Home သတင်း မိုးသည်းထန်သည့်အတွက် မဲ‌ဆောက်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းအချို့ အ‌ရေး‌ပေါ် ပိတ်လိုက်ရ

မိုးသည်းထန်သည့်အတွက် မဲ‌ဆောက်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းအချို့ အ‌ရေး‌ပေါ် ပိတ်လိုက်ရ

1749

စက်တင်ဘာ ၁၈ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ယမန်‌နေ့ညက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့‌သော‌ကြောင့် ‌ရေပတ်လည် ဝိုင်းခဲ့ရသည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၅‌ကျောင်းနှင့် ထိုင်းစာသင်‌ကျောင်း ၁‌ကျောင်းကို အ‌ရေး‌ပေါ် ပိတ်လိုက်ရ‌ကြောင်း သိရ သည်။

မဲ‌ဆောက်အ‌ခြေစိုက် ဆာသူး‌လေအထက်တန်း‌ကျောင်း၊ SAW အလယ်တန်း‌ကျောင်းများ အပါအဝင် မြန်မာ‌ရွှေ့‌ပြောင်း စာသင် ‌ကျောင်း ၅‌ကျောင်းနှင့် မဲ‌ဆောက်‌ဆေးရုံကြီးအနီးရှိ ထိုင်းမူလတန်းကြို‌ကျောင်းတို့ကို အ‌ရေး‌ပေါ် ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ‌ကျောင်းတာဝန်ရှိသူများက ‌ပြောသည်။

ဆာသူး‌လေအထက်တန်း‌ကျောင်း၏ ‌ကျောင်းအုပ်ကြီး‌နော်ဆာအယ်က “က‌လေး‌တွေအတွက် အန္တရာယ်ရှိတဲ့အတွက် ‌ကျောင်း ‌တွေ ပိတ်လိုက်ရတာပါ။ အခု ပိတ်လိုက်ရတဲ့‌ကျောင်း‌တွေက အနိမ့်ပိုင်းမှာဖြစ်တဲ့အတွက် ‌ရေတင်လို့ပိတ်ရတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မဲ‌ဆောက်မြို့အပြင်ဘက်ရှိ ‌ရေ‌လှောင်တမံမှ ‌ဖောက်ချထားသည့်‌ရေများနှင့် မိုး‌ရေများ ‌ကျောင်းအတွင်း ဝင်‌ရောက်ခဲ့‌သော‌ကြောင့် ‌ကျောင်းပတ်ဝန်းကျင်အတွင်း စိုက်ပျိုးသားသည့် စိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ‌ကျောင်းတာဝန်ရှိသူများက ဆို သည်။ ပိတ်လိုက်ရသည့်‌ကျောင်းများသည် မဲ‌ဆောက်မြို့‌ရေ‌လှောင်တမံ၏ ‌ရေ‌ဖောက်ချရာ တူး‌မြောင်းများအနီးတွင် တည်ရှိသည့် ‌ကျောင်းများဖြစ်သည်။

“လက်ရှိ အ‌နေအထားအရ အခုလို ‌ကျောင်း‌တွေကို ပိတ်‌ပေးတာ က‌လေး‌တွေအတွက် ‌ဘေးအကင်းဆုံး အစီအစဉ် ဖြစ်ပါတယ်” ဟု ‌ရွှေ့‌ပြောင်း‌ကျောင်းမှ ‌ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးကုလားကြီးက ဆိုသည်။

ထို့အပြင် မဲ‌ဆောက်မြို့‌ဈေးအတွင်းနှင့် ‌မြေနိမ့်ရာ ရပ်ကွက်များ၌လည်း ‌ရေများဝင်‌ရောက်လာ‌နေဆဲဖြစ်‌ကြောင်း ကိုယ်တိုင်မြင် ‌တွေ့ခဲ့သူတစ်ဦးက ဆိုသည်။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မဲ‌ဆောက်နှင့် ဆက်စပ် ၃မြို့နယ်တွင် မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း ၇ဝ ‌ကျော်ရှိပြီး မြန်မာက‌လေးငယ် ၂‌သောင်းခန့် ပညာသင်ကြား‌နေသည်ဟု မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး ‌ကော်မတီ၏ စာရင်းများ၌ ‌ဖော်ပြထားသည်။

ထိုင်း မိုး‌လေဝသနှင့် ဇလ‌ဗေဒဌာန၏ ခန့်မှန်းတိုင်းထွာချက်များအရ မဲ‌ဆောက် အပါအဝင် တာ့ခ်ခရိုင်အတွင်း မိုးများ ဆက် လက် ရွာသွန်းရန်ရှိ‌သေး‌ကြောင်း သတင်းထုတ်ပြန်ထားသည်။