Home တွေ့ဆုံမေးမြန်းခန်း ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦး‌ကျော်ဝင်း‌မောင်နှင့် ‌ကေအိုင်စီ ‌တွေ့ဆုံ‌မေးမြန်းခြင်း

ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦး‌ကျော်ဝင်း‌မောင်နှင့် ‌ကေအိုင်စီ ‌တွေ့ဆုံ‌မေးမြန်းခြင်း

1607
“ပြည်သူ‌တွေအ‌နေနဲ့ မိမိတို့ရဲ့ မဲတစ်ပြား တန်ဖိုးသိပြီး‌တော့မှ မဲ‌ပေးပိုင်ခွင့်ရ‌အောင် ‌ဆောင်ရွက်ရမယ်”

– ဆရာပြည်နယ် ‌ကော်မရှင်မှာ ယူထားတဲ့တာဝန်နဲ့ ‌ကော်မရှင်မူဝါဒါ‌တွေကို ပထမဦးဆုံး ရှင်းပြ‌ပေးပါ။
အဘအမည်က‌တော့ ဦး‌ကျော်ဝင်း‌မောင်လို့‌ခေါ်ပါတယ်။ တာဝန်က‌တော့ ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလုပ်‌ဆောင်‌နေပါတယ်။ လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတရမယ်၊ ပွင့်လင်း မြင်သာမှု ရှိရမယ်၊ အများပြည်သူလက်ခံတဲ့ ‌ရွေး‌ကောက်ပွဲဖြစ်ဖို့ ကျ‌နော်တို့ မူဝါဒ ချမှတ်ထားပါတယ်။

– အခု ကရင်ပြည်နယ်‌ကော်မရှင်အဖွဲ့ခွဲရဲ့ အခန်းကဏ္ဍကို အကျဉ်းချုပ် ရှင်းပြ‌ပေးပါ။
ကျ‌နော်တို့ ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲက အများယုံကြည်‌လေးစားခြင်းခံရတဲ့ ပုဂ္ဂိုလ် ၆ဦးနဲ့ ဌာန ဆိုင်ရာ ၉ခုက ကိုယ်စားလှယ်‌တွေ အပါအဝင် စုစု‌ပေါင်း ၁၅ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲရဲ့ လုပ်ပိုင်ခွင့်နဲ့တာဝန်‌တွေက‌တော့ အကျဉ်းချုပ်‌ပြောရမယ်ဆိုရင် လွတ်လပ်၊ မျှတတဲ့ ‌ရွေး‌ကောက်ပွဲ ကျင်းပ‌ပေးဖို့ ‌ရွေး‌ကောက်ပွဲ ‌တွေကို ကြီးကြပ်‌ပေးဖို့ နိုင်ငံ‌ရေးပါတီ‌တွေကိုလည်း ဥပ‌ဒေနဲ့အညီ ကြီးကြပ်‌ပေးဖို့ ဆိုတဲ့လုပ်ငန်းတာဝန်‌တွေကို ‌ဆောင်ရွက်‌ပေး သွားမှာဖြစ်တယ်။

