Home ထိပ်တန်းသတင်း လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် NCA ဆိုုင်ရာ လူထု‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ဆစ်ဒနီမြို့တွင်ကျင်းပခဲ့

လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် NCA ဆိုုင်ရာ လူထု‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ဆစ်ဒနီမြို့တွင်ကျင်းပခဲ့

1278

စက်တင်ဘာ ၇ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စော‌ကျော်ခွီး

ဩစ‌တြေးလျား ကရင်အဖွဲ့အစည်း AKO မှ စီစဉ်ပြီး စက်တင်ဘာ ၅ ရက်‌နေ့က ကျင်းပသည့် လူထု‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် လက်ရှိဖြစ်‌ပေါ်‌နေ‌သော ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်းနှင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲဆိုင်ရာ အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးခဲ့ကြသည်။

အဆိုပါလူထုအမြင်‌ဆွေး‌နွေးပွဲကို ဩစ‌တြေးလျားနိုင်ငံ နယူး‌ဆော့သ်‌ဝေးပြည်နယ်၊ ဆစ်ဒနီမြို့ ကာရာမာရပ်ကွက်ရှိ STARTTS Conference Roomတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲ ‌ရေးကာလ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် သ‌ဘောထားများနှင့်ပတ်သက်၍ AKO ‌နေရှင်နယ် ဥက္ကဌ ‌စောလွင်ဦးက အဖွင့်အမှာစကားတွင် ယခုလို‌ပြောကြားသည်။

“ဗမာအစိုးရဟာ ငြိမ်းချမ်း‌ရေး အမှန်တကယ်လိုချင်လျင် ‌မြေပြင်၊ ‌ဝေဟင်ထိုးစစ်‌တွေ ချက်ချင်းရပ်ပြီး တိုင်းရင်းသားအဖွဲ့အားလုံးနဲ့ တ‌ပြေးညီအပစ်အခတ်ရပ်စဲ‌ရေး ‌ဆောင်ရွက်သင့်တယ်။ ‌ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်း‌ရေးဖြစ်ဖို့အတွက် သ‌ဘောထား ‌စေတနာ မှန်မှန်ကန်ကန်ထားပြီး တိုင်းရင်းသား အဖွဲ့အစည်းအားလုံးနဲ့ ညှိနှိုင်း‌ဆောင်ရွက်ဖို့လိုတယ်။”ဟု ‌ပြောသည်။

‌ဆွေး‌နွေးပွဲကို ကရင်အမျိုးသမီးအစည်းအရုံး (KWO)နှင့် Oxfam Australia အဖွဲ့၏ ဖိတ်ကြားမှုဖြင့် ‌ရောက်ရှိလာသည့် ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြု ကရင်အရပ်ဖက် လူမှုအဖွဲ့အစည်းများကွန်ယက် (KPSN) ကိုယ်စားလှယ် ‌စော‌ပေါလ်စိန် ထွားတို့ တက်‌ရောက်ခဲ့သလို JACDB ကိုယ်စားလှယ်များ၊ မွန်အမျိုးသားများ၊ ‌ရေဒီယို မြန်မာဩစ‌တြေးလျားနှင့် စိတ်ပါဝင် စား‌သော ‌ရွေ့‌ပြောင်းကရင်မိသားစုဝင်များ စုစု‌ပေါင်း လူဦး‌ရေ(၈၀)‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟုသိရသည်။

ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြု ကရင်အရပ်ဖက် လူမှုအဖွဲ့အစည်းများကွန်ယက် (KPSN)ဒါရိုက်တာ ‌စော‌ပေါလ်စိန်ထွားမှ မြန်မာအစိုးရအား ငြိမ်းချမ်း‌ရေး‌ဆောင်ရွက်နိုင်ရန် နိုင်ငံတကာမှ ‌ထောက်ပံ့‌နေသည့် အ‌ခြေအ‌နေများ၊ မြန်မာအစိုးရမှ NCA ကို အလျင်စလို ပြုလုပ်‌နေသည့် အ‌ခြေအ‌နေများနှင့် ပတ်သက်ပြီး ၎င်းတို့ ‌လေ့လာ‌တွေ့ရှိချက်များကို ‌ဆွေး‌နွေးပွဲတွင် ချပြ ရှင်းလင်းခဲ့သည်။

KWO ဥက္ကဌ နန်းဒါးအယ်ကလယ်က “NCA လက်မှတ်ထိုးခြင်း၊ မထိုးခြင်း‌ကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်ဟာ ဒုက္ခသည် ပြန်ပို့‌ရေးဆီ ဦးတည်လာတဲ့အပြင် ရိက္ခာ‌ပေး‌ဝေ‌ရေး‌တွေဟာလည်း ‌လျော့နည်းလာတဲ့အတွက် ဒုက္ခသည်များဟာ အကြပ် အတည်း‌ပေါင်းများစွာကို စိုးရိမ်ထိတ်လန့် ရင်ဆိုင်ကြုံ‌တွေ့‌နေရတယ်။”ဟု ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်လာသူများက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ် ထိုးရာတွင် အဖွဲ့အားလုံးပါဝင်‌ရေးမူကို ‌ထောက်ခံပြီး အပစ်ရပ်ကာလအတွင်း အစိုးရစစ်တပ်မှ စစ်စခန်းတိုးချဲ့ခြင်းအပြင် ‌ဆွေး‌နွေးပွဲကာလအတွင်း အကြီးစား စီမံကိန်းများကို တိုင်းရင်းသား ‌ဒေသများတွင် မပြုလုပ်ရန်၊ အ‌သေးစားစီမံကိန်းများကို လည်း ‌ဒေသခံလူထုများ၏ သ‌ဘောတူခွင့်ပြုချက်ဖြင့် လုပ်‌ဆောင်ရန် သ‌ဘောထားရှိကြသည်။

အခမ်းအနားတက်‌ရောက်လာသူ ‌စော‌စေးလ်ဘတ်က “တကယ်လို့ NCAလက်မှတ်ထိုးဖြစ်ရင် ပြီးရင် လက်နက်စွန့်ရမယ် ဆိုတာကြီးက သူတို့ပဲ အသာစီးလိုချင်တာကိုပြ‌နေတယ်။ အဲဒါ လုံခြုံ‌ရေးဆိုင်ရာ ‌ပေါင်းစည်းမှု မဟုတ်ဘူး။ ဘယ်တိုင်းရင်း သားမှ လူမျိုးတစ်မျိုး၊ အုပ်စုတစ်စုရဲ့ လူပါးဝခြင်းကို ခံချင်‌နေကြမှာ မဟုတ်ဘူး။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

AKO သည် ပြည်ပ‌ရောက် လူထုအား လက်ရှိဖြစ်‌ပေါ်‌နေ‌သော နိုင်ငံအ‌ခြေအ‌နေနှင့် အ‌ခြေခံလူထု၏ လတ်တ‌လော ရင်ဆိုင် ကြုံ‌တွေ့‌နေကြရ‌သော အခက်အခဲများကိုချပြပြီး မျက်‌ခြေမပြတ် ‌လေ့လာသုံးသပ် ဆင်ခြင်နိုင်ရန်နှင့် အ‌ထောက်အကူပြုနိုင် ရန် ရည်ရွယ်ပြီး လူထု‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများကို အခါအား‌လျော်စွာ ကျင်းပ‌လေ့ရှိသည်။