Home သတင်း ‌ရွေး‌ကောက်ပွဲဆိုင်ရာ အ‌ချေအတင်စကားဝိုင်းတခု ဖားအံ၌ ကျင်းပပြီးစီး

‌ရွေး‌ကောက်ပွဲဆိုင်ရာ အ‌ချေအတင်စကားဝိုင်းတခု ဖားအံ၌ ကျင်းပပြီးစီး

1828

စက်တင်ဘာ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

‌ရွေး‌ကောက်ပွဲအကြိုကာလ နိုင်ငံ‌ရေးပါတီများ မဲဆွယ်စည်းရုံး‌ရေးဆင်း‌နေချိန်တွင် “၂၀၁၅‌ရွေး‌ကောက်ပွဲနှင့် နိုင်ငံ ‌ရေးပါတီများ၏ ကတိကဝတ်״‌ခေါင်းစဉ်ပါ အ‌ချေအတင်စကားဝိုင်း(Debate)တစ်ခုကို ကရင်ပြည်နယ်၊ ဖားအံမြို့၌ ကရင်သတင်းဋ္ဌာန-KIC က ဦး‌ဆောင်၍ စက်တင်ဘာလ ၂၉ရက်‌နေ့မနက်က ကျင်းပပြီးစီးသွားခဲ့သည်။

၎င်းစကားဝိုင်းကို နိုင်ငံတကာမြန်မာ့သတင်း(BNI)၏ ကူညီမှု၊ USAID ၏ ပံ့ပိုးမှုတို့ဖြင့် ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဦး‌ဆောင်‌ဆွေး‌နွေးသူများအဖြစ် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှ လက်ရှိ ပြည်သူ့လွှတ်‌တော်အမတ်နန်း‌စေးအွာ၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၏ ပြည်နယ်အတွင်း‌ရေးမှူး ‌စောထားလုံ၊ လူထုအ‌ခြေပြု အရပ်ဖက်အဖွဲ့အ စည်းကိုယ်စားလှယ် မန်းသိန်း‌ဇော်နှင့် မဲဆန္ဒရှင်ပြည်သူတစ်ဦးဖြစ်သူ ‌စောချစ်သန်း(ကရင်‌တေး‌ရေးဆရာခီ‌သောင့်) တို့က အဓိက ပါဝင်‌ဆွေး‌နွေးခဲ့ကြသည်။

ဆရာ‌စောချစ်သန်းက “ဒီလိုပွဲမျိုးကို ‌ရွေး‌ကောက်ပွဲမ‌ရောက်ခင် ခနခန လုပ်‌ပေးခြင်းအားဖြင့် လူထု‌တွေအ‌နေနဲ့ လွှတ် ‌တော်အမတ်‌တွေရဲ့ လုပ်‌ဆောင်ချင်တဲ့ကဏ္ဍ‌တွေကို သိသွားမယ်။ ပြန်လည်ထုတ်လွှင့်ခြင်းအားဖြင့်လည်း လူထု‌တွေ က ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ အခွင့်အ‌ရေးပိုရလာမယ်။ ‌ဒေသပ‌ယောဂ‌ကြောင့် မဟုတ်ဘဲနဲ့ မိမိဆန္ဒအရ မဲထည့်သွား နိုင်မယ်״ဟု ၎င်း၏အမြင်ကို ‌ကေအိုင်စီသို့ ‌ပြောသည်။

မဲဆန္ဒရှင်ကိုယ်စား ပါဝင်‌ဆွေး‌နွေးခွင့်ရခဲ့သည့် ၎င်းအ‌နေဖြင့် အချိန်အကန့်အသတ်ဖြင့် ‌ဆွေး‌နွေးခဲ့ရမှု‌ကြောင့် အားရ ‌ကျေနပ်မှု မရှိခဲ့‌သော်လည်း လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများအား အတိုင်းအတာတစ်ခုအထိ အသိ‌ပေးနိုင်ခဲ့ သည်ဟု ဆက်‌ပြောသည်။
_DSC0534
ယခုပြုလုပ်ခဲ့သည့် ‌ကေအိုင်စီ စကားဝိုင်း(ဒီဘိတ်ပွဲ)သို့ ပါတီကိုယ်စားလှယ်‌လောင်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း မှ ကိုယ်စားလှယ်များ၊ ‌ဒေသခံရပ်မိရပ်ဖ၊ လူငယ်လူရွယ်များနှင့် စကားဝိုင်းမတိုင်ခင် စက်တင်ဘာ ၂၅-၂၆ရက်‌နေ့ များ၌ ဘီအဲန်အိုင်မှပြုလုပ်ခဲ့သည့် ‌ရွေး‌ကောက်ပွဲဆိုင်ရာ ဒီဘိတ်ပွဲ ဦး‌ဆောင်ကြီးကြပ်နိုင်မည့် သက်ဆိုင်ရာ တိုင်းရင်း သားမီဒီယာအဖွဲ့များမှ သင်တန်းသူသင်တန်းသားများ အပါအဝင် ပရိဿတ်‌ပေါင်း ၅ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

‌ကေအိုင်စီ စကားဝိုင်းပွဲ တက်‌ရောက်‌လေ့လာခဲ့သူ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ အတွင်း‌ရေးမှူး စဘီကျင်ဦးက “ဒီ အစီအစဉ်က တကယ်‌ကောင်းမွန်ပါတယ်။ ပြည်သူလူထု‌တွေ လိုချင်တဲ့ပုံစံမျိုး၊ လိုလားမှုပုံစံမျိုးကို သူတို့ကိုယ်စား လှယ်‌လောင်း‌တွေ ‌တော်‌တော်‌လေးသိသွားပါလိမ့်မယ်။ ‌နောက်ပြီး ကိုယ်စားလှယ်‌လောင်း‌တွေရဲ့ ဘယ်လိုကတိက ဝတ်‌တွေ ရှိလဲဆိုတာကိုလည်း ပြည်သူ‌တွေ သိရတာ‌ပေါ့״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မဲဆန္ဒရှင်ပြည်သူများအ‌နေဖြင့်လည်း ၎င်းတို့‌ရွေးချယ်မည့် ကိုယ်စာလှယ်‌လောင်းများအား ၎င်းတို့စိတ် ကြိုက်ဆန္ဒအတိုင်း ‌ရွေးချယ်ဆုံးဖြတ်သွားရန် အခွင့်အလမ်းများ ပို၍ရရှိသွားသည်ဟုလည်း စဘီကျင်ဦးက ဆက် ‌ပြောသည်။

အလားတူ စကားဝိုင်းမျိုးကို ဒီဘိတ်သင်တန်းတက်‌ရောက်ခဲ့ကြသူ တိုင်းရင်းသားမီဒီယာအဖွဲ့များမှ သင်တန်းသူ သင် တန်းသားများက ၎င်းတို့၏ သက်ဆိုင်ရာ ပြည်နယ်‌ဒေသများတွင် ‌ရွေး‌ကောက်ပွဲမတိုင်မီ ဆက်လက် ကျင်းပပြုလုပ် သွားကြမည်ဖြစ်ပြီး ‌ကေအိုင်စီအ‌နေဖြင့်လည်း လာမည့်‌အောက်တိုဘာလတွင် မြဝတီမြို့၌ ‌ရွေး‌ကောက်ပွဲနှင့် ပတ် သက်သည့် အခြား‌ခေါင်းစဉ်တစ်ခုဖြင့် ဆက်လက် လုပ်‌ဆောင်သွားရန်ရှိသည်။