– ပြည်နယ် အ‌ခြေခံမဲ‌ပေးသူစာရင်း ‌ဖော်ပြပြီးတဲ့‌နောက်မှာ ပြည်သူ‌တွေ ဘယ်လို တုန့်ပြန်မှု‌တွေရှိပါသလဲ။ ‌နောက်‌တော့ ဘာ‌တွေ ကြိုတင်ပြင်ဆင်မှု‌တွေ ရှိလာမလဲ။
ပြည်နယ်အ‌ခြေခံ မဲစာရင်းကို ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၇မြို့နယ်လုံးမှာ ‌ကြေညာ‌ပေးခဲ့ပါတယ်။ ‌ကြေညာ ‌ပေးတဲ့အခါမှာ အချို့မြို့နယ်‌တွေမှာ‌တော့ နည်းနည်း‌လေး လာ‌ရောက်ကြည့်ရှုသူ နည်းပါးပါတယ်။ အဲလို‌တော့ ‌တွေ့ရတယ်။ ‌နောက်ပိုင်း အဲဒီစာရင်း‌တွေကို ပြင်ဆင်တာတို့ ဖြည့်စွက်တာတို့လုပ်ရပါတယ်။ မဲစာရင်းအမှားအယွင်း မရှိ‌အောင်လို့ ပြန်လည် ပြင်ဆင်နိုင်ဖို့ အချိန်‌တွေကို ထပ်‌ပေးထားပါတယ်။ အချို့‌နေရာ‌တွေလည်း လာပြင်ဆင်တာတို့ရှိတယ်။ ‌နောက်ပြီး မဲစာရင်းလာ ‌ရောက်ကြည့်ရှုဖို့ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က နိုး‌ဆော်‌ပေးတာရှိသလို ကရင်ပြည်နယ်မှာရှိတဲ့ လူမှုအဖွဲ့အစည်း ၂ဝကလည်း လိုက်လံပြီး‌တော့ သူတို့မြို့နယ်အလိုက် တတ်စွမ်းသ၍ နိုး‌ဆော်‌ပေးတာလည်း ရှိတယ်။ ‌နောက် မဲစာရင်းလာ‌ရောက်ကြည့်ရှုဖို့အ တွက် ဆိုင်ရာ ကရင်၊ မွန်နဲ့ ပအိုဝ်းတိုင်းရင်းသား ဘာသာစကား‌တွေနဲ့ ပြန်ဆိုပြီး လူထု‌တွေကို ဖြန့်‌ဝေ‌ပေးခဲ့ပါတယ်။

– အ‌ခြေခံမဲစာရင်း ‌ကြေညာစဉ်က အရပ်ဘက်လူမှုအဖွဲ့အစည်း‌တွေ‌ရော အားလုံးက‌ပေါ့ ‌ပြောကြတယ် လူထုက စိတ်ဝင်စားမှု နည်းပြီး မဲစာရင်းလာကြည့်တာ နည်းတယ်။ အဲဒီအ‌ပေါ်လာ ‌ကော်မရှင်အ‌နေနဲ့ ဘယ်လိုဆက်လုပ်‌ဆောင်ဖို့ ရှိပါသလဲ။
အခုလို စိတ်ဝင်စားမှု အားနည်းတယ်ဆိုတာက‌တော့ ကျ‌နော်တို့နိုင်ငံက ‌ရွေး‌ကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့ အ‌တွေ့အ ကြုံ နည်း‌သေးတယ်။ အခု ‌နောက်ပိုင်းလူ‌တွေက ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ‌လောက်ပဲ ‌တွေ့ကြုံရတယ်။ ‌နောက်ပြီး‌တော့ ၂၀၁၂ ကြား ဖြတ် ‌ရွေး‌ကောက်ပွဲမှာလည်း ကရင်ပြည်နယ်မှာ ‌နေရာလပ်မရှိလို့ မလုပ်ခဲ့ရဘူး။ ဒီ‌တော့ ‌ရွေး‌ကောက်ပွဲနဲ့ဆိုင်တဲ့ အ‌တွေ့အကြုံ နည်းရခြင်းဖြစ်တယ်။ ‌နောက်တခုက ဒီမိုက‌ရေစီကျင့်သုံးတာက နစ်ပိုင်းပဲရှိ‌သေးတယ်။ ဒီမိုက‌ရေစီရဲ့ အနှစ်သာရ ဒီမိုက‌ရေစီရဲ့ တာဝန် စတာ‌တွေကို ပြည်သူ‌တွေက ကျယ်ကျယ်ပြန့်ပြန့် မသိ‌သေးတဲ့အတွက် မဲဆန္ဒရှင်စာရင်း မိမိပါမပါနဲ ့ မိမိမဲ‌ပေးပိုင်ခွင့်က ဘယ်‌လောက် အ‌ရေးကြီးတယ်ဆိုတာကို မသိ‌သေးလို့ ဒီလို လာ‌ရောက်ကြည့်ရှုခြင်း နည်းရတယ်လို့ အဘအ‌နေနဲ့ ယူဆပါ တယ်။
ဒါနဲ့ပတ်သက်လို့လည်း ‌နောင်လာမယ့် အနာဂတ်ကာလမှာ ပြည်သူ‌တွေအ‌နေနဲ့ မိမိတို့ရဲ့ မဲတစ်ပြားတန်ဖိုးကို သိပြီး ‌တော့မှ မဲ‌ပေးပိုင်ခွင့်ရ‌အောင် ‌ဆောင်ရွက်ရမယ် ဆိုတဲ့အသိကို အခု ‌ကော်မရှင်အဖွဲ့ခွဲက ‌ဆောင်ရွက်‌ပေး‌နေတာ‌တွေ ရှိပါတယ်။ အခြားလူမှုအဖွဲ့အစည်းများက ‌ဆောင်ရွက်‌ပေး‌နေတာလည်း ရှိပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း‌တွေကလည်း ကူညီ‌ပေးပြီး ‌တော့မှ မဲဆန္ဒရှင် ပညာ‌ပေးခြင်း လုပ်‌ပေး‌နေတာလည်း ရှိပါတယ်။ လာမယ့် ကာလအတွင်းမှာလည်း ပြည်နယ်ထဲလာ‌ရောက်ပြီး လုပ်ဖို့ရှိပါတယ်။

– လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ သမ္မတကိုယ်တိုင်က လွတ်လပ်ပြီးတရားမျှတတဲ့ ‌ရွေး‌ကောက်ပွဲဖြစ်ရမယ်လို့ ‌ပြောထားတယ်။ ‌ကော်မရှင်အ‌နေနဲ့ အဲ့ဒီအ‌ပေါ်မှာ ဘယ်လိုသ‌ဘောထားရှိသလဲ၊ လွတ်လပ်ပြီး တရားမျှတ‌အောင် ဘယ်လိုပြင်ဆင်မှုမျိုး ပြုလုပ်ထား ပါသလဲ။
သမ္မတကြီး‌ပြောတဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ‌ရွေး‌ကောက်ပွဲဖြစ်ဖို့ကို တို့‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် အ‌နေနဲ့ မိမိဘက်က တာဝန်‌တွေကို ‌ကျေပြွန်‌အောင် ‌ဆောင်ရွက်နိုင်ရန်ဖို့ ‌ကော်မရှင်အဆင့်ဆင့် တိုင်းနဲ့ပြည်နယ်‌တွေမှာ ဖွဲ့စည်း တယ်။ ‌နောက် ခရိုင်၊ မြို့နယ်၊ ‌ကျေးရွာအဆင့်ထိအဆင့်ဆင့် ဖွဲ့စည်း‌ပေးထားတယ်။ ဒါက‌တော့ ဖွဲ့စည်းမှုအပိုင်းပါ။ ‌ရွေး‌ကောက် ပွဲ‌ကော်မရှင်အဖွဲ့‌တွေကို ဒီ‌ရွေး‌ကောက်ပွဲနဲ့ ပတ်သက်တဲ့ လိုက်နာကျင့်သုံးရမယ့် ဥပ‌ဒေ‌တွေလည်းရှိတယ်။ အဲဒီမှာ ‌ရွေး‌ကောက် ပွဲ‌ကော်မရှင်အဖွဲ့ွခွဲအ‌နေနဲ့ သိရှိလိုက်နာရမှာက နိုင်ငံ‌ရေးပါတီများဆိုင်ရာ မှတ်ပုံတင်ခြင်းဥပ‌ဒေ၊ လွှတ်‌တော်အရပ်ရပ်ထဲ ‌ရွေး ‌ကောက်ပွဲ ဥပ‌ဒေဆိုတာရှိတယ်။ လွှတ်‌တော်အရပ်ရပ်ဆိုတာက ပြည်သူ့လွှတ်‌တော်၊ အမျိုးသားလွှတ်‌တော်၊ တိုင်း‌ဒေသကြီးနဲ့ ပြည်နယ်လွှတ်‌တော်တို့ ဖြစ်တယ်။ ဒီလွှတ်‌တော်သုံးရပ်က ဥပ‌ဒေ‌တွေနဲ့ နည်းဥပ‌ဒေဆိုတာ ရှိတယ်။ ဒီဥပ‌ဒေ‌တွေကို ပြန်လည်ပြီး အ‌သေးစိတ် လိုက်နာနိုင်ဖို့အတွက် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ နည်းဥပ‌ဒေကို ပြန်လည်ထုတ်‌ပေးရပါတယ်။ အဲဒီ နည်းဥပ‌ဒေ‌တွေကိုလည်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဆင့်ဆင့်က လိုက်နာရပါတယ်။
ဒါနဲ့ပတ်သက်လို့ ဥပ‌ဒေအဆင့်ဆင့်ကို လိုက်နာ‌ဆောင်ရွက်နိုင်ဖို့အတွက် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲအသီးသီးက အဖွဲ့ဝင်‌တွေကို ပညာ‌ပေးလုပ်ငန်း‌တွေ၊ ‌နောက် သူတို့‌ဆောင်ရွက်ရမဲ့လုပ်ငန်း လမ်းညွန်ဆိုပြီး‌တော့ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ထုတ်‌ပေးထားတာ‌တွေ ရှိပါတယ်။ ရပ်‌ကျေးအဆင့်ထိ လုပ်ငန်းလမ်းညွန်‌တွေလည်း ထုတ်‌ပေးထားပါတယ်။ ‌နောက် အမိန့်၊ ညွန်ကြားချက်‌တွေ အခါအား‌လျော်စွာ ထုတ်ပြန်‌ပေးတာလည်းရှိတယ်။ ‌နောက်‌အောက်‌ခြေဝန်ထမ်း‌တွေကိုလည်း ပညာ‌ပေးတဲ့ လုပ်ငန်း‌တွေ ချမှတ်လုပ်‌ပေးတာ‌တွေလည်းရှိတယ်။
လွတ်လပ်၊ တရားမျှတတဲ့ ‌ရွေး‌ကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ကြီးကြပ်နိုင်ဖို့ ဒီလို‌ဆောင်ရွက် ပညာ‌ပေးမှု‌တွေ ရှိပါ တယ်။ ‌ရှေ့ဆက်ပြီး‌တော့ မဲရုံ‌တွေ ဖွင့်‌ပေးရ‌တော့မှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင်လည်း မဲရုံမှာ တာဝန်ထမ်း‌ဆောင်မဲ့ မဲရုံးမှူး၊ မဲရုံဝန်ထမ်း‌တွေကို ပညာ‌ပေးလုပ်ငန်း ဆက်လက် ‌ဆောင်ရွက်‌ပေးဖို့ ရှိပါတယ်။ ‌နောက်တစ်ခုကျန်တာက‌တော့ အ‌ခြေခံမဲစာရင်း ကို ‌အောက်‌ခြေအဆင့်ဆင့်ရှိတဲ့ ရပ်‌ကျေး အိမ်‌ထောင်စုစာရင်းနဲ့ လူဦး‌ရေစာရင်း၊ ‌နောက် လဝက စာရင်းနဲ့ ပြန်လည်စစ်‌ဆေးပြီး လုပ်‌ဆောင်‌ပေးပါတယ်။ ပြည်သူ‌တွေ မဲ‌ပေးနိုင်ခွင့် အားလုံးရရှိဖို့ အတတ်နိုင်ဆုံး လုပ်‌ဆောင်‌ပေး‌နေပါတယ်။

– လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ ပြည်သူလူထုရဲ့ မဲ‌ပေးနိုင်မှုအ‌ခြေအ‌နေ‌တွေ‌ပေါ့‌နော်။ အားနည်းချက် အားသာချက်‌တွေ ဘာ ‌တွေ ရှိလာနိုင်မလဲ။
‌ရွေး‌ကောက်ပွဲမှာက မဲ‌ပေးတဲ့အလုပ်က‌တော့ ပြည်သူ‌တွေရဲ့အလုပ်ပဲဖြစ်တယ်။ ပြည်သူ‌တွေက‌တော့ အစက အဘ ‌ပြောခဲ့သလို‌ပေါ့။ ဒီမိုက‌ရေစီစနစ်မှာ မိမိနိုင်ငံကို ‌ကောင်း‌အောင် ‌ခေါင်း‌ဆောင်‌ကောင်းပြုနိုင်မယ့် လူ‌တော်လူ‌ကောင်း ‌ခေါင်း ‌ဆောင်‌ကောင်း‌တွေကို ‌ရွေးချယ်‌ပေးနိုင်ဖို့ဖြစ်တယ်။ အဲလို ‌ရွေးချယ်‌ပေးနိုင်ဖို့က‌တော့ အ‌တွေ့အကြုံလိုဦးမယ်လို့‌တော့ အဘက မြင်ပါတယ်။

