Home သတင်း အစိုးရဝန်ထမ်းသင်ကြားမှု‌ကြောင့် အ‌ရှေ့‌ဒေါနနယ်ခံများ ‌ဒေသတွင်းပညာ‌ရေးအတွက် စိုးရိမ်‌နေ

အစိုးရဝန်ထမ်းသင်ကြားမှု‌ကြောင့် အ‌ရှေ့‌ဒေါနနယ်ခံများ ‌ဒေသတွင်းပညာ‌ရေးအတွက် စိုးရိမ်‌နေ

1415

စက်တင်ဘာ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ထိန်းချုပ်နယ်‌မြေ၊ ‌ဒေါနအ‌ရှေ့ဘက်ခြမ်းရှိ စာသင်‌ကျောင်းများတွင် အစိုးရ ပညာ‌ရေး ဝန်ထမ်းများ ဝင်‌ရောက်တာဝန်ထမ်း‌ဆောင်မှုများလာသဖြင့် သင်ကြားမှုနှင့် လူမှု‌ရေးဆိုင်ရာ အဆင်မ‌ပြေမှုများရှိလာကာ ‌ဒေသ တွင်းပညာ‌ရေးအတွက် စိုးရိမ်လာရသည်ဟု “‌သေ့‌ဘောဘိုး‌တော‌နော့ အထက်တန်း‌ကျောင်း”တွင် ယမန်‌နေ့က ပြုလုပ်သည့် ‌တွေ့ဆုံပွဲ၌ ‌ဒေသခံလူထုနှင့် ကရင်ပညာ‌ရေးဋ္ဌာန(KED)က ‌ပြောဆိုလိုက်သည်။

“ကျ‌နော်တို့ရွာမှာ မူလတန်း‌ကျောင်းရှိပါတယ်။ ဒီနှစ် ‌ကျောင်းအုပ်က အစိုးရကခန့်တဲ့ ‌ကျောင်းအုပ်ပါ။ သူက တစ်လဆိုရင် မြို့ကို တစ်‌ခေါက်၊ နှစ်‌ခေါက် ပုံမှန် ပြန်ဆင်း‌တော့ ကျ‌နော်တို့‌ကျောင်းအတွက် အဆင်မ‌ပြေမှု‌တွေ ဖြစ်လာရတယ်”ဟု ‌တွေ့ဆုံပွဲ တက်‌ရောက်သည့် ဝါ့မီထာ့‌ကျေးရွာ ‌ကျောင်း‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌စောဆန်းညွှန့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌ရှေ့‌ဒေါန‌ဒေသတွင် လက်ရှိ စာသင်‌ကျောင်း ၃၂‌ကျောင်းရှိပြီး အဆိုပါ‌ကျောင်းများတွင် ယခင်နှစ်များအတွင်း KED မှ ပြဋ္ဌာန်း ထားသည့် သင်ရိုးညွှန်းတမ်းဖြင့်သာ သင်ကြားခဲ့‌သော်လည်း ၂၀၁၂ခုနှစ်မှစ၍ အစိုးရ‌ကျောင်းပညာ‌ရေး ဝင်‌ရောက်လာကာ ယခု ဆိုလျှင် ‌ဝေါ်‌လေ၊ စုကလိ၊ လယ်‌ခေါ့၊ ဝါ့မီထာ့၊ သ‌ဝေါ‌သော စသည့် စာသင်‌ကျောင်းများတွင် အစိုးရဝန်ထမ်း ‌ကျောင်းဆရာ၊ ဆရာမများ ခန့်အပ်ကာ သင်ကြားလာခြင်းဖြစ်သည်။

‌ကော့ကရိတ်မြို့နယ် KED မှ ဦး‌ဆောင်ပြုလုပ်သည့် အဆိုပါပညာ‌ရေးဆိုင်ရာ ‌တွေ့ဆုံပွဲတွင် အ‌ရှေ့‌ဒေါနနယ်‌မြေမှ ‌ကျောင်းများရှိ ‌ကျောင်း‌ကော်မတီများ၊ ‌ကျောင်းဆရာ၊ ဆရာများနှင့် နယ်‌မြေခံ ‌ကေအဲန်ယူ အရပ်ဘက်တာဝန်ရှိသူများ၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ) တာဝန်ရှိသူများ စုစု‌ပေါင်း ၄ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

