Home ထိပ်တန်းသတင်း ဒီ‌ကေဘီ‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောလားပွယ် ပဲခူးတိုင်းတွင် လမ်း‌ဖောက်လုပ်

ဒီ‌ကေဘီ‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောလားပွယ် ပဲခူးတိုင်းတွင် လမ်း‌ဖောက်လုပ်

1407

စက်တင်ဘာ ၂ဝ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

အများပြည်သူများ အသုံးပြုနိုင်‌ရေးအတွက် ရည်ရွယ်၍ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (ဒီ‌ကေဘီ‌အေ) စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး‌စောလားပွယ်နှင့် ၎င်း၏ ဇနီး‌နော်‌ဖေါဝါးသည် ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးမြို့ ‌အောင်‌မြေသာ ရပ်ကွက် (၁)လမ်းတွင် အရှည် ‌ပေ ၁,၆၀ဝရှိ ကွန်ကရစ်လမ်းပိုင်းကို ‌ဖောက်လုပ်လှူဒါန်းကာ စက်တင်ဘာလ ၂ဝရက်‌နေ့ (ယ‌နေ့)နံနက်၌ ဖွင့်လှစ်ခဲ့သည်။

အရှည်‌ပေ ၁,၆၀၀၊ အကျယ် ၁၀‌ပေ၊ ထု ၆လက်မရှိသည့် အဆိုပါလမ်းပိုင်းကို ဒီ‌ကေဘီ‌အေအဖွဲ့က ကျပ်‌ငွေ ၂၁၃သိန်း အကုန် အကျခံကာ တည်‌ဆောက်‌ပေးခဲ့ခြင်းဖြစ်ပြီး လမ်းဖွင့်ပွဲတွင် စစ်ဦးစီးချုပ်ကိုယ်စား ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စောမို‌ရှေးက အမှာ စကား ‌ပြောကြားခဲ့သည်။

ဗိုလ်ချုပ်‌စောမို‌ရှေးက “အများပြည်သူများ ‌ကောင်းမွန်စွာ အသုံးပြုနိုင်‌ရေးအတွက် ဒီလမ်းကို ကွန်ကရစ်လမ်းအဖြစ် ‌ဖော်‌ဆောင် ‌ပေးဘို့ ကျ‌နော်တို့‌ခေါင်း‌ဆောင်ကြီးက စီစဉ်‌ဆောင်ရွက်ခဲ့တာ ဖြစ်တယ်”ဟု ‌ပြောဆိုသည်။

လမ်းဖွင့်ပွဲတွင် ကျန်းမာ‌ရေးအ‌ခြေအ‌နေအရ စကား‌ပြောဆိုနိုင်ခြင်းမရှိသည့် ဗိုလ်ချုပ်ကြီး‌စောလားပွယ်သည် ‌ဆေးဝါးကုသမှု ခံယူ‌နေချိန်ကာလအတွင်း ပဲခူးမြို့တွင် အချိန်အတိုင်းအတာတခုအဖြစ် တည်းခို‌နေထိုင်စဉ် ‌အောင်‌မြေသာရပ်ကွက် (၁)လမ်းကို ‌ကျေးဇူးပြုသည့်အ‌နေဖြင့် လမ်းခင်း‌ပေးခဲ့ခြင်း ဖြစ်သည်ဟု လမ်းဖွင့်ပွဲတက်‌ရောက်ခဲ့သည့် (ဒီ‌ကေဘီ‌အေ)တပ်မှူးတဦးက ‌ပြောဆို သည်။

အဆိုပါလမ်းကို ဩဂုတ်လ ၁၃ရက်‌နေ့က စတင်တည်‌ဆောက်ပြီး တစ်လခန့်ကြာပြီး‌နောက် ယခုကဲ့သို့ လမ်းဖွင့်ပွဲတွင် ပြုလုပ်ခဲ့ ပြီး လူ ၁၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။ အလားတူ ဗိုလ်ချုပ်ကြီး‌စောလားပွယ်အ‌နေဖြင့် ‌အောင်‌မြေသာ ရပ်ကွက်(၂)တွင်လည်း အလားတူ လမ်းသစ် ‌ဖောက်လုပ်လှူဒါန်းရန်ရှိ‌ကြောင်းလည်း သိရသည်။

လည်‌ချောင်း‌ဝေဒနာကို သုံးနှစ်နီးပါး ခံစား‌နေရသည့်အတွက် ဗိုလ်ချုပ်ကြီး‌စောလားပွယ်သည် ပဲခူးနှင့် ရန်ကုန်တို့၌ အ‌ခြေပြု ကာ စကင်္ာပူနိုင်ငံသို့ ‌ဆေးဝါးကုသမှု သွား‌ရောက်ခံယူ‌နေရပြီး ယခုအခါ ကျန်းမာ‌ရေး အ‌ခြေအ‌နေ တိုးတက်‌ကောင်းမွန်လာပြီး ဖြစ်‌ကြောင်း ၎င်းအား ကျန်းမာ‌ရေးဆိုင်ရာ ‌စောင့်‌ရှောက်‌ပေးသူတစ်ဦးက ‌ပြောဆိုသည်။

လက်ရှိ အ‌ခြေအ‌နေအရ ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ဦး‌ဆောင်သည့် (ဒီ‌ကေဘီ‌အေ)သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ် (NCA) ကို လက်မှတ်‌ရေးထိုးရန် အသင့်ဖြစ်‌နေသည့် လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ် သည်ဟုလည်း ဆုံဆည်းမြိုင်ဌာနချုပ်တွင် အ‌ခြေစိုက်သည့် အမည်မ‌ဖော်လိုသည့် တပ်မှူးကြီးတဦးက ‌ကေအိုင်စီသို့ ယ‌နေ့ အတည်ပြု ‌ပြောဆိုခဲ့သည်။