် ၎င်းတို့၏ပါတီကိုယ်စားလှယ်‌လောင်း ဆိုင်းဘုတ်များကို စက်တင် ဘာလ ၂၆ရက်‌နေ့ည‌နေက လာ‌ရောက်စိုက်ထူသွားခြင်းဖြစ်သည်။

ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ပါတီ‌အောင်နိုင်‌ရေး အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နိုင်စိုးမြင့်က “အခုက အဲ့ဒီဘက်မှာ ကရင်‌တွေလည်းရှိတယ်။ မွန်‌တွေလည်းရှိတယ်။ ‌ရော‌နှောပြီး‌နေကြတယ်။ အခုပါတီဆိုင်းဘုတ် အဖျက်ဆီးခံရတာ ကရင်‌တွေ ‌ကြောင့်လို့‌ပြောတာ မဟုတ်ပါဘူး။ ဒါကလည်း တချို့လူ‌တွေမှာက ပါတီအစွဲရှိတာတို့၊ ကိုယ့်တိုင်းရင်းသားအချင်းချင်း အထင်အ မြင်မှား‌အောင် သူတို့ဘယ်လိုယူဆပြီး ‌နှောက်ယှက်တာလဲဆိုတာ မသိရဘူး״ဟု ‌ကေအို်င်စီသို့ ယမန်‌နေ့က ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နိုင်ငံ‌ရေးပါတီ ၁၁ပါတီ ဝင်‌ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၈ရက် ‌ရွေး‌ကောက်ပွဲ၌ လုံခြုံ‌ရေးအ‌ကြောင်းပြချက်ဖြင့် ‌ကျေးရွာအုပ်စု‌ပေါင်း ၄၁အုပ်စုမှာ မဲရုံဖွင့်လှစ်မည်မဟုတ်‌ကြောင်း ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော် မရှင်မှ ထုတ်ပြန်ထားသည်။ ၎င်း‌ဒေသအများစုမှာ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မွန်ပြည်သစ်ပါတီ-NMSP တို့၏ ထိန်း ချုပ်နယ်‌မြေများ ပါဝင်‌နေသည့်အတွက် ပဋိပက္ခဖြစ်လာမည်ကို စိုးရိမ်၍ မဲရုံများ မဖွင့်လှစ်နိုင်သည့်‌နေရာများလည်း ရှိ‌နေ‌သေး သည်ဟု မြို့နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံမှ သိရသည်။

KNU တပ်ရင်း(၁၆)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စော‌မောင်‌ရွှေက “ကျ‌နော်တို့ ပါတီအားလုံးကို လွတ်လွတ်လပ်လပ် ခွင့်ပြု‌ပေးထားပါ တယ်။ သူ့အမျိုးသား‌ရေး သူလုပ်‌နေတဲ့ကိစ္စကို သူတို့ပါတီဆိုင်းဘုတ် အဖျက်ဆီးခံလိုက်ရတယ်။ ဘယ်အဖွဲ့လုပ်တာလဲ‌တော့ ကျ‌နော်တို့လည်းမသိရဘူး။ အဲ့ဒီလိုလုပ်တာ‌တော့ ကျ‌နော်တို့ဝမ်းနည်းတာ‌ပေါ့”ဟုလည်း ဆိုသည်။

ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ၏ ကြာအင်းဆိပ်ကြီးမြို့နယ် တာဝန်ခံ မန်းတင်ငြိမ်းချမ်းက မွန်အမျိုးသားပါ တီ၏ ဆိုင်းဘုတ်ဖျက်ဆီးခံရသည့် လုပ်ရပ်အ‌ပေါ် ၎င်းတို့အ‌နေဖြင့် လုံးဝ ကန့်ကွက်ရှုတ်ချပြီး ပါတီအားလုံးကို အ‌ကောင်းမြင် ကာ အပြုသ‌ဘော‌ဆောင် လက်တွဲသွားရန်သ‌ဘောထားရှိသည်ဟု ‌ပြောသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကြခတ်‌ချောင်း‌ကျေးရွာ၌ အမျိုးသားဒီမိုက‌ရေစီအင်အားစု-NDF ၏ ပါတီဆိုင်းဘုတ်မှာ အလားတူ ဖျက်ဆီးခံရမှုရှိခဲ့‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။