Home သတင်း ‌ရွေး‌ကောက်ပွဲအတွက် ပြည်နယ်၌ အမျိုးသမီးကိုယ်စားလှယ်‌လောင်း ပါဝင်မှုအားနည်းမှုရှိ‌နေ

‌ရွေး‌ကောက်ပွဲအတွက် ပြည်နယ်၌ အမျိုးသမီးကိုယ်စားလှယ်‌လောင်း ပါဝင်မှုအားနည်းမှုရှိ‌နေ

1858

စက်တင်ဘာ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်တွင် လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် လွှတ်‌တော်အသီးသီး၌ ဝင်‌ရောက်အ‌ရွေးခံမည့် နိုင်ငံ‌ရေးပါတီများမှ အမျိုးသမီးကိုယ်စားလှယ်‌လောင်း ပါဝင်မှု အ‌ရေအတွက်မှာ နည်း‌နေ‌သေးသည်ဟု တသီးပုဂ္ဂလအဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်‌လောင်း နန်းမြ‌အေးက ‌ပြောသည်။

“ဒီမိုက‌ရေစီစနစ်သွားဖို့နဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာမှာ အမျိုးသားများသာမက အမျိုးသမီးများရဲ့ အခန်းကဏ္ဍလည်း အလွန်အ‌ရေးကြီးတယ်။ ဘာ‌ကြောင့်လည်းဆို‌တော့ ပဋိပက္ခခံစားရတာ‌တွေက အမျိုးသမီးများနဲ့ က‌လေး‌တွေသာ များတယ်။ ဒါ ‌ကြောင့် နိုင်ငံ‌ရေးမှာ အမျိုးသမီးများ ပိုမိုပါဝင်ဖို့ လိုပါတယ်”ဟု နန်းမြ‌အေးက ဆိုသည်။

ထိုသို့ အမျိုးသမီးကိုယ်စားလှယ်‌လောင်းများ ဝင်‌ရောက်အ‌ရွေးခံမှု အားနည်း‌နေရသည့်အ‌ကြောင်းရင်းမှာ အမျိုးသမီးအများစု သည် နိုင်ငံ‌ရေးတွင် စိတ်ဝင်စားမှုမရှိခြင်း၊ နိုင်ငံ‌ရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ ဆက်စပ်‌နေသည်ကို မသိရှိကြခြင်း ‌ကြောင့် ဖြစ်ပြီး ယင်းသို့ နိုင်ငံ‌ရေးတွင် စိတ်ဝင်စားလာရန်အတွက် အမျိုးသမီးများအား စွမ်းရည်မြှင့်တင်‌ရေးများ၊ အမြင်ဖွင့်သင် တန်းများ ‌နေရာအနှံ့လုပ်‌ဆောင်‌ပေးရန်လို‌ကြောင်းလည်း သူမက ဆက်လက် ‌ပြောဆိုသည်။

ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီတစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီသည် ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး ‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သူ အမျိုးသမီးကိုယ်စားလှယ် ၄ဦးရှိပြီး ယခုလာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် စုစု‌ပေါင်း ၅ဦးသာ ဝင်‌ရောက်အ‌ရွေးခံမည်ဖြစ်သည်။

အမျိုးသမီးများ နိုင်ငံ‌ရေးတွင် ပိုမို ပါဝင်လာ‌စေ‌ရေးအတွက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ အပါအဝင် အခြားနိုင်ငံပါတီများ လည်း ကြိုးစား‌မွေးထုတ်‌ပေး‌သော်လည်း အမျိုးသမီးများ ပါဝင်လာမှုမှာ နည်းပါး‌နေဆဲဖြစ်သည်ကို ‌တွေ့ရ‌ကြောင်း ၎င်းပါတီ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး စဘီကျင်ဦးက ‌ပြောသည်။

၎င်းက “နိုင်ငံ‌ရေးမှာ အမျိုးသမီးအခန်းကဏ္ဍ ဘယ်‌လောက်ကြီးလည်းဆိုတာ အမျိုးသမီးအများစုက မသိတာရယ်၊ ‌နောက် သူ တို့ကို အသိပညာ‌ပေးမှု အားနည်းတာရယ်၊ ပတ်ဝန်းကျင်‌ကြောင့်ရယ်လို့ ကျ‌နော်မြင်တယ်။ အမျိုးသမီး‌တွေမှာ အမျိုးသား‌တွေ မလုပ်‌ဆောင်နိုင်တဲ့အရာ‌တွေ၊ စွမ်းရည်‌တွေ သူတို့ဆီမှာရှိ‌နေပါတယ်”ဟု ဆိုသည်။

ကရင်ပြည်နယ်တွင် ၂၀၁၅‌ရွေး‌ကောက်ပွဲ၌ ဝင်‌ရောက်ယှဉ်ပြိုင်မည့် နိုင်ငံပါတီ စုစု‌ပေါင်းမှာ ၁၇ပါတီနှင့် တသီးပုဂ္ဂလတို့ရှိပြီး တစ် ပြည်နယ်လုံး အတိုင်းအတာဖြင့် ဝင်‌ရောက်အ‌ရွေးခံမည့် ကိုယ်စားလှယ်‌လောင်းမှာ စုစု‌ပေါင်း ၂၅၆ဦးရှိသည်။ ယင်းကိုယ်စား လှယ်‌လောင်းဦး‌ရေအနက် အမျိုးသမီးကိုယ်စားလှယ်‌လောင်းမှာ စုစု‌ပေါင်း ၃၃ဦးသာရှိသည်ဟု ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲ၏ မှတ်တမ်းစာရင်း‌ဖော်ပြချက်အရ သိရသည်။