Home သတင်း ထိုင်းစိုက်ပျိုး‌ရေးထုတ်ကုန်ပြပွဲ မြဝတီမြို့တွင် ပြုလုပ်မည်

ထိုင်းစိုက်ပျိုး‌ရေးထုတ်ကုန်ပြပွဲ မြဝတီမြို့တွင် ပြုလုပ်မည်

1337

စက်တင်ဘာ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံထုတ် စိုက်ပျိုး‌ရေးထွက်ကုန်များကို မြန်မာနိုင်ငံတွင် ‌ဈေးကွက်တိုးမြှင့်နိုင်ရန်အတွက် မြဝတီမြို့ရှိ‌သောင်ရင်းခန်းအတွင် စက်တင်ဘာလ ၂၂ရက်မှ ၂၃ရက်‌နေ့အထိ စိုက်ပျိုး‌ရေး ထုတ်ကုန်ပြပွဲနှင့် ‌ဈေး‌ရောင်းပွဲကို နှစ်ရက်ကြာကျင်းပမည်ဖြစ်သည်။

ထိုင်းစိုက်ပျိုး‌ရေးထွက်ကုန်ပြပွဲ ကျင်းပရခြင်းမှာ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်‌ရေး တိုးမြှင့်နိုင်‌ရေးအတွက် ဖြစ်သည်ဟု ယ‌နေ့နံနက်က မဲ‌ဆောက်မြို့‌တော်ခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တာ့ခ်ခရိုင်ဝန် နိုင်ဆုံချိုင်း ဟပ်တိယတန်တိက တက်‌ရောကင်လာကြသည့် မြန်မာနှင့်ထိုင်းသတင်း‌ထောက်များကို ‌ပြောဆိုခဲ့သည်။

တာ့ခ်ခရိုင်ဝန် နိုင်ဆုံချိုင်း ဟပ်တိယတန်တိက “ထိုင်းနဲ့မြန်မာနယ်စပ်မှာ စိုက်ပျိုး‌ရေးထွက်ကုန်‌တွေကို နယ်စပ်ကုန်သွယ်‌ရေးက ‌နေတဆင့် အပြန်လှန်တိုးမြှင့်နိုင်‌ရေးအတွက် ဒီပွဲကို ပြုလုပ်ရတာဖြစ်တယ်။ ဒီပြပွဲမျိုးကို ဒီလ ၂၅ရက်‌နေ့က‌နေစပြီး မဲ‌ဆောက် ဘက်မှာလည်း ပြုလုပ်သွားဖို့ ရှိပါတယ်”ဟု ‌ပြောကြားခဲ့သည်။

မြဝတီတွင် ပြုလုပ်မည့် ထိုင်းစိုက်ပျိုး‌ရေးထုတ်ကုန်ပြပွဲတွင် မြန်မာနိုင်ငံတွင် ‌ဈေးကွက်အခိုင်အမာ ရရှိထားသည့် သစ်သီးဝလံ များ အပါအဝင် ‌ကောက်ပဲသီးနှံများနှင့် သီးနှံများ၏ အရည်အ‌သွေးများကိုလည်း ပြသသွားမည်ဖြစ်သည်ဟု ပြပွဲစီစဉ်သူတဦးက ဆိုသည်။

မြန်မာဘက်သို့ ထိုင်းဒူးရင်းသီး တင်ပို့‌နေသည့် နိုင်က‌ယောက်က “မဲ‌ဆောက်- မြဝတီလမ်း‌ကြောက‌နေတဆင့် ထိုင်းဒူးရင်းသီး၊ ကြက်‌မောက်သီး၊ လိ‌မ္မော်သီး၊ မာလကာသီး၊ တရုတ်ဇီးသီး အပါအဝင် သစ်သီးစုံအမယ် ၂၀‌ကျော်‌လောက်ကို ‌မော်လမြိုင်၊ ရန် ကုန်၊ မန္တ‌လေး၊ ‌နေပြည်‌တော်နဲ့ မြန်မာနိုင်ငံ အတွင်းပိုင်း‌တွေကို တင်ပို့‌နေရတာ တလကို တန်ချိန် ‌သောင်းဂဏန်းအထက်မှာ ရှိပါတယ်။ ‌ဈေးကွက်ပိုမိုရရှိဖို့ မြဝတီကပွဲကို လာပြဖို့ စီစဉ်ရတာဖြစ်တယ်”ဟု ‌ပြောဆိုသည်။

