Home သတင်း ‌ရွေး‌ကောက်ပွဲမတိုင်မီနှင့် NCA လက်မှတ်မထိုးမီ AAPPနှင့် FPPS တို့ နိုင်ငံ‌ရေးအကျဉ်းသားများလွှတ်‌ပေး‌စေလို

‌ရွေး‌ကောက်ပွဲမတိုင်မီနှင့် NCA လက်မှတ်မထိုးမီ AAPPနှင့် FPPS တို့ နိုင်ငံ‌ရေးအကျဉ်းသားများလွှတ်‌ပေး‌စေလို

1901

စက်တင်ဘာ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

‌ရွေး‌ကောက်ပွဲမတိုင်မီနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် NCA လက်မှတ်မ‌ရေးထိုးမီ နိုင်ငံ‌ရေးအ ကျဉ်းသားများလွှတ်‌ပေးရန် နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း AAPP နှင့် နိုင်ငံ‌ရေးအကျဉ်းသား‌ဟောင်း များအဖွဲ့ FPPS တို့က စက်တင်ဘာလ ၂၈ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန် ‌တောင်းဆိုလိုက်သည်။

ယင်းအဖွဲ့များမှာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံ‌ရေးအကျဉ်းသားများအ‌ရေး‌စောင့်ကြည့်ခြင်း၊ အခွင့်အ‌ရေးရရှိရန် ကြိုးပမ်း‌ပေးခြင်းနှင့် လွတ်‌မြောက်‌ရေးတို့အတွက် ‌ဆောင်ရွက်‌ပေး‌နေသည့် အဖွဲ့များဖြစ်ပြီး ထိုသို့ နိုင်ငံ‌ရေးအကျဉ်းသားများလွှတ်‌ပေးရန် ‌တောင်းဆို ရသည့်အ‌ပေါ် AAPP ၏ တွဲဖက်အတွင်း‌ရေးမှူး ကိုဘိုကြည်က ယခုလို ‌ပြောသည်။

“အပစ်အခတ်ရပ်စဲ‌ရေး တကယ်လုပ်မယ်ဆိုရင် တိုင်းရင်းသား နိုင်ငံ‌ရေးအကျဉ်းသား‌တွေ အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသား‌တွေ အကုန်လုံး လွှတ်‌ပေးလိုက်တာက အပစ်အခတ်ရပ်စဲ‌ရေးအတွက်‌ရော၊ ‌ရွေး‌ကောက်ပွဲအတွက်‌ရော လူထုယုံကြည်မှုရဖို့အတွက် အများကြီး အ‌ထောက်အကူဖြစ်‌စေတယ်ဆိုတာကို အကြံ‌ပေး‌တောင်းဆိုတာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ရက်‌နေ့တွင် ‌ရွေး‌ကောက်ပွဲကျင်းပရန်ရှိသလို NCA စာချုပ်လက်မှတ်‌ရေးထိုး‌ရေးအတွက် နီးကပ်လာ သည့်အချိန်တွင် နိုင်ငံ‌ရေးအရ ဖမ်းဆီးအကျဉ်းချထားသူများအား လွှတ်မ‌ပေးခြင်းသည် တိုင်းပြည်၏ အနာဂတ်ခရီး‌ချော‌မော‌ရေး ကို ဟန့်တားပိတ်ဆို့ရာ‌ရောက်‌ကြောင်း AAPP က ‌ပြောဆိုသည်။

နိုင်ငံ‌ရေးအကျဉ်းသားများလွှတ်‌ပေး‌ရေးအပြင် နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားမှု‌ကြောင့် တရားရင်ဆိုင်‌နေရသူများ၏ အမှုများ ပိတ် သိမ်း‌ပေး‌ရေးတို့အတွက် နိုင်ငံ‌ရေးပါတီများ၊ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများနှင့် အပစ်ရပ်လက်မှတ်‌ရေးထိုးကြမည့် တိုင်း ရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများအ‌နေဖြင့် ‌ဆောင်ရွက်‌ပေးရန်လည်း ယင်းအဖွဲ့များက တိုက်တွန်း‌တောင်း ဆိုထားသည်။

အကျဉ်း‌ထောင်များအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဝင်များ၊ ၎င်းတို့နှင့်ပတ်သက် ဆက်နွယ်၍ အကျဉ်းချခံရ‌နေ သူများ ရှိ‌နေဆဲဖြစ်သည်ဟု နိုင်ငံ‌ရေးအကျဉ်းသား အကူအညီ‌ပေး‌ရေးအဖွဲ့အစည်းများက ‌ပြောဆို‌နေကြပြီး ယင်း‌တောင်းဆိုမှု များနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းက ၎င်း၏အ မြင်ကို ယခုလို ‌ပြောသည်။

“နိုင်ငံ‌ရေးအကျဉ်းသား‌တွေ အကုန်လွှတ်‌ပေးဖို့သင့်ပါတယ်။ ဟိုးအရင် ကျ‌နော်တို့ ပဏာမအပစ်ရပ်ဖို့လုပ်တုန်းက အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့သူ‌တွေကို လွှတ်‌ပေးတာရှိခဲ့တယ်။ အခုလည်း ကျန်ခဲ့‌ကောင်း ကျန်ခဲ့တာ‌တွေရှိမယ်။ ‌သေချာ‌တော့မသိဘူး။ ကျ‌နော့်အ‌တွေ့အကြုံအရ‌ပြောရရင် NCA မတိုင်ခင်‌တော့ မဖြစ်နိုင်‌သေးဘူး။ NCA ပြီးမှပဲ ဒီကိစ္စ‌တွေဖြစ်လာနိုင်ပါတယ်”ဟု ‌ပြော သည်။

သမ္မတဦးသိန်းစိန် ဦး‌ဆောင်သည့်အစိုးရ တက်လာပြီး‌နောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ အကျဉ်း‌ထောင်များအသီးသီးမှ အကျဉ်း သားများကို လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်‌ပေးခဲ့‌သော်လည်း နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်မှု နည်းပါး‌နေ‌သေး သည့်အ‌ပေါ် နိုင်ငံ‌ရေးအကျဉ်းသားအကူအညီ‌ပေး‌ရေးအဖွဲ့အစည်းများက ‌ဝေဖန်‌တောင်းဆိုမှုများ ရှိခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်‌ပေးခဲ့သည့် အကြိမ်တိုင်းတွင် ရာဇဝတ်အကျဉ်းသား အများဆုံးပါဝင်ပြီး နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ ‌စောင့်‌ရှောက်‌ရေးအသင်း-AAPP ၏ ၂၀၁၄ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ ‌နောက်ဆုံး ‌ကောက်ယူထား‌သော စာရင်းများအရ လက်ရှိ အကျဉ်း‌ထောင်များအတွင်း နိုင်ငံ‌ရေးအရ အကျဉ်းကျခံ‌နေရသူ ၉၅ဦးရှိပြီး အမှုရင်ဆိုင်‌နေရသူ ၄၈၅ဦး ရှိ‌နေ‌သေး‌ကြောင်း သိရ သည်။