Home သတင်း လယ်‌မြေအ‌ပေါ် ‌နေထိုင်ခွင့်ရရန် ‌ဒေသခံများ ပြည်နယ်ဝန်ကြီးချုပ်ထံ ‌တောင်းဆို

လယ်‌မြေအ‌ပေါ် ‌နေထိုင်ခွင့်ရရန် ‌ဒေသခံများ ပြည်နယ်ဝန်ကြီးချုပ်ထံ ‌တောင်းဆို

1549

စက်တင်ဘာ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ခ‌လောက်နို့‌ကျေးရွာအုပ်စု အုန်းတပင်ရွာရှိ ဖားအံ-မြဝတီ အ‌ဝေး‌ပြေး လမ်းမ‌ဘေး လယ်‌မြေများ အ‌ပေါ် အ‌ဆောက်အဦး ‌ဆောက်လုပ်‌နေထိုင်ခွင့်ရှိသည့် ဥယျာဉ်ခြံ‌မြေအဖြစ် ဂရံ‌ပြောင်း‌ပေးရန် လယ်ပိုင်ရှင်များက ပြည်နယ်ဝန် ကြီးချုပ်ထံ ယမန်‌နေ့က စာ‌ရေးသား‌တောင်းဆိုထားသည်ဟု ‌ဒေသခံတစ်ဦးဖြစ်သူ နန်း‌ရွှေရည်က ‌ကေအိုင်စီသို ့‌ပြောသည်။

အဆိုပါကားလမ်းမ‌ဘေးရှိ လယ်‌မြေများ‌ပေါ်တွင် ‌ဒေသခံများ ‌နေအိမ်‌ဆောက်လုပ် ‌နေထိုင်ခြင်းများရှိသည့်အ‌ပေါ် မြို့နယ်လယ် ယာ‌မြေ စီမံခန့်ခွဲမှု‌ကော်မတီက ‌ဒေသခံ ၁၂ဦးကို တရားစွဲဆိုမှု ဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ လူ‌နေထိုင်ခွင့်ရှိသည့် ‌မြေဂရံ ထုတ်‌ပေးရန် ‌ဒေသခံများက ‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ကျမတို ့အခု ဝန်ကြီးချုပ်ဆီ စာတင်လိုက်ပြီး။ ဒီလိုတရားစွဲမှု‌တွေဖြစ်လာမှာကို အရင်က ဘယ်သိမလဲ။ လယ်‌မြေအ‌ပေါ် အိမ် ‌ဆောက်လို့ မရဘူးဆိုတာ ဘယ်သိမလဲ။ သူများ‌တွေလည်း ‌ဆောက်တယ်ဆို‌တော့ ကိုယ်လည်း ပိုင်တဲ့ ‌မြေ‌ပေါ်မှာ အိမ်‌ဆောက် တာ‌ပေါ့။ ပြန်ဖျက်ပြီး အခြား‌နေရာမှာ ‌ဆောက်ဖို့လည်း ကျမတို့ဘန်‌ကောက်မှာ အလုပ်သွားလုပ်၊ ပိုက်ဆံစု‌ဆောက်ထားတာ။ ဒီ အိမ်ဖျက်ဖို့ ကျမတို့လည်း ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး”ဟု နန်း‌ရွှေရည်က ယမန်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ဖားအံမြို့နယ်၊ ခ‌လောက်နို့‌ကျေးရွာ ကားလမ်းမ‌ဘေးတွင် အ‌ဆောက်အဦးများ ‌ဆောက်လုပ်ထားသူ ‌မြေပိုင်ရှင် ၁၂ဦးကို မြို့နယ်လယ်ယာ စီမံခန့်ခွဲ‌ရေး‌ကော်မတီမှ ပြီးခဲ့သည့် ဇွန်လတွင် တရားစွဲဆိုထားသည့်အတွက် အလားတူမျိုး မဖြစ်‌အောင်ကျန် သည့် ‌ဒေသခံအချို့ကို သတိ‌ပေးပြီး ဥယျာဉ်ခြံ အိမ်‌မြေ‌ပြောင်းခွင့်ရရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အခုလို စာတင်ခိုင်းခြင်း ဖြစ်သည်ဟု အုန်းတပင်‌ကျေးရွာ လယ်ယာ‌မြေ စီမံခန့်ခွဲမှုအဖွဲ့ဝင် ‌စောဝင်းကြည်က ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် တရားစွဲခံထားရသူများက အသနားခံစာတင်သည့်အတွက် တရားစွဲဆိုမှုကို ရုပ်သိမ်း‌ပေးမည်ဖြစ်‌သော်လည်း ထို တရားစွဲခံရသူများအ‌နေဖြင့် အ‌ဆောက်အဦးများ ပြန်ဖျက်ပြီးမှသာ လယ်ယာ‌မြေမှ လူ‌နေထိုင်ခွင့်ရှိသည့် ဥယျာဉ်ခြံ‌မြေ‌ပြောင်းရန် ဂရံ‌ပြောင်း‌လျှောက်ထားရမည်ဟု အုန်းတပင်‌ကျေးရွာ၊ လယ်ယာ‌မြေစီမံခန့်ခွဲမှု ‌ကော်မတီမှ သိရသည်။

“ကျ‌နော်က တရားစွဲခံရသူ‌တွေထဲမှာပါတယ်ဆို‌တော့ သူများလို ‌လျှောက်လို့မရဘူး၊ ဒီဆိုင်‌တွေကိုဖြိုလိုက်ပြီးမှ ပြန်‌လျှောက်လို့ရ တယ်လို့ ‌ပြောတယ်။ တရားစွဲခံရတုန်းက လယ်ယာ‌ပေါ် တိုက်အိမ်‌တွေ‌ဆောက်တဲ့သူ‌တွေကျ တရားမစွဲဘူး၊ ဆိုင်‌ဆောက်တဲ့လူ၊ တိုင်စိုက်တဲ့လူ‌တွေ၊ ‌နောက်ပြီး ‌မြေဖို့ထားတဲ့လူ‌တွေကို‌တော့ စွဲတယ်။ အဲဒါကို နားမလည်ဘူး။ ရုံးချိန်း ၄ကြိမ်သွားရတယ်။ တကြိမ်သွားဖို့ကျန်‌သေးတယ်”ဟု ‌စော‌ကျော်မွီက ‌ပြောသည်။

လက်ရှိ လယ်ယာ‌မြေ ဥပ‌ဒေများပြဌာန်းထားခြင်းရှိ‌သော်လည်း ထိုသို ့ လယ်‌မြေများအ‌ပေါ် အ‌ဆောက်အဦး ‌ဆောက်လုပ်‌နေ ထိုင်ခွင့် ရှိမရှိကို ‌ဒေသခံအများစု ရှင်းရှင်းလင်းလင်း သိရှိခြင်းမရှိ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။