Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1904

ရိုးရှင်းသည့်မဲစာရင်းသာ ပွင့်လင်းမြင်သာပြီး လွတ်လပ်မျှတမှုရလဒ်ကို ‌ဆောင်ကြဉ်းနိုင်

ငြိမ်းချမ်း‌ရေးဖြစ်စဉ်၏ ကနဦးလုပ်ငန်းစဉ်ဖြစ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးမှာ တိကျ‌သေချာသည့် သ‌ဘောတူ လက် မှတ်‌ရေးထိုးမှု မရရှိ‌သေး‌သော်လည်း တိကျ‌သေချာသည့် လုပ်ငန်းစဉ်တစ်ခုမှာ နိုဝင်ဘာလ ၈ရက်‌နေ့တွင် ကျင်းပ‌တော့မည့် ၂၀၁၅ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲပင် ဖြစ်သည်။ မျက်‌မှောက်ကာလသည် ‌ရွေး‌ကောက်ပွဲအကြိုကာလဖြစ်သကဲ့သို့ တစ်နိုင်ငံ လုံးရှိ နိုင်ငံ‌ရေးပါတီ ၉၀‌ကျော်က မိမိတို့ပါတီ၊ မိမိတို့လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများ အနိုင်ရရှိ‌ရေးအတွက် သက်ဆိုင်ရာ ရပ်/‌ကျေး/မြို့နယ်များ၌ မဲဆွယ်စည်းရုံးမှုများ အသီးသီး ‌ဆောင်ရွက်‌နေကြသည့် ကာလလည်း ဖြစ်‌နေ‌ပေသည်။

အလားတူ လာမည့် နိုဝင်ဘာလ ၈ရက်‌နေ့တွင် ပြုလုပ်မည့် အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် အသဲကြားက မဲတစ်ပြားကို ဆန္ဒမဲ ‌ပေးသူများ၏ အ‌ခြေခံမဲစာရင်းများကိုလည်း ထုတ်ပြန်‌ကြေညာသည်မှာ ဒုတိယအကြိမ် ရှိ‌နေပြီးဖြစ်သည်။ သို့‌သော် မဲစာရင်း ‌ကြော်ငြာဆိုင်းပုဒ်များဖြင့် ကပ်ထားသည့် မဲစာရင်းများကို လာ‌ရောက်ကြည့်ရှုသူမှာ ‌ကျေးလက်‌ဒေသမဆိုထားနှင့် မြို့‌ပေါ်ရပ် ကွက်များ၌ပင်လျှင် အ‌ရေအတွက် နည်းပါး‌နေဆဲပင်ဖြစ်သည်။ တစ်ဖက်၌လည်း လူထုအ‌ခြေပြုအဖွဲ့များက လူထုအတွင်း လက် လှမ်းမီသမျှ ကွင်းဆင်းကြကာ မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူများကို ‌ရွေး‌ကောက်ပွဲဆိုင်ရာ အမြင်ဖွင့်သင်တန်းများ ပို့ချရှင်းလင်း ‌နေကြသည်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်(UEC)၏ အင်တာနက်စာမျက်နှာပါ ပြည်တွင်းမဲဆန္ဒရှင်များသတ်မှတ်ချက်အရ ‌ရွေး ‌ကောက်ပွဲ စတင်ကျင်းပသည့်‌နေ့တွင် အသက် (၁၈)နှစ်ပြည့်ပြီး သက်ဆိုင်ရာ လွှတ်‌တော်‌ရွေး‌ကောက်ပွဲဥပ‌ဒေပါ ပြဋ္ဌာန်းချက် များနှင့် မဆန့်ကျင်‌သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်‌သေခံလက်မှတ် ကိုင်‌ဆောင် ထားသူနှင့် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သည့် အမျိုးသား၊ အမျိုးသမီးမ‌ရွေး၊ ဘာသာမ‌ရွေး ‌ရွေး‌ကောက်ပွဲတွင် ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသည်ဟု ဆိုသည်။