– ပြည်နယ်ထဲမှာ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတုံးက ပိတ်ခံရတဲ့ မဲဆန္ဒနယ်‌တွေ ရှိခဲ့တယ်။ ပြီး‌တော့ လုံခြုံ‌ရေးအရ ပိတ်ထားတဲ့ မဲဆန္ဒနယ် ‌တွေလည်း ရှိတယ်။ အဲဒီနယ်‌မြေ‌တွေမှာ လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ ဘယ်လို အ‌ခြေအ‌နေမျိုးဖြစ်လာနိုင်မလဲ။
၂၀၁ဝတုန်းက‌တော့ ကရင်ပြည်နယ်အတွင်းမှာ ‌ရွေး‌ကောက်ပွဲမကျင်းပနိုင်တဲ့ ‌ကျေးရွာ‌တွေ ‌တော်‌တော်များများ ရှိခဲ့ပါ တယ်။ အခု လာမယ့် ၂၀၁၅ကျရင်‌တော့ ယခင်ထက်ဆိုရင် အများကြီးတိုးပြီး‌တော့မှ ကျင်းပ‌ပေးနိုင်တဲ့ အ‌ခြေအ‌နေ‌တွေ ရှိ‌နေပါ တယ်။ အရင်က မကျင်းပနိုင်ခဲ့တာလည်း လုံခြုံ‌ရေးအ‌ခြေအ‌နေအရ‌ပေါ့‌လေ။ လွတ်လပ်ပြီး‌တော့ တရားမျှတမှု မဖြစ်နိုင်တဲ့အ တွက် မကျင်းပ‌ပေးခြင်းဖြစ်တယ်။ အခုကျ‌တော့ အရင်ထက်စာရင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေကလည်း တိုးတက်‌ပြောင်းလဲလာတာ နဲ့အမျှ တကယ်မလုပ်နိုင်တဲ့ နယ်‌မြေ‌တွေမှာ အခု တိုးချဲ့ပြီး‌တော့ လုပ်လာနိုင်ခဲ့ပါတယ်။ ဒါက‌တော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း‌တွေနဲ့ နိုင်ငံ‌တော်အစိုးရရဲ့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးတဲ့ အချိန်အခါ ဖြစ်‌နေပါတယ်။