ထိုင်းနှင့် မြန်မာနိုင်ငံသည် မဲ‌ဆောက်-မြဝတီနယ်စပ်ကုန်သွယ်‌ရေးလမ်း‌ကြောမှ စိုက်ပျိုး‌ရေးသီးနှံများကို အပြန်အလှန် တင်ပို့ကြ ရာတွင် ထိုင်း‌တောင်သူများက မြန်မာဘက်သို့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အဓိကတင်ပို့ကြပြီး မြန်မာဘက်က ထိုင်း ဘက်သို့ လယ်ယာထွက်ကုန်များကို အဓိက တင်ပို့ကြခြင်းဖြစ်သည်။

ယခု ပြုလုပ်သွားမည့် ကုန်စည်ပြပွဲအ‌ပေါ် ရန်ကုန် မဂင်္လာ‌ဈေးမှ သစ်သီးကုန်သည် ဦးတရုတ်က “ထိုင်းဘက်က သစ်သီး‌တွေကို အရည်အ‌သွေးမြှင့်ထားတာကို လာကြည့်ဖို့ ဖိတ်ထားတယ်။ အခု မြဝတီကို ‌ရောက်‌နေပါတယ်။ ဘာပဲဖြစ်ဖြစ် ထိုင်းသစ်သီးဝလံ ‌တွေက မြန်မာနိုင်ငံမှာ ‌ဈေးကွက်ရှိပြီးသားပါ”ဟု ဆိုသည်။

ထိုင်းနှင့် မြန်မာနယ်စပ်ကုန်သွယ်‌ရေးပမာဏမှာ ၂၀၁၅ခုနှစ်တွင် ၆ဝဘီလီယံရှိပြီး ၂၀၁၆ ခုနှစ်တွင် ၁၂ဝဘီလီယံအထိ ရရှိရန် လျာထားသည်ဟု မကြာမီက မဲ‌ဆောက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယ‌မြောက် ချစ်ကြည်‌ရေးတံတားအုတ်မြစ်ချပွဲကို တက်‌ရောက် လာသည့် မြန်မာနိုင်ငံ ဒုတိယသမ္မတတစ်ဦးဖြစ်သူ ဦးဉာဏ်ထွန်းက ‌ပြောဆိုခဲ့သည်။

နယ်စပ်ကုန်သွယ်‌ရေးလုပ်ငန်းများမှတဆင့် မြန်မာနိုင်ငံသည် ထိုင်းဘက်သို့ သဘာဝဓာတ်‌ငွေ့ လယ်ယာထွက်ကုန်၊ ‌ရေထွက် ကုန်၊ သစ်‌တောထွက်ကုန်နှင့် စက်မှုချည်ထည်မျိုးစုံတို့ကို အဓိက တင်ပို့လျှက်ရှိသည်။ ထိုင်းဘက်ကလည်း မြန်မာဘက်သို့ စား‌သောက်ကုန်နှင့် အဝတ်အထည်များ လယ်ယာသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ‌ဆောက်လုပ်‌ရေးသုံးပစ္စည်းများ လျှပ် စစ်ပစ္စည်းများ၊ စာ‌ရေးကိရိယာပစ္စည်းများ၊ ‌မော်‌တော်ယာဉ်ပစ္စည်းများနှင့် ရင်းနှီးမြုပ်နှံမှုပစ္စည်းများ စသည်တို့ကို အဓိက တင်ပို့ လျှက်ရှိသည်။

မဲ‌ဆောက်မြို့ရှိ မြို့‌တော်ခန်းမတွင် စက်တင်ဘာ ၂၅-၂၆-၂၇ရက်‌နေ့များ၌လည်း ထိုင်းနိုင်ငံထုတ်ကုန်များဆိုင်ရာ ကုန်စည်ပြပွဲကြီး တခု ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အကြီးစားအ‌သေးစား စက်မှုလုပ်ငန်းရှင်များနှင့် လက်မှုလုပ်ငန်းရှင်များက မြန်မာထုတ် ကုန်များကို လာ‌ရောက်ပြသ ‌ရောင်းချကြမည်ဖြစ်သည်ဟု သိရသည်။