၎င်း‌ကော်မရှင်အ‌နေဖြင့် အ‌ခြေခံမဲစာရင်းကို ဇူလိုင်လ ၁၄ရက်မှ ၂၁ရက်အထိ ‌ကြော်ငြာခဲ့စဉ်က အိမ်‌ထောင်စုစာရင်းအလိုက် မဲ‌ပေးခွင့်ရှိသည့် အသက် ၁၈နှစ်ပြည့်သူ မိသားစုဝင်အမည်များကို သွား‌ရောက်ရှာ‌ဖွေရ မခက်ခဲခဲ့‌သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွဲ‌ချော်မှားယွင်းမှု များစွာ ရှိ‌နေခဲ့သည်။ ထိုအ‌ခြေအ‌နေကို ပြန်လည်မွမ်းမံသည့်အ‌နေဖြင့် စက်တင်ဘာလ ၁၄ရက်မှ ၂၇ရက်‌နေ့အထိ ဒုတိယအကြိမ် မဲစာရင်းကို ထပ်မံ‌ကြေညာရာ မိသားစုအလိုက် မဟုတ်‌တော့ဘဲ အမည်ပါ ဗျဉ်း အက္ခရာအလိုက် ပုံစံ‌ပြောင်းထားရာ ယခင်တစ်‌ခေါက် မဲစာရင်းအမည် ပါဝင်သူများမှာ ယခုတစ်ကြိမ်တွင် ထပ်မံ၍ စာရင်း ‌ပျောက်‌နေ၊ ကွာဟ‌နေပြန်သည်။

ထိုကဲ့သို့ မဲစာရင်း မှားယွင်းမှု၊ ကွာဟမှု ထပ်မံ ဖြစ်‌ပေါ်‌နေသည်ကို ပြည်‌ထောင်စုအဆင့်မှ ‌အောက်‌ခြေ ‌ကျေးလက်‌ကျေးရွာများရှိ အဆင့်ဆင့်‌သော ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ဝင်များက မိမိတို့ အုပ်ချုပ်‌ရေးနယ်ပယ်အတွင်း ‌နေထိုင်လျှက်ရှိ‌သော တိုင်းရင်း သားပြည်သူလူထုများ သိရှိ‌အောင် အချိန်နှင့်တစ်‌ပြေးညီ မည်သို့ရှင်းလင်း‌ဆွေး‌နွေး ‌ဆောင်ရွက်သွားကြမည်နည်း။ လူတန်းစား အလွှာအသီးသီးမှ မဲဆန္ဒရှင်ပြည်သူများသည် စားဝတ်‌နေ‌ရေးအရ‌သော်လည်း‌ကောင်း၊ စစ်အစိုးရအဆက်ဆက် နိုင်ငံ‌ရေးအ‌ပေါ် လူထုစိတ်ဝင်စားမှုမရှိ‌အောင် ရိုက်ချိုးထားမှုများနှင့် နိုင်ငံ့အာဏာကို လွှမ်းမိုးထားမှုများမှာ မဲဆန္ဒရှင်များကို နိုင်ငံ့အ‌ရေးနှင့် ကင်း ‌ဝေး‌စေခဲ့သည်။

သို့‌သော် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က မဲစာရင်းတွင် ဆန္ဒမဲ‌ပေးခွင့်ရှိသူအချို့၏ အမည်များ အစုအ‌ဝေးလိုက် ကျန်ရစ် ခဲ့ပါက အနည်းဆုံး ခရိုင်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲက ထိုအမည်များကို ‌ရွေး‌ကောက်ပွဲမကျင်းပမီ (၇)ရက်ထက် ‌နောက်မ ကျ‌စေဘဲ ‌နောက်ဆက်တွဲ မဲစာရင်းတွင် ထည့်သွင်း‌စေရန် ခွင့်ပြုနိုင်သည်ဟု ‌ဖော်ပြထားသည်။ ထိုလုပ်ထုံးလုပ်နည်းကို ဆန္ဒမဲ ‌ပေးပိုင်ခွင့်ရှိသူများ စိတ်ဝင်စားကာ အချိန်မီ သိရှိနားလည် လိုက်နာလုပ်‌ဆောင်ရာတွင်လည်း အားနည်း‌နေဆဲပင်ရှိ‌နေ‌ပေရာ မကြာမီ ကျင်းပပြုလုပ်‌တော့မည့် ၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲမှာ လွတ်လပ်၍ တရားမျှတကာ ပွင့်လင်းမြင်သာ‌သော ရလဒ် ကို အမှန်တကယ် ‌ဆောင်ကြဉ်းလာနိုင်ပါမည်လားဟူ၍သာ UEC သို့ ‌မေးခွန်းထုတ်လိုက်ချင်ပါသည်။