Home သတင်း ‌မျောက်အုပ်ဝင်‌ရောက်ဖျက်ဆီးမှု‌ကြောင့် မြဝတီ‌ဒေသခံ ‌ပြောင်းခင်းပိုင်ရှင်များ အခက်ကြုံ‌နေရ

‌မျောက်အုပ်ဝင်‌ရောက်ဖျက်ဆီးမှု‌ကြောင့် မြဝတီ‌ဒေသခံ ‌ပြောင်းခင်းပိုင်ရှင်များ အခက်ကြုံ‌နေရ

1899

စက်တင်ဘာ ၉ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရ‌သေ့ဂူရွာတွင် စိုက်ပျိုးထား‌သော ‌ပြောင်းခင်းများအတွင်း ပြီးခဲ့သည့် ရက်အနည်းငယ် က ‌မျောက်များ ဝင်‌ရောက်ဖျက်ဆီးမှု‌ကြောင့် ‌ပြောင်းခင်းပိုင်ရှင် ‌ဒေသခံများမှာ အခက်ကြုံ‌နေရသည်ဟု ၎င်းတို့၏ ‌ပြောပြချက် အရ သိရှိရသည်။

ယင်းဖြစ်စဉ်အ‌ပေါ် ‌ပြောင်းခင်းပိုင်ရှင်တစ်ဦးဖြစ်သူ ‌စောချစ်ဦးက “ဒီ‌မျောက်‌တွေက မကြာမကြာ လာတယ်။ ကျ‌နော့် ‌ပြောင်းခင်း က အရင်စိုက်ထား‌တော့ အဖူး‌တွေ ရှိ‌နေပြီ။ ကျ‌နော့်အခင်းမှာ အပင်တစ်ရာ‌လောက် ပျက်စီးသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော ဆိုသည်။

‌ပြောင်းခင်းများကို ဝင်‌ရောက်ဖျက်ဆီးသည့် ‌မျောက်များမှာ အ‌ကောင်‌ရေအားဖြင့် ၃ဝ နှင့် ၄ဝကြားတွင်ရှိမည်ဟု ခန့်မှန်းရပြီး တာ့‌ခေါ်ကျိုး‌တောင်‌ပေါ်မှ ဆင်းလာကာ ‌တောင်‌အောက်တွင် စိုက်ပျိုးထား‌သော ‌ပြောင်းခင်းများကို ဝင်‌ရောက်ဖျက်ဆီးခြင်း ဖြစ် ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။ ပျက်စီးသွားသည့် ‌ပြောင်းခင်းများ၏ အနီးအနားတွင် အခြား‌သော ‌ပြောင်းခင်းများလည်း ရှိ‌နေသည့်အတွက် ‌မျောက်များ ထပ်မံ ဝင်‌ရောက်လာဦးမည်ကိုလည်း ‌ပြောင်းခင်းပိုင်ရှင်များက စိုးရိမ်‌နေကြသည်။

ရ‌သေ့ဂူရွာအုပ်ချုပ်‌ရေးမှူး ‌စောကပရိုဝါးက “ဒီဖြစ်စဉ်က နှစ်တိုင်းလိုလိုဖြစ်တယ်။ ‌ပြောင်းဖူး ဖူးချိန်ဆို သူတို့ ခနခနပဲ ဝင်တယ်။ မုဆိုး‌တွေ‌ရော ရွာကလူ‌တွေ‌ရော တခါတခါ လိုက်တယ်။ ဒီလိုလာမဖျက်ဖို့က‌တော့ ကျ‌နော်တို့အ‌နေနဲ့ ဘယ်လိုမှမလုပ်တတ်ဘူး” ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ရက်‌နေ့ကလည်း ယင်း‌ဒေသရှိ ‌တောင်ယာနှင့် ‌ပြောင်းခင်းများအတွင်း ‌တောဆင်ရိုင်းများ ဝင်‌ရောက်မှု ‌ကြောင့် ‌တောင်ယာနှင့် ‌ပြောင်းခင်းအချို့ ပျက်စီးမှုရှိခဲ့ပြီး အဆိုပါဆင်များမှာလည်း ရိုးရာယုံကြည်မှုအရ တနှစ်လျှင်တစ်ကြိမ် ‌တောင်‌အောက်သို့ ဆင်းလာ‌လေ့ရှိ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။