– ကြိုတင်မဲ‌ပေးမှု ကိစ္စနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် အ‌နေအထားအရ ပြင်ဆင်ထားတာကို ရှင်းပြ‌ပေးပါ။
ကြိုတင်မဲကိစ္စက‌တော့ မဲဆန္ဒနယ်အတွင်းမှာရှိတဲ့ ကြိုတင်မဲ၊ မဲဆန္ဒနယ်ပြင်ပမှ ‌ရောက်ရှိ‌နေကြသူ‌တွေရဲ့ ကြိုတင်မဲဆို တာ ၂မျိုးရှိတယ်။ အဲဒီမှာ မဲဆန္ဒနယ်ပြင်ပ‌ရောက် ကြိုတင်မဲက‌တော့ အဲဒီမှာလည်း ၂မျိုး ပြန်ပြီးခွဲတာ‌သေးတယ်။ မဲဆန္ဒနယ် ပြင်ပဆိုတာက မြန်မာနိုင်ငံမှ အခြားနိုင်ငံရပ်ခြားမှာ အစိုးရခွင့်ပြုချက်နဲ့ သွားပြီးအလုပ်လုပ်ကိုင်‌နေကြသူ‌တွေကို တရားဝင် ကြို တင်မဲ ‌ပေးကြရမှာ ဖြစ်တယ်။ ‌နောက်တစ်ခုက‌တော့ ပြည်တွင်းမှာပဲရှိတယ်။ သို့‌သော်လည်း မိမိတို့ရဲ့မဲဆန္ဒနယ်‌မြေမှာ မရှိဘူး။ အခြားမဲဆန္ဒနယ်‌မြေမှာ သွား‌ရောက်တယ်။ သူတို့က ‌ရောက်ရှိရာ‌နေရာမှာပဲ မဲ‌ပေးချင်တယ်ဆိုရင်လည်း သူတို့‌ပေးလို့ရတယ်။
ဒါမှမဟုတ် မိမိမဲဆန္ဒနယ်မှာပဲ ပြန်လာပြီး မဲ‌ပေးချင်ရင်လည်း မဲ‌ပေးဖို့ ပြန်‌လျှောက်ထားပြီး ‌ပေးလို့ရတယ်။ ‌နောက်တစ်ပိုင်းက ‌တော့ တို့ပြည်နယ်ကဆိုရင် အစိုးရရဲ့ ခွင့်ပြုချက်မဟုတ်ပဲနဲ့ နိုင်ငံပြင်ပမှာ သွား‌ရောက် အလုပ်လုပ်‌နေသူ‌တွေက‌တော့ ကြိုတင်မဲ အဖြစ်နဲ့‌တော့ သူတို့က ရမှာ မဟုတ်ဘူး။ ကိုယ့်တိုင်းပြည်၊ မိမိပြည်နယ်ကို ပြန်လာပြီး‌တော့မှ ပြန်လာတဲ့ရက်သည် မဲ‌ပေးတဲ့ရက် မဟုတ်‌တောင်မှ ‌ရွေး‌ကောက်ပွဲ မကျင်းပခင် ၂ရက်မှာ သွား‌ရောက်ကြိုတင်မဲ‌ပေးလို့ ရတယ်။

– ဒီ‌ရွေး‌ကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး‌တော့ ပြည်နယ်‌ကော်မရှင်အ‌နေနဲ့ ဘာ‌တွေများ ‌နောက်ထပ် ဖြည့်စွက် ‌ပြောကြားဦးမလဲ။
‌ရွေး‌ကောက်ပွဲဆိုတာက‌တော့ ကိုယ့်တိုင်းပြည်အတွက် ‌ခေါင်း‌ဆောင်‌ကောင်း‌တွေကို ‌ရွေးချယ်‌ပေးရမဲ့ပွဲဖြစ်ပါတယ်။ အဲ ဒီ‌တော့ ကိုယ့်တိုင်းပြည်အတွက် တကယ်ဖွံ့ဖြိုးတိုးတက်‌ကောင်းမွန်‌အောင် ‌ဆောင်ရွက်‌ပေးနိုင်မဲ့ ပုဂ္ဂိုလ်‌တွေကို လူမှန်‌နေရာမှန်၊ လူ‌တော်လူ‌ကောင်း‌တွေကို ‌ရွေးနိုင်ဖို့ဆိုတာက‌တော့ ပြည်သူအားလုံးရဲ့တာဝန်ဖြစ်ပါတယ်။ အဲဒါ‌ကြောင့်မို့လို့ ‌ရွေး‌ကောက်ပွဲမှာ ပါဝင်ကြမဲ့ နိုင်ငံ‌ရေးပါတီ‌တွေ၊ ‌ရွေးချယ်‌ပေးမဲ့ ပြည်သူ‌တွေ‌ရော၊ ‌ရွေး‌ကောက်ပွဲကို ကျင်းပ‌ပေးတဲ့ ‌ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို အားလုံးဟာ ကိုယ့်တာဝန်ကို ကိုယ်‌ကျေပွန်‌အောင် ‌ဆောင်ရွက်ကြဖို့ လိုပါတယ်လို့ အဘက ‌ပြောလိုပါတယ်။