Home သတင်း မဲ‌ဆောက်-မြဝတီ နှစ်ဖက်နယ်စပ် ‌ရေ‌ဘေးသင့်နိုင်ဟု မဲ‌ဆောက် ထိုင်းသစ်‌တောဌာနမှ အရာရှိတစ်ဦး သတိ‌ပေး

မဲ‌ဆောက်-မြဝတီ နှစ်ဖက်နယ်စပ် ‌ရေ‌ဘေးသင့်နိုင်ဟု မဲ‌ဆောက် ထိုင်းသစ်‌တောဌာနမှ အရာရှိတစ်ဦး သတိ‌ပေး

1691

စက်တင်ဘာ ၁၈ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်း မုန်တိုင်းဝင်‌ရောက်ပြီး ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ယမန်‌နေ့မှစတင်၍ မိုးအဆက်မပြတ် ရွာသွန်း‌သော‌ကြောင့် နှစ်ဖက်နယ်စပ်ဖြစ်သည့် မဲ‌ဆောက်- မြဝတီတို့တွင် ‌ရေ‌ဘေး သင့်နိုင်သည့် အ‌နေအထားများ ဖြစ်‌ပေါ်နိုင်သည်ဟု မဲ‌ဆောက်အ‌ခြေစိုက် ထိုင်းသစ်‌တောဌာနမှ အရာရှိ တစ်ဦးဖြစ်သည့် နိုင်နို့ဖဒွန်းက ယ‌နေ့ သတိ‌ပေး‌ပြောဆိုလိုက်သည်။

နိုင်နို့ဖဒွန်းက “ဇလ‌ဗေဒဌာနသတင်း‌တွေအရ မုန်တိုင်းက ‌နောက်သုံးရက်‌လောက်ရှိအုံးမယ်ဆို‌တော့ မိုးက ဆက်ရွာမဲ့အ‌နေအထား‌တွေရှိတယ်။ ဒါ‌ကြောင့် နယ်ခြား‌သောင်ရင်းမြဝ်အနားမှာ‌နေထိုင်သူ‌တွေ အ‌နေနဲ့က‌တော့ သတိဝိရိယနဲ့‌နေတာက အ‌ကောင်းဆုံးဖြစ်မယ်”ဟု ‌ပြောသည်။

ယမန်‌နေ့မှစ၍ တာ့ခ်ခရိုင်အတွင်းမှာ မိုးအဆက်မပြတ်ရွာသည့်အတွက် မဲ‌ဆောက်မြို ့နယ်အတွင်းရှိ ဆည်‌ရေများ ‌ဖောက်ချရပြီး ‌တောင်ကျ‌ရေများပါ စီးဆင်းလာကာ ယခုမဲ‌ဆောက်မြို့ အနိမ့်ပိ်ုင်းများတွင် ‌ရေဝင်‌ရောက်လျှက်ရှိ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

နယ်ခြား‌သောင်ရင်းမြင်ဖျားခံရာ ‌ဝေါ်‌လေ‌ချောင်း နှင့် မဂင်္လာ‌ချောင်းအတွင်း ‌တောင်ကျ‌ရေများ‌ကြောင့် ‌ရေလျှံ‌နေပြီး ‌သောင်ရင်းမြစ်အတွင်း ‌ရေစီးဝင်လာကာ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းပါက ‌သောင်းရင်းဖြစ်‌ရေတိုးပြီး မဲ‌ဆောက်-မြဝတီဘက်တွင် လွန်ခဲ့သည့် ၂ နှစ်ကကဲ့သို့ ‌ရေ‌ဘေးသင့်နိုင်သည်ဟုလည်း အဆိုပါ သစ်‌တောအရာရှိက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ခံတစ်ဦးဖြစ်သူ ဦးမွန်ကြီးက “မဲ‌ဆောက်တဖက်ခြမ်း မြဝတီမြို ့ အနိမ့်ပိုင်းမှာ ‌နေထိုင်ကြတဲ့ မြို့ခံ‌တွေ ထိုင်းဘက်က‌နေ ပြိုဆင်းလာမယ့် ‌တောင်ကျ‌ရေ‌ကြောင့် နယ်ခြား‌သောင်းရင်းမြစ်‌ရေ ရုတ်တရက် တိုးပြီး ‌ရေ‌ဘေးသင့်ဒဏ်ခံရမှာကို အထူးစိုးရိမ်‌နေကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထို့အပြင် မဲ‌ဆောက်နှင့်ဆက်စပ်မြို့ဖြစ်သည့် ဖို့ဖတ်မြို့နယ်မှ ထိုင်း‌တောင်သူတစ်ဦးဖြစ်သူ နိုင်ဝိချစ်က လည်း ယခုလို မိုးသည်းထန်စွာ ရွာသွန်း‌သော‌ကြောင့် ‌တောင်ကျ‌ရေများပြိုဆင်းလာသဖြင့် ၎င်းစိုက်ပျိုးထားသည် ‌ကောက်ပဲသီးနှီးအချို့ပျက်စီးဆုံးရှုံးရ‌ကြောင်း ‌ပြောဆိုသည်။

မဲ‌ဆောက်မြို့အတွင်း ‌ရေစီးဝင်လာသည်နှင့်အမျှ မြို့‌နေရာအချို ့တွင် ‌ဈေးဆိုင်အတွင်းအထိ ‌ရေများဝင်‌ရောက်လာသဖြင့် ‌ဈေးဆိုင်အချို့ကို ယ‌နေ့ အ‌ရေး‌ပေါ် ပိတ်သိမ်းရလျှက်ရှိသည်။

‌ရေ‌ဘေးအန္တာရာယ် ဖြစ်လာမည်ကို ကြိုကာကွယ်သည့်အ‌နေဖြင့် မဲ‌ဆောက်မြို့နယ် အုပ်ချုပ်‌ရေး အဖွဲ့နှင့် မဲ‌ဆောက် မြူနီစပါယ်အဖွဲ့များက အ‌ရေး‌ပေါ် ကယ်ဆယ်‌ရေးလုပ်သားများ အသက်ကယ် ‌လှေများ လူနာတင်ယာဉ်များကို တပ်လှန့်ထားပြီး အ‌ခြေအ‌နေများကို အဆက်မပြတ်‌စောင့်ကြည့် ‌နေသည်ဟု ကယ်ဆယ်‌ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း ထိုင်းဘက်ခြမ်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှု‌ကြောင့် နယ်ခြား‌သောင်ရင်းမြစ်‌ရေ မြှင့်တက်ကာ နှစ်ဖက်နယ်စပ်တွင် အ‌မေရိကန်‌ဒေါ်လာ သန်းနှင့်ချီ၍ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး လူ‌သေဆုံးမှုများလည်း ဖြစ်ပွားခဲ့သည်။