‌တွေ့ဆုံပွဲတွင် ကရင်‌ဒေသအတွင်း ‌ကျောင်းများ၌ ပညာ‌ရေးနှင့်ပတ်သက်၍ နဂိုမူလ အ‌ခြေအ‌နေ၊ အစိုးရပညာ‌ရေး ဝင်‌ရောက် လာပြီး‌နောက်ပိုင်းအ‌ခြေအ‌နေ၊ KED ၏ ပညာ‌ရေးဆိုင်ရာ မူဝါဒချပြခြင်းနှင့် အ‌ရှေ့‌ဒေါန‌ဒေသတွင် ပညာ‌ရေးကို မည်သို့ ‌ရှေ့ဆက် ‌ဆောင်ရွက်သင့်‌ကြောင်းများကို ‌ဆွေး‌နွေးခဲ့ကြပြီး ပညာ‌ရေးဖြင့် နယ်‌မြေစိုးမိုးမှုသဖွယ် ဖြစ်လာမည်ကို စိုးရိမ်ကြသည်။

‌ကော့ကရိတ်မြို့နယ် KED အတွင်း‌ရေးမှူး ‌စောလှ‌ဂေက “အခုလို အစိုးရ ‌ကျောင်းဆရာ‌တွေများလာတာ ကျ‌နော်တို့‌နေရာကို လာ ချဲ့သလို ဖြစ်‌နေသလား ‌တွေးစရာဖြစ်တယ်။ စာလာသင်တဲ့‌ကျောင်း‌တွေကိုလည်း သူတို့လူကိုပဲ ‌ကျောင်းအုပ်ခန့်တယ်။ ဒီအ‌ခြေ အ‌နေကို ‌ကေအဲန်ယူဋ္ဌာနချုပ်ကို ကျ‌နော်တို့တင်ပြဖို့ ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တွေ့ဆုံပွဲတွင် ပညာ‌ရေးအ‌ပေါ် ‌ကေအဲန်ယူ၏ ရပ်တည်ချက်များနှင့် လုပ်‌ဆောင်သွားရမည့်အရာများ ထုတ်ပြန်စာတစ်‌စောင်ကို လည်း ရှင်းလင်းခဲ့‌ကြောင်း၊ အပစ်ရပ်ကာလ၌ ကရင်‌ဒေသအတွင်း ပညာ‌ရေးကိစ္စအ‌ပေါ် အစိုးရနှင့် အစိုးရမဟုတ်‌သောအဖွဲ့ (NGO)တို့၏ ဝင်‌ရောက်စွက်ဖက်မှုများကိုလည်း ‌ဆွေး‌နွေးခဲ့ကြသည်ဟု ၎င်းက ဆက်‌ပြောသည်။

အ‌ရှေ့‌ဒေါန‌ဒေသရှိ စာသင်‌ကျောင်းများသည် ‌မောခီး၊ စုကလိနှင့် နို့ဖိုး စသည့်‌ကျေးရွာအုပ်စုများတွင် တည်ရှိပြီး ၎င်း‌ကျောင်းများ အနက် အချို့ကို အစိုးရနှင့် ‌ကေအဲန်ယူတို့အကြား အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ်မ‌ရေးထိုးသည့် ၂၀၁၂ခုနှစ်မှာပင် အစိုးရမှ ပြဋ္ဌာန်း‌သော ‌ကျောင်းပညာ‌ရေးသင်ရိုးညွှန်းတမ်း သင်ကြားလာသလို အစိုးရဝန်ထမ်း ‌ကျောင်းဆရာ၊ ဆရာမ ခန့်အပ်မှု လည်း များပြားလာခဲ့သည်။