Home ကဗျာ ‌ကွေ့‌ကောက်လက်များ ဆန့်တန်းလိုက်ကြ

‌ကွေ့‌ကောက်လက်များ ဆန့်တန်းလိုက်ကြ

1968

(လကင်္ာဒီပ)

စက်တင်ဘာ ၂၄၊ ၂၀၁၅။

စပြီး စဉ်းစားမိကြပြီလား
ဆားမပါတဲ့ ဟင်းတစ်ခွက်လို
မချိုမြိန် ‌ပေါ့ပျက်တဲ့ အနာဂတ်ခရီး
ပြီးစလွယ် လုပ်ခဲ့သူ‌တွေ‌ကြောင့်
‌ဆောက်တည်ရာမဲ့စွာ ယိုင်နဲ့
အကွပ်မဲ့တဲ့ ကြမ်းလိုဖြစ်‌နေပြီ။

စပြီး ‌တွေး‌တောမိကြပြီလား
ဒုက္ခများနဲ့ ‌ဝေဆာလှိုင်ပွင့်
ကရင့်ဘဝဥယျာဉ်အ‌ကြောင်း
ဘက်‌ပေါင်းစုံချွတ်ယွင်း
အဆင်းနုံချာ ကမ္ဘာဘုံ‌ပျောက်
ပြာပုံ‌အောက်က ဘဝများ
မဟားဒရား မဟာဝါဒီများ
ဝါးမြိုလို့ကုန်‌လောက်ပြီ ညီ‌လေး။

စပြီး ‌ပြောဖြစ်မိကြပြီလား
လူသားအရင်းအမြစ်သတင်း
အလျဉ်း ကရင့်နိုင်ငံ‌ရေးအ‌ကြောင်း
ဗွက်‌မြောင်းနွံကြားထဲ
နဲနဲမှ မလှုပ်သာ‌သောအ‌ခြေမှာ
ငါတို့‌တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အ‌ရေး
‌တွေး‌တော ‌ပြော‌ပေးမဲ့သူလို‌နေပြီ။

စပြီး လုပ်‌နေမိကြပြီလား
ဇာတ်ကား ဇာတ်ညွှန်း ဇာတ်ဝင်
အပြင်အဆင် အ‌နေအထား
ဘာများကျန်‌သေးလို့လဲ
ပြည်ထဲ‌ရေးလည်း ကုန်သ‌လောက်ရှိ‌နေ
‌အေး‌လေ… စပြီးလုပ်လိုက်တာက
ဘာမှမလုပ်တာထက်စာရင်
ကရင်‌တွေ သိတတ်‌သေးတယ်လို့ မှတ်လိုက်မယ်။

တ‌နေ့‌နေ့ တချိန်ချိန် တ‌နေရာဆီ
ကြိုက်သည်ဖြစ်‌စေ မကြိုက်သည်ဖြစ်‌စေ
တို့‌တွေရဲ့ဘဝကို
မင်းတို့လို လူငယ်‌တွေလက်ထဲ
လွှဲထည့်‌ပေးရမှာပဲ‌လေ
အ‌ခြေအ‌နေ အချိန်အခါ
ရာသီဥတု အပူအ‌အေး
‌ဆွေး‌နွေးချင့်ချိန်တွက်ဆ
ဆရာထက်တပည့် လက်‌စောင်းထက်ဖို့
ငါတို့ ‌မျှော်လင့်တယ်‌လေ လူငယ်‌တွေကို‌ပေါ့။

အိပ်‌ရေးဝရင် နိုးထခဲ့ကြ‌လေ
အလုပ်‌တွေ လုပ်သင့်လုပ်စရာ‌တွေ
တို့‌ရေ ‌လေ ‌မြေ ‌အေးချမ်းတည်ငြိမ်‌ရေး
‌ကွေးထားလက်‌တွေ ဆန့်လိုက်ကြ
ဘယ်အရာ ဘယ်ဟာမဆို
သူ့အလိုလို ဖြစ်လာကြတာမဟုတ်မှန်း
မင့်ဉာဏ်လမ်းထဲ ဝင်လာသိပြီးတဲ့‌နောက်
တ‌ထောင့်တ‌နေရာ တာဝန်‌ကျေဖို့
ငါတို့ ကြိုဆိုကာ လက်ကမ်း‌နေကြမယ်
လာလမ်းရယ် ‌ဖြောင့်တန်းကြ‌စေသတည်း။